Surroundings

in #esteem-awesome8 years ago

သင်နှင့်သင့်ပတ်ဝန်းကျင် တိုးတက်စေလိုလျှင် (၁)


သင်ဟာ ပတ်ဝန်းကျင်နဲ့ နေရတဲ့ လူတစ်ယောက်ဖြစ်လို့
လူပေါင်းစုံဆက်ဆံ ရပါလိမ့်မယ်.. ဆက်ဆံရတဲ့ အခါ
ဒီအချက်လေးတွေ သင်သိတိထားရပါမယ်..

၁။ ကျေးဇူးတင်ပါ..
သင့်ကို နာကျင်အောင်လုပ်သူ၊ သင့်ကို နှိမ်ခဲ့သူ၊ သင့်အကူညီတောင်းတိုင်းငြင်းပယ်ခဲ့သူတို့ ကို သင်ကျေးဇူးတင်ပါ..
နှိမ်ခံရတဲ့အတွက် ဘဝနာကျင်ခဲ့ရသလို့ နာကျင်မှုကြောင့် လူတစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲစေနိုင်ပါတယ်..
အကူအညီ တောင်းတိုင်းမရတဲ့အတွက် မိမိကိုယ်ကို အားကိုးမိလာခြင်းပါပဲ..။ဒါကြောင့် သင့်ဟာ အရာအားလုးံအတွက် မေ့ပြစ်ပြီး ကျေးဇူးတင်ပါ..ဒါပေမဲ့ သင့်အလှည့်မှာတော့ ဘယ်တော့မှ ထိုဖြစ်ရပ်တွေကို မလုပ်မိပါစေနဲ့..။

၂။ ဖေးမပါ..
သင့်အောက် ပညာအရည်ချင်း ဖြစ်စေ ၊ ငွေကြေး အဆင့်အတန်း ဖြစ်စေ နိမ့်ပါးနေသူကို ဖြစ်စေ အားငယ်နေသူကို ဖြစ်စေ ဖေးမပါ..တတ်နိုင်တဲ့ဖက်က ကူညီပါ..ငွေကြေး အကူအညီ တန်ဖိုးရှိတဲ့အရာကို ပေးပြီး ကူညီမှ မဟုတ်ပါဘူး သင့်ရဲ့မေတ္တာတရားနဲ့ ကူညီပါ ဖေးမပါရင်း စိတ်ပိုင်းဆိုင်ရာ အနေအထားတို့ဖြင့် သင့်ပတ်ဝန်းကျင်ကို တိုးတက်ပါစေ..

@ayenanda

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.099
BTC 63259.71
ETH 1746.78
USDT 1.00
SBD 0.39