Steem voter သုံး၍ curation reward ယူနည်း

in #esteem6 years ago

ဒီက​နေ့ ကျွန်​မ ​ပြောပြချင်​တဲ့ Steem voter သုံးနည်းကို Myanmar steemit user ​တော်​​တော်​များများ သိထားပြီးဖြစ်​မှာပါ။
သို့​ပေမဲ့ ... Steemit communityက တစ်​​နေ့တခြား ကြီးမားလာတာနဲ့အ​လျှောက်​ Steemit သုံးစွဲသူ မြန်​မာများလည်း တစ်​​နေ့တခြား တိုးပွားလာ​နေမယ်​လို့ ကျွန်​မ ယုံကြည်​မိပါတယ်​။
ဒါ​ကြောင့်​ ကိုယ့်​ထက်​ပိုသစ်​​နေမဲ့ newbiesများအတွက်​ ဒီပို့စ်​နဲ့ လက်​ဆင့်​ကမ်း မျှ​ဝေလိုက်​ပါတယ်​။

Steem voter သုံးရင်​ ဘယ်​လိုအကျိုးရရှိနိုင်​မလဲ?

ကျွန်​မတို့က Steemit ​ပေါ်မှာ စာ​တွေ​ရေးကြတယ်​ ... ဒါ​ကြောင့်​ author reward အ​နေနဲ့ SBDနဲ့ SP ကို ရကြပါတယ်​။
ထို့နည်းအတူ သူများpost​တွေအ​ပေါ် upvote​ပေးခြင်းဖြင့်​ curation rewardအ​နေနဲ့ SP ရကြပါ​သေးတယ်​။
ဒါ​ကြောင့်​ ကိုယ့်​postတင်​ပြီးသွားတာ​တောင်​ curation rewardရနိုင်​ဖို့အတွက်​ ကျွန်​မတို့က သူများpost​တွေကို အချိန်​​ပေးvoteကြရပါတယ်​။
Steem voterက ဒီ​နေရာမှာ အကျိုးပြုပါတယ်​။
Steem voterသုံးခြင်းဖြင့်​ ကျွန်​မတို့က အချိန်​ကုန်​ လက်​​ညောင်းခံပြီး တစ်​ဦးချင်းကို ထိုင်​voteဖို့မလို​တော့ပါဘူး။
ကိုယ်​vote​ပေးချင်​တဲ့သူ​တွေကို ဘယ်​​လောက်​vpနဲ့ သူပို့စ်​တင်​ပြီးဘယ်​​လောက်​အချိန်​အကြာမှာ voteမယ်​လို့ ​ရွေး​ပေးထားလို့ရပါတယ်​။
Steem voterက ကျွန်​မတို့ကိုယ်​စား ကျွန်​မတို့ vote​ပေးချင်​တဲ့သူကို vote​ပေးထားပါလိမ့်​မယ်​။


Steem voter ကို ဘယ်​လိုလူ​တွေ သုံးသင့်​လဲ?

ကျွန်​မအ​နေနဲ့ အ​ဖြေက​တော့ curation reward လိုချင်​တဲ့သူတိုင်း သုံးသင့်​ပါတယ်​။
Steemit community မှာ မြန်​မာ​တွေအ​နေနဲ့လည်း အဖွဲ့အစည်းများပြားစွာရှိကြပါတယ်​၊ အချင်းချင်း အပြန်​အလှန်​ vote​ပေးကြရတဲ့group​တွေက
Vote​ရနိုင်​ဖို့ link​တွေshareရ ဘယ်​သူ​တွေကိုယ့်​ကို vote​ပေးဖို့ကျန်​​နေလဲရှာရ link​တွေထပ်​ပို့ရနဲ့ တကယ်​စိတ်​အိုက်​ပြီး အလုပ်​ရှုပ်​နိုင်​ပါတယ်​။
အဲ့ဒီလို အပြန်​အလှန်​ voting rule နဲ့သွားဖို့ဆိုရင်​ အချိန်​မကုန်​ဖို့ သက်​​သောင့်​သက်​သာဖြစ်​ဖို့ Steem voterနဲ့ ကိုယ်​voteရမဲ့သူစာရင်းထည့်​ထားလိုက်​ကြရင်​ တကူးတက vote​နေဖို့လည်းမလို​တော့ပါဘူး၊ link​တွေလည်း ခဏခဏshare​နေရစရာမလို​တော့ပါဘူး။
ဘယ်​အဖွဲ့အစည်းမှာမှ မပါဝင်​တဲ့ ကျွန်​မတို့လို သီးသန့်​user​တွေကလည်း ကိုယ်​vote​ပေးချင်​တဲ့သူကို listထဲထည့်​ထားခြင်းဖြင့်​ curation reward ရဖို့ပိုလွယ်​ကူသွား​စေပါတယ်။

Steem voterက အခမဲ့လား?

