ရွှေတိဂုံဘုရားသမိုင်း

in #good-karma6 years ago

ရွှေတိဂုံသမိုင်းအကြောင်းပြောပြရရင်တော့ တွံတေး တောကြီးတန်းရှိ ရှေးဟောင်းနယ်မြေသည် ဗုဒ္ဓဆံတော် ပင့်ဆောင်လာသူတို့ နေထိုင်ရာ ပျူမြို့ဟောင်းဟုသိရပါတယ်ခင်ဗျာ။
image
credit original image source
ဘယ်နေရာမှာရှိတာလဲဆိုတော့ ရန်ကုန်တိုင်း ဒေသကြီး၊ တွံတေးမြို့၊ တောကြီးတန်း ဒေသအတွင်း တွေ့ရှိရသော ရှေးဟောင်း နယ်မြေသည် ပျူခေတ်မြို့ဟောင်း တစ်ခု ဖြစ်ကြောင်း သိရသည်။ အဆိုပါ နယ်မြေကို ယခင်က ပျူခေတ် ခံတပ်ငယ်ဟု ယူဆထားရာမှ ယခု လေ့လာ တွေ့ရှိချက်များအရ ပျူခေတ်မြို့ဟောင်းအဖြစ် ပြောနိုင်ခြင်းဖြစ်သည်။ အဆိုပါ မြို့ဟောင်းသည် တွံတေးမြို့မြောက်ဘက် တောကြီးတန်းအတွင်း မိုင်ဝက်ကျော် ခန့်တွင် ရှိပြီး မြို့ဟောင်း အကျယ်အဝန်းမှာ ခန့်မှန်းခြေ သုံးမိုင်ခန့်ရှိသည်။ ၎င်းနေရာသည် ရွှေတိဂုံဘုရားသမိုင်း၊ ဗိုလ်တထောင်ဘုရားသမိုင်းနှင့် တွံတေး ရွှေဆံတော်ဘုရား သမိုင်းများအရ ဗုဒ္ဓဆံတော်ရှင် ပင့်ဆောင်ခဲ့သော တပုဿနှင့် ဘလ္လိကနေထိုင်သော ပေါက္ခရဝတီမြို့ ဖြစ်ကြောင်း ကွင်းဆင်းလေ့လာခဲ့သူ သမိုင်း သုတေသနပညာရှင် ဆရာ ဘုန်းတင့်ကျော်က ပြောသည်။ “လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက် ကတည်းက ဒီရှေးဟောင်း နယ်မြေကို တွေ့ခဲ့တယ်။ စတွေ့တဲ့ အချိန်က အလံနီသူပုန် ဧရိယာ ဖြစ်နေတယ်။ ဒါကြောင့် ကွင်းဆင်း လေ့လာဖို့ မလုပ်ဖြစ်ခဲ့ဘူး။ တွေ့ရတဲ့ အနေအထား အရ သမိုင်းဆရာ တချို့တောင် ပျူခေတ်ခံတပ်ငယ်လို့ ထင်ခဲ့ကြတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။၎င်းပြောကြားခြငင်းသည်သက်သေသက်ကာယများဖြင့်အမှန်ပင်ဖြစ်လေသည်။
image
credit original image source
မြတ်စွာဘုရားပွင့်တော်မူစဉ် “ဗုဒ္ဓခေတ်မှာ ရွှေတိဂုံဘုရား တည်မယ့်နေရာ ပတ်ပတ်လည်မှာ ရှိတဲ့ မြစ်လေးမြစ်နဲ့ မြို့လေးမြို့ကို ဖော်ပြထားတယ်။ ဒီအထဲမှာ ဘုရားရဲ့တောင်ဘက်မှာ ပေါက္ခရဝတီမြို့နဲ့ မြစ်တစ်မြစ်ပါတယ်။ ဗိုလ်တထောင်ဘုရား သမိုင်းမှာလည်း ပါတယ်။ တွံတေး ရွှေဆံတော်ဘုရား သမိုင်းမှာလည်း ပေါက္ခရဝတီမြို့ အပြင် ထိုမြို့သား တပုဿနှင့် ဘလ္လိက မြို့သားကြီးနှစ်ဦးကို ဖော်ပြထားတယ်။ ဒီမြို့သားနှစ်ဦးဟာ အိန္ဒိယကို ဆန်ကုန်ကူးရင်း ဗုဒ္ဓကို