အတောင်ညောင်းတဲ့အခါ လှည့်ပြန်ခဲ့ပါ

in #esteem5 years ago (edited)

JPEG_20190605_103506.jpg

မင်းသွားနေတာ ဟို့အဝေးကမိုးမြင့်ထက်ဆီကိုပေါ့။
ငတ်မွင်းစွာနဲ့ မင်းရဲ့ မေတ္တာစေတနာတွေကို ဇွဲမလျော့ပဲ ငိုကြွေးစွာနဲ့ တောင်းခံလာခဲ့တာကြာခဲ့ပါပြီ။
မင်းကတော့ တစ်နေ့တစ်ခြား အမြင့်ဆုံးကို မနှေးသောခြေလှမ်းများနဲ့ တက်လှမ်းသွားတာ အားကျမိပါတယ်လေ။
ရွှေ့လိုက်တိုင်းအကွက်တွေက အားတက်စရာတွေဆိုလေတော့ မင်းအဆင်ပြေရင် ငါဝမ်းသာစွာနဲ့ အားပေးနေလျက်ပါပဲ။
အချိန်တွေဟာ တဖြေးဖြေး ကုန်ဆုံးသွားခဲ့ပေမယ့် တစ်လှမ်းချင်း အမြင့်ဆုံးကို လျှောက်လှမ်းသွားတာ ငါမြင်နေရပါတယ်လေ။
ဒါပေမယ့် ငါကတော့ ဒီနေရာလေးကနေ ရွေ့လို့မလာခဲ့ဘူး။
ဆွဲခေါ်မယ့်မင်းရဲ့လက်တွေကို မျှော်ကြည့်ရင်း ဟိုအရင်အချိန်ကလို မင်းရဲ့မေတ္တာ မင်းရဲ့စေတနာတွေကို ပြန်ရချင်နေမိတာက ငါ့အတွက် စွဲလမ်းမှုတစ်ခုလိုဖြစ်ခဲ့ပြီလေ။
မင်းရဲ့ ကမ်းလှမ်းမယ့်လက်တစ်စုံကို မျှော်ကြည့်ရင်း မင်းရဲ့နောက်ကို ငတုံးကြီးတစ်ယောက်လို တစ်ကောက်ကောက် လိုက်ပါလာခဲ့တာ သက်သေတွေရှိပါတယ်။
မင်းပြန်လှည့်ကြည့်လိုက်ရင်တော့ မင်းစိတ်ထဲမှာ အတွေးတစ်ခုကတော့ ဝင်ရောက်လာပါလိမ့်မယ်။
အမြင့်ဆုံးကို ပြန်သန်းနေတွှဲငှက်တစ်ကောင်ဟာ ခွန်အားကောင်းလွန်းစွာနဲ့ မည်မျှအထိ ပြန်သန်သွားနိုင်ပါစေ တောင်ပံတစ်စုံ ညောင်းတဲ့အခါ နားခိုရာတစ်ခုလောက်တော့ ရှာမိမှာပါ။
အဲ့ဒီအချိန် အဲ့ဒီအခါ အဲ့ဒီလို အကြောင်းတရားတွေ ဖြစ်တည်လာတဲ့အခါ ငါတို့အားလုံး မင်းရဲ့အနီးအနားကမခွာ ဝိုင်းရံပြီးတော့ ဝမ်းမြောက်ပြူငှာစွာနဲ့ ကြိုဆိုနေပါ့မယ်။
မောပမ်းလာတဲ့မင်းကို စမ်းရည်ပမာ ကြည်လင်အေားမြနေတဲ့ ရေချိုတစ်ခွက် ကမ်းပေးရင်း မင်းရဲ့အတောင်တစ်စုံကို အလှဆင်ပေးကြမှာပါ။
မောပန်းလာတဲ့ မင်းတစ်ယောက် ဘဝအမောတွေ ဖြေနိုင်မှာပါလေ။
ငါဘာတွေဘယ်လိုပဲ ပြောနေပါစေ မင်းရဲ့ခံယူချက် ဦးတည်ရာအတိုင်း မင်းဆက်သွားနေပေမယ့် အတောင်ညောင်းတဲ့တစ်နေ့တော့ မင်းပြန်လှည့်လာရပါလိမ့်မယ်ဆိုတာ အမြဲမပြောင်းလဲပဲ တည်ရှိနေတဲ့ သစ္စာတရားပါလို့ ငါပြောဆိုရင်း မင်းအောင်မြင်ပါစေလို့…………………
@thura

Sort:  

အတောင်ပံမညောင်းသရွေ့ ပျံသန်းပါ
မောပန်းတဲ့အခါ ငါ့ရင်ခွင်မှာ ခိုနားပါပေါ့

တို့များရေးလိုက်တာမှရှည်လွန်းတယ်
ကိုကြီးထွေးမန့်လိုက်တာမှလိုရင်းနဲ့တိုရှင်းသွားတယ်…ဟဲဟဲ

အတောင်ကတော့အတော်ညောင်းနေပြီလေ

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 66441.00
ETH 3217.31
USDT 1.00
SBD 4.22