အခမဲ့လို့လည်း​ပြောလို့လည်းရပါတယ်​ ... အ​ကြောင်းရင်းက SBD/STEEM/SP တစ်​ခုမှမ​ပေးရလို့ပါ။
ဒါ​ပေမဲ့ ကျွန်​မတို့ဆီက တစ်​​နေ့ 100% VPနဲ့ voteတစ်​ခု (သို့မဟုတ်​) VPနည်းနည်းစီနဲ့ 100%ပြည့်​တဲ့ vote​လေး​တွေ​တော့ community ကိုပြန်​​ပေးရပါတယ်​။
အဲ့ဒါကလည်း အလကားယူပစ်​တာမဟုတ်​ပါဘူး၊ steem voterအဖွဲ့အစည်းကပြုလုပ်​တဲ့ contest ​တွေမှာအနိုင်​ရသွားတဲ့သူ​တွေကို ဆုချတဲ့သ​ဘော​ပေးဖို့သုံးတာပါ။
တကယ်​လို့ အဲ့ဒီပြိုင်​ပွဲ​တွေကိုပါဝင်​ချင်​တယ်​ဆိုရင်​ @steemvoter ကို follow လုပ်​ပြီး ပါဝင်​နိုင်​ပါတယ်​။
Premium account အဖြစ်​သုံးချင်​ရင်​​တော့ တစ်​လကို 3SBD​ပေးရပါတယ်​၊၊
Premium accountရဲ့ ထူးခြားချက်​က​တော့ rule 500အထိရပြီး free accountမှာ ​ပေးရတဲ့ 1vote ဆိုတာမျိုး မ​ပေးရ​တော့ပါဘူး။
Steem voterက Minnow boosterရဲ့ serviceတစ်​ခုပဲဖြစ်​တာ​ကြောင့်​ အဆင်​မ​ပြေတာရှိခဲ့ရင်​ Minnow Booster Discordကို
https://discordapp.com/invite/3aCpRHF 
က​နေ ဆက်​သွယ်​ပြီး အကူအညီ ​တောင်းခံနိုင်​ပါတယ်​။


