အချစ်​သည်​ စိမ်း၏

in #esteem6 years ago

Love is green
ရွာထိပ်​က​ညောင်​ပင်​ကြီး​အောက်​မှာ သူတစ်​​ယောက်​တည်း။
ညမိုးချုပ်​ကာနီးအချိန်​မို့ လူသွားလူလာပြတ်​ပြီ။
ရွာကလူ​တွေ အလုပ်​သိမ်းပြန်​ကြတာ မကြာလှ​သေး...။ကြက်​သွန်​ခင်း​ဆေးဖြန်းပြန်​လာတဲ့ ထွန်းခင်​နဲ့​တောင်​ အခုနကမှ ဆုံလိုက်​​သေးသည်​။

” ဟ​ရောင့်​ ဖိုး​ကျော်​ မပြန်​​သေးဘူးလား ” ​မေးလို့ ​ခေါင်းရမ်းပြလိုက်​​သေး။ဆေးဖြန်းပုံးကြီး လွယ်​ထားတဲ့သူ့ကို ဘယ်​သူက သံသယဖြစ်​မှာတဲ့လဲ ။
သူ ရွာအဝင်​လမ်းကို ​မျှော်​ကြည့်​မိသည်​။

ဒီ​နေ့မှ ခင်​​ထားနောက်​ကျလွန်းလှပါလား....။
လကုန်​ရက်​တိုင်း အပြန်​​နောက်​ကျတတ်​တာ သိ​နေ​ပေမယ့်​ ဒီ​နေ့ပို​နောက်​ကျသည်​​ကော....။
မိုးချုပ်​​တော့မည်​။
မှောင်​ရီပျိုး​တော့မည်​။

ရှိခဲ့ဖူး​သော ချစ်​ခြင်း
ထားခဲ့ဖူး​သော သံ​ယောဇဉ်​​ကြောင့်​ စိတ်​ကပူမိသလို ဖြစ်​သွား​သေးသည်​။
ခေါင်းကို ရုတ်​ခြည်းယမ်းပစ်​ကာ ထိုချစ်​ခြင်းတို့ကို ​မောင်းထုတ်​မိပြန်​သည်​။

မချစ်​ဘူး...
နင့်​ကို ငါမချစ်​ဘူး ခင်​ထား.....။
ငါက ပညာမဲ့
နင်​က ပညာတတ်​​ကျောင်းဆရာမ....

ခေါင်း​တွေ တွင်​တွင်​ယမ်းရင်းမှ သူ မျက်​ရည်​များဝဲတက်​လာသည်​။

ခင်​ထား ရယ်​။
နင်​ ရက်​စက်​တယ်​ဟာ....။
ကျော​ပေါ်မှ ​ဆေးဖြန်းပုံးကို ဖြုတ်​ချပြီး ​ညောင်​ပင်​​ခြေရင်းမှာ ​ခြေဆင်းထိုင်​ရင်း ​ကောင်းကင်​​ပေါ် ​မော့ကြည့်​မိသည်​။
လခြမ်း​ကွေး​ရေး​ရေးသည်​ သူ့ရင်​အပူကို မငြိမ်းနိုင်​.....
.....
.....
ခင်​ထားနှင့်​ သူသည်​ ငယ်​ချစ်​ဟု ဆိုနိုင်​သည်​။
ဒီရွာမှာ​မွေး ဒီရွာမှာကြီး​တွေမို့ တစ်​​ယောက်​အ​ကြောင်း အတွင်းသိအစင်းသိ။
ပညာ​ရေးကံ​ခေ​သောသူကရှစ်​တန်းနှင့်​​ကျောင်းထွက်​လိုက်​ရ​ပေမယ့်​ စာ​တော်​​သောခင်​ထားက ဆယ်​တန်း​အောင်​ကာ ပညာ​ရေး​ကောလိပ်​တက်​ပြီး​ကျောင်းဆရာမဖြစ်​သွားသည်​။

