ရက်ကောင်းရက်မြတ်

in #esteem5 years ago

_20160618_171313.JPG

ဗေဒင်တွေဘက် တစ်ခါလှည့်လိုက်ပါဦးမယ် နေနည်းထိုင်နည်းတော့ ရေးပြီးသွားပြီ အခုတစ်ခါတော့
နေ့ကောင်းရက်မြတ်ရွေးနည်းလေး ရေးပါဦးမယ် မြန်မာ့နည်း မြန်မာ့ဟန်ပေါ့လေ
နေ့ကောင်းရက်မြတ်ကိုတော့ ရက်ရာဇာရယ်လို့ခေါ်ကြပါတယ်
လအလိုက် ဘယ်နေ့တွေက ရက်ရာဇာဖြစ်တယ်ဆိုတာကို ပုံသေ မှတ်ယူထားလို့ရပါတယ်
တန်ခူးလမှာတော့ သောကြာနဲ့ ၄ဟူးက ရက်ရာဇာပါ
ကဆုန်လမှာဆိုရင်တော့ စနေနဲ့ ကြာသာပတေးက ရက်ရာဇာဖြစ်ပါတယ်
နယုန်လမှာကတော့ ကြာသာပတေးနဲ့ စနေပါ
ဝါဆိုလမှာဆိုရင်တော့ ၁နွေနဲ့ ၄ဟူးက ရက်ရာဇာပါ
ဝါခေါင်လမှာတော့ သောကြာနဲ့ ၄ဟူးဖြစ်ပြန်ပါတယ်
တော်သလင်းလမှာ ရက်ရာဇာက ကြာသာပတေးနဲ့ စနေပါ
သီတင်းကျွတ်လမှာတော့ အင်္ဂါနဲ့ကြာသာပတေး ရက်ရာဇာ
တန်ဆောင်မုန်းလမှာဆိုရင်တော့ ၁နွေနဲ့၎ဟူး
နတ်တော်လမှာ ၄ဟူးနဲ့ သောကြာ ဖြစ်ပါတယ်
ပြာသိုလမှာကတော့ ကြာသာပတေး စနေ
တပို့တွဲလမှာတော့ ကြာသာပတေး အင်္ဂါပါ
တပေါင်းလမှာ၁နွေနဲ့ ၄ဟူးဖြစ်ပြန်ပါတယ်
ဒါကတော့ ဆယ့်နှလရာသီတစ်ခွင်မှာ ဆောင်တိုင်းအောင်မယ့်ရက်ကောင်းရက်မြတ်
ရက်ရာဇာများဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပေတော့သည်

Photo Credit : google image
Author : @mm7

Sort:  

ကောင်းလိုက်တဲ့ နေ့ရွေးနည်း မှတ်သားထားပါတယ်လေ

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 63547.08
ETH 3070.13
USDT 1.00
SBD 3.83