ဖူးခဲ့ရတယ်။ ပဉ္စဝဂ္ဂီငါးပါးကိုတောင်မှတရားမဟော ရသေးဘူး။ ဗုဒ္ဓက ဒွိသရဏဂုံနှစ်ပါး ချပေးတယ်။ ဒီမြို့သားနှစ်ဦးက ဆံတော် ၂၄ ဆူ ပင့်လာတယ်။ ဆံတော်တွေကို ရေလမ်းနဲ့ ပင့်ဆောင်လာတာ ရခိုင်နယ်မြို့တစ်မြို့ရဲ့ ဆိပ်ကမ်းပိုင် မင်းတစ်ပါးက အခွန်အဖြစ် ဆံတော် နှစ်ဆူကို ယူထားလိုက်တယ်။ ဆက်လာတော့ နဂါးရစ်အငူမှာ ခဏရပ်နားတုန်း နဂါးတွေက ဆံတော်နှစ်ဆူ ခိုးထားတယ်လို့ ဆိုတယ်။ နဂါးသင်္ကေတ ပေးထားတဲ့ လူမျိုးစုလည်း ဖြစ်နိုင်တယ်။ ဆက်ထွက်လာပြီး ကွမ်းခြံကုန်းနဲ့ ကော့မှူး နှစ်နယ်အတွင်းမှာ သင်္ဘောကပ်ရတယ်။ ပေါက္ခရဝတီ မြို့အထိ ရေလမ်းမပေါက်ဘူး။ ဒီမြို့က မင်းနဲ့ပြည်သူတွေ အကြီးအကျယ် ကြိုကြတယ်။ ဆိပ်ကမ်းနဲ့ ပေါက္ခရဝတီမြို့ကြားမှာရှိတဲ့ ရွာတွေမှာ တစ်ရွာတစ်ညနဲ့ ကိန်းဝပ် ပူဇော်ကြတယ်။ ဒီလို ပူဇော်ဖို့ အတွက် ဆံတော်ကြိုစေတီတွေ တည်ကြတယ်။ဘုရားသမိုင်းမှာ ဘယ်နှစ်ည၊ ဘယ်နှစ်ရွာဆိုတာ အတိအကျ ဖော်ပြထားတယ်။ဒါဟာငြင်းလို့မရသော သက်သေတွေပါပဲ။
image
credit original image source
စေတီတော်တွေလည်း ယနေ့အထိ ကျန်နေသေးတယ်။ ဒီသတင်းကို ဥက္ကလာပမင်းကြီး ကြားသွားပြီး ဆက်သဖို့ အမိန့်တော် ထုတ်တယ်။ ပေါက္ခရဝတီမြို့က ဥက္ကလာပမင်းကြီးရဲ့ လက်အောက်ခံ မြို့ဖြစ်တယ်။ တပုဿနဲ့ ဘလ္လိကတို့ ဥက္ကလာပ မင်းကြီးထံ ဆံတော်ကို သွားဆက်သ ကြတယ်။ ဆံတော် ဆက်သပြီး ပြန်လာတော့ တစ်ဦးက လူအဖြစ်၊ တစ်ဦးက ရဟန်းအဖြစ် ပြန်ရောက် တယ်လို့ ဆိုတယ်။ ပေါက္ခရဝတီမြို့ဟောင်း အဆောက်အအုံပျက် တစ်ခုရဲ့ ရှေးအုတ်မှာ ဗုဒ္ဓခေတ် (ဘီစီ ၆ ရာစု) နှင့် အသောကခေတ် (ဘီစီ ၃ ရာစု) ဗြဟ္မီအက္ခရာ (ရကောက်) ရေးထိုးထားတာ တွေ့ရတယ်။ မြို့ဟောင်းမှာ အုတ်နဲ့ဆောက်ထားတဲ့ အဆောက်အအုံပျက် တချို့အပြင် အတွင်းကျုံးနဲ့ အပြင်ကျုံးတွေရောပါ ယနေ့ထိ ကျန်နေသေးတယ်။ ဒီအထောက်အထားတွေအရ ဘုရား သမိုင်းတွေ မှန်တယ်လို့ ယူဆလို့ ရပါတယ်”” ဟု ၎င်းင်းက ဆက်လက် ပြောသည်။ ယင်း ပေါက္ခရဝတီမြို့မှာ ပြည်မြို့အရှေ့ဘက်တွင် ကပ်လျက် ရှိသော သရေခေတ္တရာမြို့ထက် အနည်းဆုံး နှစ်တစ်ရာ့ငါးဆယ် စောပြီး လွန်ခဲ့သည့်နှစ်ပေါင်း ၂၅၅၀ က ဖြစ်ကြောင်းနှင့် တွေ့ရှိရသော အထောက်အထားများအရ ဘုရား ဆံတော်ရှင် ပင့်ဆောင်လာသော တပုဿနှင့် ဘလ္လိကမှာ ပျူမြို့မှ ပျူလူမျိုးများဖြစ်ပြီး တစ်နည်းအားဖြင့် မြန်မာများဟု ဆိုနိုင်ကြောင်း အထင်အရှား သိရှိရပေတော့သည်။နားပေအုံးမည်။
