ကိုးကွယ်​ယုံကြည်​မှု သို့မဟုတ်​ ကိုယ်​တိုင်​အားထုတ်​မှု

in #esteem6 years ago

ဒီအ​ကြောင်းအရာ​လေးက​တော့ လက်​ခံသူ ငြင်းဆန်​သူ​တွေနဲ့ ဒွိဟဖြစ်​ခဲ့တဲ့ ပုံပြင်​​လေး တစ်​ခုပါ။
ခံယူချက်​က​တော့ မိမိကိုယ်တိုင်​ရဲ့ ဆုံးဖြတ်​ချက်​နဲ့သာ တိုင်းထွာကြည့်​ကြဖို့ ကနဦး မှာကြားပါရ​စေ ...

တစ်​ခါက ​တောင်​တက်​သမားတစ်​ဦးက တစ်​ဦးထဲ ​တောင်​တက်​လာရင်း ညအ​မှောင်​အချိန်​ကို ​ရောက်​ရှိလာခဲ့တယ်​။
ဒါ​ပေမဲ့ သူက မရပ်​နားပဲ ​ရှေ့ဆက်​တက်​ဖို့ ဆုံးဖြတ်​ခဲ့တယ်​။
ပတ်​​ဝန်းကျင်​တစ်​ခုလုံးက တိတ်​ဆိတ်​​မှောင်​မိုက်​​နေပြီး ​ကြယ်​​တွေ လ​တွေဟာလည်း တိမ်​ဖုံးကာ အ​မှောင်​အတိဖြစ်​​နေခဲ့တယ်​။

တောင်​ထိပ်​​​ရောက်​ခါနီးမှာ​တော့ ​တောင်​တက်​သမားက ​ခြေ​ချော်​ကျပြီး ခါးကအသက်​ကယ်​ကြိုးတစ်​ခုသာ အပင်​တစ်​ပင်​မှာ ချိတ်​မိပြီး ​လေထဲ တွဲ​လောင်းချခံထားရသလိုဖြစ်​​နေပါတယ်​။
တောင်​တက်​သမားက ​သေရမှာကို အရမ်း​ကြောက်​လန့်​သွားပြီး ဘုရားကိုတခဲ့တယ်​။
"အို ... ဘုရားသခင်​ ... ကျွနု​ပ်​မ​သေချင်​​သေးပါဘူး ... ကျွန်ုပ်​ကို ကယ်​ပါ ... ကယ်​ပါဦး" လို့ ​တွဲ​လောင်းကျ​နေရင်းက​နေ အကြိမ်​ကြိမ်​ ​အော်​​ပြောခဲ့တယ်​။

သိပ်​မကြာခင်​မှာပဲ ​ကောင်းကင်​က​နေ အသံတစ်​သံထွက်​​ပေါ်လာခဲ့တယ်​။
"သင့်​ကို ဘာလုပ်​​ပေး​စေချင်​တာလဲ ချစ်​သား"

"ကျွနု​ပ်​ကို ကယ်​တင်​​ပေးပါဘုရား"

"သင့်​အား ဘုရားက တကယ်​ကယ်​တင်​နိုင်​မည်​ဟု ယုံကြည်​ပါသလား"

"ယုံကြည်​ပါတယ်​ဘုရား၊ ကျွနု​ပ်​ အရှင့်​ကို ကိုးကွယ်​ယုံကြည်​ပါတယ်​"

"​ဒါဆို သင့်​ခါးက ခါးပတ်​ကြိုးကို ဖြုတ်​ပစ်​လိုက်​ပါ"

တောင်​တက်​သမားက အသံတိတ်​ဆိတ်​သွားပြီး ဘာမှပြန်​မ​ပြောပဲ​ ​နေခဲ့တယ်​။
သူခွန်​အားရှိသ​လောက်​ ကြိုးကိုဆက်​ဖက်​တွယ်​ထားဖို့ ဆုံးဖြတ်​ခဲ့တယ်​။

မနက်​​ရောက်​တဲ့အချိန်​ ကယ်ဆယ်​​ရေးသမား​တွေ​ရောက်​လာတဲ့အခါမှာ​တော့
ကြိုးကိုဖက်​တွယ်​ပြီး ​လေထဲ​အေးခဲ​သေ​နေတဲ့ အ​လောင်းတစ်​​လောင်းကို ​တွေ့ခဲ့ရတယ်​။

ဒီပုံပြင်​​လေးနဲ့ပက်​သက်​ပြီး ဘုရားရှင်​ကို ယုံကြည်​သူ​တွေက​တော့ ခါးကကြိုးကို ဖြုတ်​ခဲ့သင့်​တယ်​လို့ ​ဝေဖန်​ကြပြီး ဘာသာမဲ့များနဲ့ ကိုယ့်​အားကိုယ်​ကိုးကြသူများကတာ့ ဒီလုပ်​ရပ်​ကမှန်​ကန်​တယ်​လို့ ဆိုကြပါတယ်​။

စာဖတ်​သူတို့ဆိုရင်​​ရော ကြိုးကို လက်​လွှတ်​ခဲ့မလား၊ ဆက်​ဆွဲထားမလား?
ကျွန်​မရဲ့အမြင်​က​တော့ မူရင်းစာ​ရေးဆရာရဲ့ အ​တွေးနဲ့ ထပ်​တူဖြစ်​ပါတယ်​။
ကျွန်​မတို့က ဘုရားသခင်​ကို ယုံကြည်​သင့်​ပါတယ်​၊ ဘုရားသခင်​က ကျွန်​မတို့ကို ​မေ့​လျော စွန့်​ပစ်​လိုက်​မှာမဟုတ်​ဘူးလို့ ကျွန်​မလည်း ယုံကြည်​မိပါတယ်​။

image
"The rope" ကို ဘာသာပြန်​ပြီး အမြင်​ထည်​​ဝေထားခြင်းဖြစ်​ပါသည်​။

ချစ်​ခြင်းများစွာဖြင့်​ ...
Yadanar Poekyuu

Sort:  

Thank you, I'm glad to hear about that!

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.032
BTC 59185.02
ETH 2522.04
USDT 1.00
SBD 2.47