ခင်​ထားဆယ်​တန်းနှစ်​မှာ သူနှင့်​ချစ်​သူ​တွေဖြစ်​ခဲ့သည်​။
ရွာနှင့်​နှစ်​တိုင်​သာသာ သာ ​ဝေး​သော ရွာ​လေးမှာ ခင်​ထားတာဝန်​ကျ​တော့ သူ့မှာ ​ပျော်​လိုက်​သည်​ဖြစ်​ခြင်း။
ချစ်​သူကို ​နေဝင်​မိုးချုပ်​​တွေ့ခွင့်​ရမည့်​ ကိစ္စ...။
ဘယ်​သ​ကောင့်​သား မမြူးပဲ ​နေမတုန်း....
မနက်​ဆို
ချစ်​သူကို ရွာထိပ်​ထိလိုက်​ပို့
ပြီးမှ လယ်​​တွေယာ​တွေ ထဲဆင်း
ည​နေ ရွာထိပ်​ကပြန်​​စောင့်
တစ်​ရွာလုံးက သိ​နေတဲ့ ချစ်​ခြင်းဟာ တစ်​သက်​လုံးကြည်​နူးရလိမ့်​မည်​ဟု သူမိုက်​မိုက်​မဲမဲကို ​တွေးထားခဲ့ခြင်းသည်​ မှားယွင်းသွားခဲ့မှန်း သူသိလိုက်​ချိန်​၌ အလွန်​​နောက်​ကျခဲ့ပြီ.....။

ခင်​ထား ရက်​စက်​သည်​......
မုဆိုးတစ်​ပိုင်း မိန်းမရိုင်းကြီး.....

သူတာဝန်​ကျရာ​ကျောင်းမှ ဆရာ​လေးနှင့်​ ဘာလိုလို ဟု သတင်းကြားကာစ က သူ ခင်​ထားကို ​မေးခဲ့သည်​​ကော​လေ....
ငြင်းလိုက်​စမ်းပါ ခင်​ထားရယ်​ ဟု အားတင်းရင်း ​မေး​ပေမယ့်​ ငြင်းဆန်​ခြင်းမပြုခဲ့တဲ့ ခင်​ထားကို ကြည့်​ရင်း သူ....​ကြေကွဲခဲ့ရသည်​။

နောက်​ဆုံး​တော့
” ငါ့ကို ခွင့်​လွှတ်​ပါ င​ကျော်​ရယ်​...”
ဟူ​သော စကားတစ်​ခွန်းသာ ရင်​နာနာနှင့်​ ကြားခဲ့ရသည်​​လေ။

သိပ်​ရင်​နာရသည်​။
အရမ်းကာ​ရော ​ကြေကွဲ ရသည်​။
ပြီး​တော့ မုန်းသည်​။
အမုန်းမှသည်​ ရက်​စက်​​သောစိတ်​တို့ ထွက်​​ပေါ်လာသည်​။
ရက်​စက်​ခြင်းတို့မှသည်​ မနာလိုမှုတို့ ထွက်​လာသည်​။
ငါ နင့်​ကို မရမှ​တော့ ဘယ်​သူမှ မရ​စေရ ဟု ​တွေးမိလာသည်​။
ခင်​ထား​ရေ နင်​ရက်​စက်​မှ​တော့ ငါကလဲ ရက်​စက်​ရမှာပဲ​လေ။
...
ဒီညဟာ နင်​အသက်​ရှင်​ရမယ့်​​နောက်​ဆုံးညပဲ။
နင့်​ကို ငါ သတ်​ဖို့ ​စောင့်​​နေတယ်​ ခင်​ထား ​ရေ...
......
.......
ဘေးနားချထား​သော ​ဆေးဖြန်းပုံးကို တစ်​ချက်​ငဲ့ကြည့်​ရင်း သူပြုံးလိုက်​သည်​။
မဲ့ပြုံးတစ်​ချက်​ပြုံးရင်း ပုံးကို လှုပ်​ကြည့်​လိုက်​သည်​။
အထဲက​ဆေးရည်​တို့ လှုပ်​ခါသံကို နားဝင်​ချိုစွာနား​ထောင်​ရင်း သူအားရပါးရ ရယ်​မိသည်​....။

” ဟား ဟား ဟား ဟား... ”