image
credit original image source
ဗဟုသုတအနေနဲ့ကတော့မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် သင်္ကြန်ကာလအတွင်းလူ ၁၀ ဦး သေဆုံးပြီး လူပေါင်း ၁၇၀ ကျော် ဒဏ်ရာ ရရှိ ခဲ့တဲ့ ဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက်ပိုင်း ဒီနှစ်မှာ သင်္ကြန် ရေကစားမဏ္ဍပ်တွေမှာ ဗုံးရှာကိရိယာ တပ်ဆင်တာ၊ စီစီတီဗွီကင်မရာတွေ တပ်ဆင်တာတွေကို အာဏာပိုင်တွေက လုပ်ဆောင်ခဲ့ပါတယ်။ဒီနှစ် ဖေဖော်ဝါရီလထဲမှာပဲ အင်းစိန်မြို့နယ်ထဲမှာ ရခိုင်အမျိုးသားတဦးထံကနေ ဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက် လူ ၈ဦး ဒဏ်ရာရရှိသွားပါတယ်။ အဲဒီနောက် ရခိုင်လူမျိုးတွေကို ဖမ်းဆီးမှုတွေ လုပ်ခဲ့ပါတယ်။ ဧပြီလ ၃ရက် နေ့ကပဲ ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်ထဲမှာ လက်လုပ် ချိန်ကိုက်ဗုံး တလုံးကို တာဝန်ရှိသူတွေ က ဖယ်ရှားနိုင်ခဲ့ကြောင်း အစိုးရထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ အဲဒီနောက် ပုဇွန်တောင် ဈေးမှာ အထုပ်တထုပ် တွေ့တယ်ဆိုပြီး ဗုံးလန့်ပြီး လမ်းတွေပိတ် စစ်ဆေးတာတွေလည်း လုပ်ခဲ့ပါတယ်။ဒါလေးလက်ဆောင်ရေးပေးတာပါ။ခုတော့မသာမာသူတွေမရှိတော့အေးချမ်းနေပါပြီ။
image
credit original image source
@btcpmking
Pago city
Myanmar.
Thank for visit all steemit friends.

Sort:  

အိုကေဗျာ။အားပေးသွားပါတယ်။နောက်လဲများများရေးနိုင်ပါစေဗျာ။ဘုရားသမိုင်းဆိုတော့သတိတော့ထားနော်။စေတနာနဲ့အကြံပေးတာပါ။

ကျေးဇူးပါဆရာရယ်။အားပေးပါအုံးနော်။အခုမှအသစ်မိုလို့ပါဗျာ။ကျေးဇူးအရမ်းတင်ပါတယ်ဗျာ။

@therealwolf 's created platform smartsteem scammed my post this morning (mothersday) that was supposed to be for an Abused Childrens Charity. Dude literally stole from abused children that don't have mothers ... on mothersday.

https://steemit.com/steemit/@prometheusrisen/beware-of-smartsteem-scam

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.031
BTC 58925.39
ETH 2498.15
USDT 1.00
SBD 2.48