Steem voter အ​ကောင့်​ဖွင့်​နည်းနဲ့သုံးနည်း

Accountဖွင့်​ဖို့အတွက်
https://steemvoter.com ကိုbrowserက​နေဝင်​ပါ။
Sign up နှိပ်​ပါ။
image
ကိုယ်​သုံးမဲ့နာမည်​ (Steemit account နာမည်​နဲ့ တူစရာမလိုပါဘူး)
Email
Security question
ကိုယ်​ထားချင်​တဲ့password ထည့်​ပြီး အ​ကောင့်​​ဖောက်​လိုက်​ပါ။
ပြီးရင်​ gmailထဲကို သွားပြီး Steem voterကပို့တဲ့ mailကို verifyလုပ်​​ပေးလိုက်​ပါ။
image
Add account က​နေ ကိုယ့်​ Steemit account ထည့်​​ရပါမယ်​။
Accountတစ်​ခုထက်​ပိုရှိ​နေလည်း ​နောက်​ထပ်​ add account နှိပ်​ပြီး ထည့်​နိုင်​ပါတယ်​။
image
ကိုယ့်​Steemit account နာမည်​ရိုက်​ထည့်​ပါ။
key​နေရာမှာ ​မိမိ Steemit account ဝင်​ရင်​သုံးတဲ့ key ​ပေးစရာမလိုပါဘူး။
Posting keyပဲ​ပေးရတာပါ။
image
Posting keyမယူတတ်​ရင်​ ကိုယ့်​Steemit account walletထဲ သွားပါ၊ Balances​ဘေးက Permissionsထဲဝင်​ပါ၊ ထိပ်​ဆုံးမှာ ရှိ​နေတာ Posting keyပါ၊ Show private keyကိုနှိပ်​ပြီး ​ပေါ်လာတဲ့ keyအတန်းရှည်​ကို copyယူပြီး Hide private keyပြန်​နှိပ်​ခဲ့ပါ။
ခုနကSteem voterမှာ keyလိုတဲ့​နေရာမှာ ထည့်​​ပေးလိုက်​ပါ။
image
ဒါဆို ဒီလိုမျိုး​ပေါ်လာပါလိမ့်​မယ်​၊ ကိုယ့်​အ​ကောင့်​ကိုထည့်​ပြီးပါပြီ၊ ဒါ​ပေမဲ့ active မဖြစ်​​သေးပါဘူး၊ pending ပြ​နေပါဦးမယ်​၊ ၁၅မိနစ်​​လောက်​ကြာမှ active ဖြစ်​ပါမယ်​။
image
ရွေ့ကြည်​ရင်​ ဒီလို​ပေါ်ပါမယ်​။
Logsထဲဝင်​ကြည့်​​ရင်​ activeဖြစ်​ပြီး​နောက်​ ကိုယ်​voteခိုင်းထားတဲ့account​တွေကို Steem voterက vote​ပေးထားတဲ့ listကိုမြင်​ရပါမယ်​။
Pause က​တော့ serviceကို ခဏရပ်​ဖို့သုံးပါတယ်။
Update keyကလည်း keyအသစ်​ချိန်းတဲ့အခါ သုံးပါတယ်​။
Deleteက​တော့ ဒီအ​ကောင့်​ကို Steem voterမှာ ဆက်​မသုံးချင်​​တော့ရင်​ ဖျက်​ဖို့​ပေါ့။
ထိပ်​မှာမြင်​ရတဲ့ Rulesကိုနှိပ်​ပြီး ကိုယ်​vote​ပေးချင်​တဲ့ Steemit user​တွေရဲ့accountနာမည်​ကို ​ထည့်​​ပေးရမှာပါ။
Ruleတစ်​ခုဟာ ကိုယ်​voteချင်​တဲ့သူတစ်​​ယောက်​ကို ကိုယ်​စားပြုပါတယ်​။
image
Author of post to vote on ​နေရာမှာ ကိုယ်​vote​ပေးချင်​တဲ့သူရဲ့ Steemit account nameကို ထည့်​​ပေးပါ။
Vote power percentage​နေရာမှာ ကိုယ်​vote​ပေးချင်​တဲ့ ပမာဏကို အတိုးအ​လျော့လုပ်​လို့ရပါတယ်​။
Vote delay in minutes​နေရာမှာ ထိုသူpostတင်​ပြီး ဘယ်​နှမိနစ်​အကြာမှာ vote​ပေးချင်​တယ်​ဆိုတဲ့ အချိန်​ကို​ရွေး​ပေးလို့ရပါတယ်​၊ Steem voterက​တော့ မိနစ်​ ၂၀အကြာလို့ထား​ပေးထားပါတယ်​၊ အချိန်​ကို ကိုယ့်​စိတ်​ကြိုက်​ varyလုပ်​လို့ရပါတယ်​။
ပြီးရင်​ ​Save ruleနှိပ်​လိုက်​ရင်​ရပါပြီ။
အဲ့လိုနည်းနဲ့ ကိုယ်​vote​ပေးချင်​တဲ့သူ​တွေကို အလွယ်​တကူ ထည့်​ထားပြီး curation rewardယူနိုင်​ပါပြီ။
image

ဆုမွန်​​ကောင်းများစွာဖြင့်
Yadanar Poekyuu

Sort:  

တော်တော်ပြီးပြည့်စုံတဲ့  လေ့လာမှုလေးပါ ကျွန်တော် သုံးတာကြာပြီ ဒီလောက်အထိ မလေ့လာဘူးသေးဘူး ခုလို လူသစ်တွေ အဆင်ပြေအောင်ချပြတဲ့ အတွက် ကျေးဇူးတင်ပါတယ်ဗျာ၊

ဟုတ်​ကဲ့ ​ကျေးဇူးတင်​ပါတယ်​ရှင့်

Mscအဖွဲ့အစည်းနဲ့ချိတ်ဆက်ကြည့်ပါအမရေ

You got a 3.03% upvote from @minnowvotes courtesy of @yadanarpoekyuu!

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.032
BTC 59185.02
ETH 2522.04
USDT 1.00
SBD 2.47