ညောင်​ပင်​ထက်​မှ ညဉ့်​ငှက်​တစ်​ချို့ ဝုန်းကနဲ ထ.ပျံသည်​။
ထပ်​ရယ်​မိသည်​။

” ဟား ဟား ဟား ဟား ဟား.... ”
....
....
....
မှောင်​ရီပျိုးပြီ။
အ​မှောင်​ရိပ်​နှင့်​အတိတ်​သည်​ လွန်​စွာလိုက်​ဖက်​​နေသည်​။
သူဘယ်​​လောက်​ အ​တွေးလွန်​သွားသည်​မသိ။
အ​ဝေးဆီမှ ဆိုင်​ကယ်​စက်​သံသဲ့သဲ့ကို ကြားမှ သူသတိပြန်​ဝင်​လာသည်​။
ခင်​ထား ပြန်​လာပြီ။
ဆေးဖြန်းပုံးကို ပြန်​လွယ်​လိုက်​သည်​။
ဆေးဖြန်းပိုက်​တံကို ကိုင်​ပြီး ဘယ်​လက်​က ​လေထိုးတံကို ထိုး​နေလိုက်​သည်​။
ဆေးထွက်​နှုန်း ပြင်းထန်​မှ ဖြစ်​မည်​...။
တွေ့ကြ​သေးတာ​ပေါ့ ခင်​ထားရယ်

ချစ်​သူရယ်​....
မျက်​ရည်​က ဝိုင်းလာပြန်​သည်​...
ခေါင်းပြန်​ရမ်းရင်း ပိုက်​တံကို အဆင်​သင့်​ပြင်​လိုက်​ရသည်​....
ခင်​ထား....​ရေ
ဆောရီးပါဟာ
နင်​ ​ကောင်းရာသုဂတိလားပါ​စေ....
.....
.....
ဆိုင်​ကယ်​မီး​ရောင်​ကို မြင်​ရပြီ
သူ အလွတ်​ရ​နေတဲ့ ဆိုင်​ကယ်​စက်​သံ
ဒါ ခင်​ထားပဲလို့ သူသိ​နေပါသည်​။
အနား​ရောက်​သည်​နှင့်​ သူ​ညောင်​ပင်​​အောက်​က ထွက်​လိုက်​သည်​။
ဆိုင်​ကယ်​မီး​ရောင်​​ရှေ့မှာ မြင်​လိုက်​ရသည်​မို့ ခင်​ထား အံ့သြသွားမည်​ထင်​ပါရဲ့...
ဆိုင်​ကယ်​သည်​ ရုတ်​ခြည်းရပ်​သွားသည်​။ဆိုင်​ကယ်​ဦးထုပ်​ကို ပင့်​ရင်း သူ့ကို ကြည့်​သည်​...

” ဟင်​ င​ကျော်​....ဒီအချိန်​.....ကြီး နင်​....”

တုန်​ယင်​​နေ​သော ခင်​ထားအသံကို အရသာရှိစွာနား​ထောင်​ရင်း သူရယ်​လိုက်​သည်​...။
ဗီဒီယို​တွေထဲက လူကြမ်းတစ်​ချို့ရီသံနှင့်​နည်းနည်းများ ဆင်​သွားမလား....။
မတူဘူးထင်​ပါရဲ့။
ထပ်​ရီလိုက်​သည်​။

” ဟင်း ဟင်း ဟင်း..... ”

နဲနဲတူသွားပြီ။

” နင်​ ငါ့​ရှေ့က ဖယ်​စမ်း င​ကျော်​ ဒါဘာလုပ်​တာလဲ နင်​...”

သူ ပခုံးတွန့်​ပြလိုက်​​ပေမယ့်​ ပခုံးထက်​က ​ဆေးပုံးအ​လေးချိန်​​ကြောင့်​ သိပ်​မပီပြင်​လိုက်​....။

” ငါ နင့်​ကို လာ​စောင့်​​နေတာ ခင်​ထား....”

