LG Q6

in #lg6 years ago

LG Q6 "

LG Q6 ဟာ LG ရဲ့လူကြိုက်များတဲ့ LG G6 ကို အနည်းငယ်အဆင့်နိမ့်ပြီး ထုတ်လုပ်ထားတဲ့ budget phone တစ်လုံးဖြစ်တာမို့ LG G6 mini လို့တောင် ခေါ်ကြပါတယ်။ ၎င်းဖုန်း 2 လုံးက အရှေ့ဘက်ဒီဇိုင်းပုံစံက အနည်းငယ်ဆင်တူပြီး နောက်ကျောမှာ ပုံစံကတော့ နည်းနည်းလေးကွဲပြားပါတယ်။ LG Q6 က ဈေးနှုန်းတစ်ဝက်နီးပါးလောက် ပိုမိုသက်သာပေမယ့် ထည့်သွင်းပေးထားတဲ့ Specs တွေနဲ့ Features တွေက တန်းဝင်အဆင့်ရှိပြီး သုံးစွဲရတာလည်း အဆင်ပြေပါတယ်။ ၎င်းရဲ့ 18:9 FullVision display ကြောင့် ဒီဇိုင်းပုံစံလေးက Premium ကျပြီး ထောက်ပံ့ပေးထားတဲ့ မျက်နှာပြင်ကို အပြည့်အဝ သုံးစွဲနိုင်ပါတယ်။ ဒါ့အပြင် Software ပိုင်းကလည်း အထူးကောင်းမွန်ပြီး အခုခေတ်စားနေတဲ့ Face Unlock စနစ်ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ ၎င်းဖုန်းကို GSM, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Single SIM နဲ့ Dual SIM ဆိုတဲ့ version 2 မျိုးကို ထုတ်လုပ်ထားပါတယ်။ ထည့်သွင်းသုံးစွဲရမယ့် SIM card အမျိုးအစားကတော့ Nano SIM ပဲ ဖြစ်ပါတယ်။

  • Design & Build *

၎င်းရဲ့ဆွဲဆောင်မှုရှိတဲ့ အရှေ့ဘက်ဒီဇိုင်းပုံစံကို bezel-free design နီးပါးတည်ဆောက်ပေးထားတာကြောင့် G6 နဲ့ အနည်းငယ်ဆင်တူပြီး သေသေပ်လှပမှု ရှိပါတယ်။ ရှင်းလင်းတဲ့ အရှေ့မျက်နှာပြင်ပေါ်မှာ အရှေ့ကင်မရာ Lens တည်ရှိပြီး Capacitive button 3 ခုကလည်း မျက်နှာပြင် Touch Pad ဧရိယာထဲမှာပဲ ရှိပါတယ်။ နောက်ကျောဘက် အပေါ်ညာဘက်ထောင့်မှာတော့ အနောက်ကင်မရာ Lens နဲ့ သူ့ဘေးနားမှာ LED Flash မီးလုံးကိုသာ တွေ့ရပါတယ်။ အသံအတိုးအကျယ်ခလုတ်တွေက ဘယ်ဘက်ဘေးဘောင်မှာတည်ရှိပြီး အောက်ဘက်မှာ USB Charger ပေါက်နဲ့ headphone ပေါက်ကို ထည့်သွင်းပေးထားပါတယ်။ ဖုန်းအရွယ်အစားက 142.5 × 69.3 × 8.1 mm ရှိပြီး 149g အလေးချိန် ရှိပါတယ်။ ဒါကြောင့် ဖုန်းက အနည်းငယ်ထူပြီး အလေးချိန်ကတော့ ပေါ့ပါးမှုရှိတာကို တွေ့ရပါတယ်။ ကိုယ်ထည်ဘေးဘောင်တွေကို သတ္တုနဲ့တည်ဆောက်ထားပြီး နောက်ကျောဘက်ကလည်း Glossy Design ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ G6 လိုမျိုး Glass နဲ့ ပြုလုပ်ထားတာမျိုးမဟုတ်ဘဲ အဆင့်မြင့်ပလတ်စတစ်နဲ့ တည်ဆောက်ထားတာမို့ ချောမောပြောင်လက်တောက်ပတာချင်းတူပေမယ့် အရမ်းကြီးတော့ အကြမ်းမခံပါဘူး။ ၎င်းကို ထုတ်လုပ်ပေးထားတဲ့ အရောင်တွေကတော့ Astro Black, Ice Platinum, Mystic White, Terra Gold တို့ပဲ ဖြစ်ပါတယ်။

  • Display *

မျက်နှာပြင်အကျယ်က 5.5 inches ရှိပြီး IPS LCD capacitive touch-screen, 16M colors display အမျိုးအစားနဲ့ ပြုလုပ်ထားပါတယ်။ ၎င်းမျက်နှာပြင်က 1080 × 2160 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ပြသပေးနိုင်ပြီး 1 လက်မမှာရရှိမယ့် သိပ်သည်းဆပမာဏကတော့ ~442ppi pixels ဖြစ်ပါတယ်။ မျက်နှာပြင်ပေါ်မှာ Corning Gorilla Glass 3 ကိုဖုံးအုပ်ထားပြီး multitouch စနစ်ကိုလည်း သုံးစွဲနိုင်ပါတယ်။

  • Operating System and Camera *

အထဲမှာ Android OS, v 7.1.1 (Nougat) ကို အခြေခံထားတဲ့ LG UI 5.0 ကို run ပေးထားပါတယ်။ အနောက်ကင်မရာက 13MP, f/2.2 aperture စွမ်းအားပါရှိပြီး အရှေ့ကင်မရာကတော့ 5MP, f/2.2 aperture စွမ်းအား ပါရှိပါတယ်။ ဒါကြောင့် ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်ပြီး အနောက်ကင်မရာက 30fps မှာ 1080p အရည်အသွေးရှိတဲ့ ဗီဒီယိုတွေကို ပေးစွမ်းနိုင်ပါတယ်။

  • Performance *

ကိုယ်ထည်ထဲမှာ Qualcomm MSM8940 Snapdragon 435 chipset နဲ့ Octa-core 1.4 GHz Cortex-A53 Processor တို့က အပြည့်အဝထောက်ပံ့ပေးထားပြီး Adreno 505 GPU ကြောင့် သဘာဝကျတဲ့ ရုပ်ထွက်မျိုးကို အရောင်အသွေးစိုစိုပြေပြေနဲ့ ကြည့်ရှုနိုင်မှာပါ။ ၎င်းမှာ RAM 3GB ပါရှိလို့ လုပ်ဆောင်ချက်တွေ တော်တော်များများကို လျင်မြန်စွာ ပြုလုပ်နိုင်ပါတယ်။

  • Battery *

ထည့်သွင်းထားတဲ့ Non-removable Li-Po 3000 mAh battery ဘက်ထရီစွမ်းအားက အသင့်အတင့်လုံလောက်တဲ့ ဘက်ထရီစွမ်းအားမျိုးကို ပေးစွမ်းနိုင်ပြီး ဖုန်းဘက်ထရီကို ပြန်လည်အားသွင်းရတာလည်း မြန်ဆန်ပါတယ်။

Specification
Display : 5.5 inches, IPS LCD capacitive touchscreen
Memory : 64 GB, 4 GB RAM, microSD, up to 256 GB
Camera : 13 MP, autofocus, LED flash, Geo-tagging, touch focus
OS : Android 7.1.1 (Nougat) 33754295_1730847167003102_4769493648142237696_n.jpg

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70597.89
ETH 3559.60
USDT 1.00
SBD 4.77