စကားတစ်​ခွန်း

in #esteem6 years ago

ဒီ​နေ့ ကျွန်​မ အလုပ်​ထဲက အ​ကြောင်းအရာတစ်​ခုနဲ့ ဆက်​စပ်​မိပြီး ​ပြောပြချင်​လာတာ​လေးတစ်​ခု ရှိပါတယ်​။
ကျွန်​မက constructionတစ်​ခုမှာ Sr Site Engineer တစ်​​ယောက်​အ​နေနဲ့ အလုပ်​လုပ်​ကိုင်​​နေပါတယ်​။ ကျွန်​မရဲ့လက်​​အောက်​မှာ JE​လေး​တွေရှိကြပါတယ်​။

အဲ့ဒီအထဲက ညီမ​လေး​တစ်​​ယောက်​ကိုမူတည်​ပြီး ဒီ​နေ့ ကျွန်​မ ဒီpostကို ​ရေးသားမိခြင်းဖြစ်​ပါတယ်​။
အဲ့ဒီညီမ​လေးက အခုမှ ​ကျောင်းဆင်းကာစ​လေးပါ၊ အလုပ်​အ​ကြောင်းသိပ်​နားမလည်​​သေးသလို အနည်းငယ်​လည်း ရှက်​​ကြောက်​တတ်​ပြီး အ​နေ​အေးသူ​လေး​ပေါ့။
ဒါ​ပေမဲ့ ဒီလိုအ​နေအထားက Female Site Engr အ​နေနဲ့ မလိုက်​ဖက်​မှန်း ကျွန်​မသိပါတယ်​။

ကျွန်​မတို့ Site​တွေမှာ ​နေ့စဉ်​လာစစ်​ရတဲ့ ရုံးထိုင်​Engrအဖွဲ့ရှိပါတယ်​။
PE​တွေကြီးပဲမဟုတ်​သလို QCကြီးပဲလည်းမဟုတ်​လို့ လွယ်​လွယ်​ကူကူ ရုံးထိုင်​Engrအဖွဲ့လို့ပဲ ကျွန်​မသုံးနှုန်းလိုက်​ပါရ​စေ။

အဲ့ဒီ အဖွဲ့က လာစစ်​တိုင်း ခုနက ညီမ​လေးက အ​ကြောင်းအရင်းမရှိ ​​ကြောက်​ရွံ့​နေတတ်​ပါတယ်​၊ အမြဲ ကျွန်​မ​အ​နောက်​မှာ သူက ပုန်း​နေ​လေ့ရှိတယ်​။
သူက အလုပ်​လုပ်​တာလည်း​တော်​ပါတယ်​၊ တိတိကျကျလုပ်​နိုင်​တယ်​၊ သူ့ရဲ့အားနည်းချက်​က တစ်​ခါတစ်​ရံ အ​ကြောက်​လွန်​ပြီး လူ​တောမတိုးသလို ဖြစ်​​နေတာ​လေးတစ်​ခုပါပဲ။
ဒါကလည်း ငယ်​​သေးတာရယ်​၊ လုပ်​သက်​မဝ​သေးတာရယ်​​ကြောင့်​ပါ၊ အချိန်​တန်​ အဆင်​​ပြေသွားနိုင်​တဲ့ ကိစ္စ​လေး​လောက်​ပါ။

ဒီ​တော့ လာစစ်​တဲ့အဖွဲ့က အစ်​မတစ်​​ယောက်​က သူ့ကိုအမြဲအဆိုးမြင်​​ပြော​လေ့ရှိလာ​ပါတယ်​။
"ဟို​ကောင်​မ​လေး" ဆိုတဲ့ အသုံးအနှုန်း အမြဲသုံးပြီး စိတ်​ပျက်​စရာ​ကောင်းတဲ့ သူတစ်​​ယောက်​လိုလို တစ်​ခုခုဆို သူ့ကိုပဲ မဲပြီးရစ်​​လေ့ရှိတယ်​။
လူဆိုတဲ့အမျိုးကလည်း ​ကြောက်​တတ်​ရင်​ ပို​ခြောက်​ချင်​တာကိုး။
ကျွန်​မက ဘယ်​​လောက်​ပဲ ကာကွယ်​​ပေး​နေ​သော်​လည်း အဲ့ဒီညီမ​လေးကိုပဲ အပြစ်​တင်​ရတာ အရသာတစ်​ခုလို သူတို့အတွက်​ဖြစ်​လာပါတယ်​။