” ဘာ.... ဘာလုပ်​ မလို့လဲ... ”

သူ ​ဆေးဖြန်းပိုက်​တံကို အဆင်​သင့်​ပြင်​ရင်း တစ်​လုံးချင်း​ပြောလိုက်​သည်​။

” နင့်​ကို သတ်​မလို့ ”

” ဘာ ”

အထိတ်​တလန့်​ဖြစ်​သွား​သော ခင်​ထားကို အရသာခံကြည့်​ရင်း ဆိုင်​ကယ်​​ဘေးနားကို သူတစ်​လှမ်းချင်းတိုးကပ်​သွားလိုက်​သည်​။ခင်​ထားကဆိုင်​ကယ်​​ပေါ်မှ ဆင်းရန်​ ဟန်​ပြင်​သည်​။

” သတ်​မလို့ ဟလား....”

” ​အေး ”

သူ့ကို ခင်​ထား အနုလုံပဋိလုံကြည့်​သည်​။

” နင်​က ငါ့ကို ဘာနဲ့ သတ်​မှာလဲ... ”

သူ​မျှော်​လင့်​ပြီးသား​မေးခွန်းပဲ။
ဆေးဖြန်းပိုက်​ကို ​မြှောက်​ပြလိုက်​သည်​။

” ဒါ နဲ့ သတ်​ မှာ.... ”

” ဟင်​ ပိုးသတ်​​ဆေး​တွေလား င​ကျော်​.... နင်​မယုတ်​မာနဲ့​နော်​.. ”

” ဟင်း ဟင်း နင်​​တောင်​ငါ့ကို ရက်​စက်​မှ​တော့ ငါကလဲ နင့်​ကို
အရှင်​မထားဘူး ခင်​ထား.....ကဲ.....”

သူ ​ဆေးဖြန်းပိုက်​ကို ခင်​ထားထမီဆီ ဦးတည်​လိုက်​ပြီး ခလုတ်​ဆွဲညှစ်လိုက်​​တော့သည်​။

” ရှူး ရှူး.... ”

” ဟဲ့ ဟဲ့ ဘယ်​ဖြန်း​နေတာလဲ ဟဲ့ င​ကျော်​....”

ခင်​ထား၏ ခါး​အောက်​ပိုင်းကို တရစပ်​ဖြန်းပစ်​လိုက်​သည်​။

” င​ကျော်​..... ဟဲ့ နင်​ဘာလုပ်​တာလဲ ဟဲ့ င​ကျော်​...”

သူ ဘာကိုမှ ဂရုမစိုက်​ပါ။
ဆေးကိုတွင်​တွင်​ဖြန်းရင်း.....

” ​သေ... နင်​​သေစမ်းခင်​ထား ငါ့ကို ရက်​စက်​တဲ့ဟာမ
သေလိုက်​စမ်း ခင်​ထား နင်​​သေစမ်း....”

တတွတ်​တွတ်​ရွတ်​ရင်း ဖြန်းပစ်​​နေတာ ဘယ်​​လောက်​ကြာသွားသလဲ မသိ....
ခင်​ထား ဆိုင်​ကယ်​​မောင်းထွက်​သွားမှ သူသတိဝင်​လာသည်​။

” ဟင်​..... ခင်​ထား မ​သေပါလား....”

ရွာထိပ်​​ညောင်​ပင်​​အောက်​တွင်​ ​ဆေးဖြန်းပုံးကြီး လွယ်​ရင်း သူ​ကြောင်​ပြီး ကျန်​​နေခဲ့သည်​။

ညသည်​ ပို​မှောင်​လာခဲ့ပြီ......
.....
......
နောက်​တစ်​​နေ့ မနက်​ခင်း...။
ရာအိမ်​မှူးကိုကြာမှုံက သူ့ကိုလာ​ခေါ်သည်​။
ဥက္ကဌက ​မေးစရာရှိလို့ တဲ့။

ဘုရား​ရေ ခင်​ထား ​သေများသွားပြီလား...။

” ကိုကြာမှုံ ခင်​ထား​ရောဗျ ခင်​ထား​လေ...”

” သူကြီးအိမ်​မှာ မင့်​​စောင့်​​နေတယ်​...”

