အကယ်၍များ

in #excel5 years ago

ကျွန်တော်တို့ မြန်မာ စကားမှာတော့ တကယ်လို့ ဒါမှမဟုတ် တကယ်လို့များ စာမှာဆိုရင်တော့ အကယ်၍၊ အကယ်၍များ ဆိုပြီး သုံးလေ့ရှိပါတယ်။ တကယ်လို့ နဲ့ တကယ်လို့များနဲ့က အဓိပ္ပာယ် အတူတူပါပဲ။ တကယ်လို့များက ပိုပြီး လေးနက်စေမလားတော့ မပြောတတ်ပါဘူး။ အင်္ဂလိပ်လို ဆိုရင်တော့ IF လို့သုံးပါတယ်။ ဒါဆိုရင် အကယ်၍များ ဆိုရင်ရော ဘယ်လိုသုံးမလဲ IFS များ ဖြစ်နေမလား။

ဒီနေ့ရေးမှာ ကတော့ excel function တစ်ခုဖြစ်တဲ့ IFS အကြောင်းပဲ ဖြစ်ပါတယ်။ Excel 2019 မှာ အဲ့ဒိ function ပါနေပါပြီ။ သူ အသုံးပြုပုံကတော့ အောက်မှာရေးပေးထားပါတယ်။

=IFS(Logical test 1, Value if true 1, Logical test 2, Value if true 2…..)

သူက IF ထက်စာရင် သုံးရတာ ပိုလွယ်ပါတယ်။ ဘယ်လိုလွယ်သလဲ ဆိုတာကို ထပ်မံရှင်းပြပေးသွားမှာဖြစ်ပါတယ်။

အောက်ကပုံကတော့ ကုမ္ပဏီတစ်ခုကနေ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူတဲ့ အရေအတွက်အလိုက် ဈေးလျှော့ပေးထား
ပါတယ်။ အခုရေ ၆၀၀၀ နှင့် အထက်ဝယ်ရင် ၄% လျှော့ပေးပြီးတော့ အခုရေ ၁၀၀၀၀ နှင့် အထက်ဝယ်ရင် ၆%
ဈေးလျှော့ပေးပါတယ်။သူတို့မှာ အော်ဒါတွေလဲ ရထားပါတယ်။ ပထမဆုံး Nested if နဲ့ အရင်တွက်
ကြည့်ကြရအောင်...


Image Source
=IF(logical test, Value if true, Value if False)

အပေါ်ကတော့ If ရဲ့ အသုံးပါ။ မှန်ခဲ့ရင် တန်ဖိုး တစ်မျိုးပေးပြီးတော့ မှားခဲ့ရင် တန်ဖိုး တစ်မျိုးပေးပါတယ်။
ကျွန်တော်တို့ ဖော်မြူလာကို အောက်မှာပြထားသလို ရေးလိုက်ပါတယ်။

=IF(B6>10000,6%,IF(B6>6000,4%,0))

၁၀၀၀၀ ထက်ကျော်ခဲ့ရင် ၆% ပေးပြီးတော့ ၆၀၀၀ ထက်ကျော်ခဲ့ရင် ၄% ပေးပါတယ်။


Image Source

တစ်ကယ်လို့ ကျွန်တော်တို့က အဲ့ဒိလို မရေးပဲနဲ့ ပြောင်းပြန်ရေးမိတယ် ဆိုပါစို့ ဘာဖြစ်မလဲဆိုတာ ကြည့်ကြရအောင်...
=IF(B6>6000,4%,IF(B6>10000,6%,0))


Image Source

အဖြေအမှား ထွက်လာမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ၁၅၀၀၀ ဆိုတဲ့ ပမာဏ ဟာ ၆ပ၀၀ ထက်လဲ
များနေပါတယ်။ အဲ့ဒိအတွက် နောက်က ၁၀၀၀၀ ဆိုတာကို စစ်မနေတော့ပဲနဲ့ အဖြေ ကို တန်းထုတ်ပေး
လိုက်ပါတယ်။

IFS ကိုသုံးရင်တော့ အဲ့ဒိ ပြဿနာမရှိတော့ပါဘူး။ ကိုယ်ဘယ်လို့ အစီအစဉ်နဲ့ပဲရေးရေး အဖြေမှန်ကိုပဲ
ထုတ်ပေးပါတယ်။ အောက်ကပုံနှစ်ပုံကို နှိုင်းယှဉ်ကြည့်ပါ။


Image Source

ပထမပုံမှာက ၁၀၀၀၀ ကို ရှေ့ကထားရေးပါတယ်။ ဒုတိယ ပုံမှာက ၆၀၀၀ ကို ရှေ့က ထားရေးပါတယ်။
နှစ်မျိုးစလုံး အဖြေမှန် ရပါတယ်။ ပြောရရင်တော့ IFS က ပိုကောင်းပါတယ်။



Image Source
Reference Link: http://theexcelclub.com/nested-if-statements-replaced-with-ifs-function/
Disclaimer: All images are taken from the reference post.
 

 

Universal Basic Income

This is for very basic income. Use the following link to register in mannabase.com.

Promoting Service

I am also a whitelisted user of minnowbooster. If someone want to get whitelisted from minnowbooster. I can check your blog and send an invitation. Use the following link to log into minnowbooster.com.

Building Network


Join Discord: https://discord.gg/RSrv669 @mmunited

Posted from my blog with SteemPress : https://myanmarpress.xopus.io/?p=607












Sort:  

Hi, @mmunited!

You just got a 8.12% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

so sorry i missed this post

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.035
BTC 65869.37
ETH 3414.18
USDT 1.00
SBD 4.58