အဲ့ဒီလို သူတို့ရဲ့ဆက်​ဆံမှုက Labour​တွေကိုပါ အဲ့ဒီညီမ​လေးအ​ပေါ် မထီမဲ့မြင်​ပြုလုပ်​​စေ​အောင်​ ဖြစ်​လာပါတယ်​။
Labour​တွေကပါ အဲ့ဒီညီမ​လေး command ကိုမနာခံ​တော့ပဲ မကြားတကြားပြန်ခံ​ပြော​နေကြတာမြင်​တိုင်း ကျွန်​မဝင်​ဆူ​ပေးခဲ့​ပေမဲ့ အချိန်​တိုင်းအဖြစ်​တိုင်းကို​တော့ ကျွန်​မလည်း မသိနိုင်​ခဲ့ပါဘူး။
မ​နေ့က ကျွန်​မ​နေမ​ကောင်းလို့ အလုပ်​မသွားနိုင်​ခဲ့ပါဘူး၊ ဒီ​နေ့သွားမှ အဲ့ဒီညီမ​လေး အလုပ်​ထွက်​သွားမှန်း သိခဲ့ရတယ်​။
ကျွန်​မ ဖုန်းဆက်​ပြီး သူ့ကိုအကျိုးအ​ကြောင်း​မေး​တော့ ထင်​တဲ့အတိုင်းပဲ အထက်​ဖိ ​အောက်​ကန်​ဒဏ်​​တွေကို မခံနိုင်​​တော့လို့ သူထွက်​သွား​ကြောင်း ငိုပြီး​ပြောပြတယ်​။
ကျွန်​မလည်း ဒီ​နေရာမှာ အ​နေအထားမလှ​တော့တဲ့ သူ့ကို စိတ်​ဆင်းရဲခံပြီးဆက်​​နေဖို့ ဆွဲမထား​တော့ပါဘူး၊ ​နောက်​အလုပ်​​တွေမှာ ​သေချာရဲ့ရင့်​ဖို့ ဆုံးမပြီး အလုပ်​သစ်​တစ်​ခုဆီ လမ်းညွှန်​​ပေးခဲ့လိုက်​ပါတယ်​။
အဲ့ဒါနဲ့ ​နေ့လည်​က သူ့အ​ကြောင်းထိုင်​​တွေးရင်း
တစ်​ချိန်​က ကျွန်​မဖတ်​ခဲ့ဖူးတဲ့ဖြစ်​ရပ်​မှန်​သတင်းတစ်​ပုဒ်​ကို ဆက်​စပ်​သတိရမိသွားပါတယ်​ ...

အဲ့ဒီ အ​ကြောင်းအရာ​လေးက နှစ်​အ​တော်​ ကြာပါပြီ။
ပဲရစ်​မြို့က ​အော်​ပရာပြဇာတ်​ရုံကြီးတစ်​ရုံမှာ နာမည်​ကြီး အဆို​တော်​တစ်​​ယောက်​ လာ​ရောက်​​ဖျော်​​​ဖြေဖို့ စာချုပ်​ချုပ်​ခဲ့ပြီး လက်​မှတ်​​တွေလည်း အကုန်​ ​ရောင်းကုန်​သွားခဲ့ပါတယ်​။
ဖျော်​​ဖြေပွဲ​နေ့မှာ ရုံအပြည့်​ တက်​ကြွ​နေတဲ့ပရိသတ်​​တွေနဲ့ လျှံထွက်​​နေခဲ့တယ်​။
ပွဲစချိန်​မှာ အစီအစဉ်​တင်​ဆက်​သူက စဉ်​​ပေါ်တက်​လာပြီး ပရိသတ်​ကို _
"ဂုဏ်​သ​ရေရှိ လူကြီးမင်းများခင်​ဗျာ၊ ကျွန်​​တော်​တို့ တကယ့်​ကို အားနာစရာသတင်းတစ်​ခု ​ကြေငြာချင်​ပါတယ်​၊ နာမည်​ကြီးအဆို​တော်​ကြီး ' ... ' က အ​ကြောင်းတစ်​ခု​ကြောင့်​ ဒီ​နေ့မလာ​ရောက်​နိုင်​​တော့ပါဘူး၊ ဒီအတွက်​ ကျွန်​​တော်​တို့ လူစားလဲ ... လဲ ..."

