Cad

in #esteem-awesome8 years ago

နင့်ကြောင့်
ငါ့မာနလေးစွန်းထင်ခဲ့ရဖူးတယ်

နင့်ကြောင့်
ငါ့သိက္ခာတွေကျခဲ့ရဖူးတယ်

နင့်ကြောင့်
ငါ့ဘဝအကြိမ်ကြိမ်ပြိုလဲခဲ့ရဖူးတယ်

နင့်ကြောင့်
ငါ့အချစ်တွေ ရေစုန်မျောပစ်ခဲ့ရဖူးတယ်

နင့်ကြောင့်
ငါ့စိတ်ဓာတ်တွေ အဆုံးစွန်ထိနစ်မြုပ်ခဲ့ရဖူးတယ်

နင့်ကြောင့် ငါ့နှလုံးသားတစ်ခုလုံးစုတ်ပြတ်သတ်ခဲ့ရဖူးတယ်

ဒါပေမယ့် နင်သာငါ့ကိုအချစ်စစ်နဲ့ချစ်ခဲ့ဖူးတယ်ဆိုရင်
ငါဆုံးရှုံးခဲ့သမျှ နာကျင်ခဲ့သမျှ
ပေးဆပ်ခဲ့သမျှအရာအားလုံးအတွက်
ငါ့ဘဝတစ်လျှောက်လုံး
နောင်တကင်းလို့ကျေနပ်နေမိမှာပါ။

ယောက်ျား တစ်ယောက်ဟာ
•လုပ်ရည်ကိုင်ရည် ဘယ်လောက်ရှိရှိ
•အရည်အချင်း ဘယ်လောက်ရှိရှိ
•ကျန်းမာရေး ဘယ်လောက် ကောင်းကောင်း

အကျင့်စာရိတ္တ မကောင်းမွန်ရင်
မိသားစု အပေါ် သစ္စာ မစောင့်ရင်
မိသားစု စိတ်အေး ချမ်းသာမှု
အတွက် အလကားပါပဲ . .

သူ့ အရည်အချင်း
အားသာချက်တွေဟာ
မိသားစု အတွက်
အကျိုးကျေးဇူးတွေနဲ့ အတူ
သောက အပူတွေနဲ့ နာကျင်ခံစား
စေမှုတွေကို ဖန်တီးရင်း
နှိပ်စက်နေမှာပါ . .

အကျင့် စာရိတ္တ မကောင်းတဲ့
ယောက်ျား တစ်ယောက်ရဲ့
စိတ်သွားတိုင်း ကိုယ်ပါနိုင်မှုဟာ
ကြောက်စရာကောင်းပါတယ် . .

ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်မှု
မရှိရင် ထိန်းမနိုင် သိမ်းမရပဲ
ဖြစ်နေတတ်ပါတယ် . .

ကျားဆိုးကို အတောင်ပံ တပ်ပေး
လိုက်သလိုမျိုးပဲ ဖြစ်နေမှာပါ . .

@sehunni

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.100
BTC 64759.21
ETH 1919.99
USDT 1.00
SBD 0.39