အစီအစဉ်​တင်​ဆက်​သူ စကားမဆုံးခင်​မှာပဲ ပရိသတ်​ကြီးက တစ်​​ယောက်​တစ်​​ပေါက်​နဲ့ မ​ကျေနပ်​ပဲ ဆူညံပွက်​​လောရိုက်​ကုန်​ပါတယ်​။
အဲ့ဒီအချိန်​မှာ အစားထိုးအဆို​တော်​က ဘာစကားမှမ​ပြောပဲ စင်​​ပေါ်တက်​ပြီး သူ့​ဖျော်​​ဖြေတင်​ဆက်​မှုကို စတင်​လိုက်​ပါတယ်​။
ပရိသတ်​ကြီးလည်း ငြိမ်​ကျသွားခဲ့တယ်​။

အစားထိုးအဆို​တော်​က သူ့တင်​ဆက်​မှုပြီးသွားတဲ့အခါ ပရိသတ်​ရဲ့ တုံ့ပြန်​မှုကို ​မျှော်​လင့်​တကြီး ရှာ​ဖွေပါတယ်​။ ဒါ​ပေမဲ့ အကုန်​လုံးက တိတ်​ဆိတ်​​နေခဲ့တယ်​။

အဲ့ဒီအချိန်​ အ​ပေါ်ထပ်​ပွဲကြည့်​စင်​​ပေါ်က ​ကောင်​​လေးတစ်​​ယောက်​က _
"ဝိုး ... အ​ဖေ! အ​ဖေကအ​တော်​ဆုံးပဲ! အရမ်း​ကောင်းတယ်​!"
လို့ လက်​ခုပ်​ထတီးပြီး ​အော်​​ပြောလိုက်​တယ်။
အဲ့ဒီ​နောက်​ အားလုံးကပါ လက်​ခုပ်​လိုက်​တီးပြီး အား​ပေးသံ​တွေ ​သော​သောညံသွားခဲ့တယ်​တဲ့။

အဲ့ဒီ အဖြစ်​​လေးက တကယ်​ဖြစ်​ခဲ့တာပါ။
အဲ့ဒီလိုပဲ ကျွန်​မတို့ အားလုံး လိုအပ်​ကြတာလည်း "မင်း အ​တော်​ဆုံးပဲ" လို့ စ​ပြော​ပေးမဲ့သူတစ်​​ယောက်​ပါ။

ဒီလိုပါပဲ ရုံးထိုင်​အဖွဲ့ကသာ အဲ့ဒီညီမ​လေးကို အ​ကောင်းမြင်​​ပြော​ပေးခဲ့ကြရင်​ လက်​​အောက်​က အလုပ်​သမား​တွေကလည်း ​တော်​လှန်​ခဲ့ကြမှာမဟုတ်​သလို သူလည်း သိမ်​ငယ်​စိတ်​နဲ့ အလုပ်​ထွက်​သွားခဲ့မှာမဟုတ်​ပါဘူး။
တစ်​ခါတစ်​ရံမှာ ကျွန်​မတို့က သူများရဲ့ performanceကို judgeလုပ်​ရတဲ့အခါ​တွေ ရှိတတ်​ပါတယ်​။
အဲ့ဒီလို အ​နေအထားမျိုးကြုံရတဲ့အခါ အတတ်​နိုင်​ဆုံး စဉ်းစားဆင်​ခြင်​ပြီး ​ပြောဆိုကြပါ​လို့ ကျွန်​မတိုက်​တွန်းချင်​ပါတယ်​။
ကျွန်​မကိုယ်​တိုင်​လည်း ကိုယ့်​​အောက်​ကဝန်​ထမ်း​တွေကို မလိုအပ်​ပဲ အများ​သူငှါရှေ့မှာ ဆူပူ​လေ့မရှိပါဘူး၊ မှား​နေတာမြင်​ရင်​ သီးသန့်​​ခေါ်ပြီးပဲ ​ထောက်​ပြ​ပြောဆိုပါတယ်​။
ဘာဖြစ်​လို့လဲ​ဆို​​တော့ ကျွန်​မလက်​​အောက်​ကသူမှာ သူ့လက်​​အောက်​ကသူ ရှိ​နေ​သေးလို့ပါပဲ။
image
စေတနာစကားများသာဆိုနိုင်​ကြပါ​စေ ဆု​ခြွေရင်း ...
ချစ်​ခြင်းများစွာဖြင့်​ ...
Yadanar Poekyuu

Sort:  

သူများ​တွေများ ​ရေးတတ်​လိုက်​တာ ​နော်

စာ​တွေဖတ်​ဖြစ်​လို့ပါ၊ ​ကျေးဇူးတင်​ပါတယ်​ရှင့်

အသိတစ်​ခုရလိုက်​ပါတယ်​ ​ကျေးဇူးပါအစ်​မ

ကျေးဇူးပါ

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.031
BTC 58956.47
ETH 2517.89
USDT 1.00
SBD 2.48