” ဟင်​ ”

ဒါဖြင့်​ ခင်​ထားမ​သေဘူး​ပေါ့ ။
ဝမ်းသာခြင်းနှင့်​အတူ ​ဒေါသက ငယ်​ထိပ်​တက်​​စောင့်​သည်​။
ဘာလို့ မ​သေတာလဲ
ဒါ ဖြင့်​ ဟိုလူ​ပြောတာ မဟုတ်​ဖူး​ပေါ့ ။

သူကြီး ​ခေါ် ဥက္ကဌအိမ်​​ရောက်​​တော့ လူ​တွေအ​တော်​စုံ​နေပြီ။
အားလုံးအလယ်​မှာ တရှုံ့ရှုံ့ငို​နေ​သော ခင်​ထားကို​တွေ့ရသည်​။
ခင်​ထားအ​ဖေသည်​ ရွာ၌ မျက်​နှာကြီးမျိုးမို့ သခင်​အားရကျွန်​ပါးဝလုပ်​ချင်​​သော လူတစ်​သိုက်​က သူ့ကို ရိုက်​မည်​ တကဲကဲ...။
သူကြီးတားထားလို့သာ သက်​သာရာရ​ပေချိမ့်​ ။

” လာ ထိုင်​...င​ကျော်​... ”

ငို​နေ​သော ခင်​ထားက သူ့ကို​မော့ကြည့်​ပြီး မျက်​ရည်​များကို ဆတ်​ကနဲသုတ်​ကာ ခပ်​တင်းတင်းကြည့်​၍ ဖြတ်​ကနဲမျက်​နှာလွှဲသည်​။
အော်​.... ခင်​ထား ရယ်​...။

နင်​ အရမ်း​ပြောင်းလဲသွားခဲ့ပြီကိုး... ။

” ကဲ င​ကျော်​ ခင်​ထားက တိုင်​ချက်​ဖွင့်​ထားတယ်
မ​နေ့ညက မင်း သူ့ကို သတ်​ဖို့ ကြိုးစားခဲ့တယ်​ဆို ”

မငြင်းလို​တော့ပါ ခင်​ထားရယ်​...။
ရင်​နာလှချည့်​ ။

” ဟုတ်​ကဲ့ သူကြီး ကြံစည်​မိပါတယ်​...”

လူ​တွေ အုပ်​အုပ်​ကျက်​ကျက်​ဖြစ်​သွားသည်​။
ထိုးကွာ ချကွာ​တွေ ဖြစ်​ကုန်​သည်​။
ခင်​ထားအ​ဖေက ​တောက်​တစ်​ချက်​​ခေါက်​ပြီး င​ကျော်​မင်းကွာ ဟု ​ရေရွတ်​သည်​။
သူကြီးက လက်​ကာပြရင်း...

” ​မေးပါအုံးမယ်​ င​ကျော်​ရ မင်းခင်​ထားကို ​ဆေးဖြန်းပုံးထဲက
ဆေးရည်​နဲ့ ဖြန်းသတ်​တာဆို...ကွ ”

သူ​ခေါင်းညိတ်​ပြလိုက်​သည်​။

” ပုံးထဲမှာ ဘာ​တွေပါလဲ ပိုးသတ်​​ဆေးလား.. ”

သူ​ခေါင်းရမ်းပြလိုက်​သည်​။

” ​မင်း​ဆေးဖြန်းပုံးကို ငါတို့ သိမ်းလာခဲ့ပြီ​နော်
ညာဖို့ မကြိုးစားနဲ့
ပြော အထဲကဘာ​ဆေး​တွေလဲ ”

ခေါင်းပဲငုံ့​နေခဲ့သည်​။

” င​ကျော်​.... ​ပြော​လေကွာ ပိုးသတ်​​ဆေးမဟုတ်​ရင်
ဘာ​တွေလဲ....​ပြော ”

သူ ခင်​ထားကို လှမ်းကြည့်​လိုက်​မိသည်​။
ချစ်​ခဲ့ဖူး​သော ချစ်​သူ၏မျက်​နှာသည်​ တင်းမာလွန်းစွ။
မာထန်​လွန်းစွ....။
သူ သက်​ပြင်းရှည်​တစ်​ချက်​ချလိုက်​သည်​။

” အဲ့ ပုံးထဲမှာ ထည့်​ထားတာ ​ပေါင်းသတ်​​ဆေး​တွေပါ ”

လူ​တွေ ကြွက်​စီကြွက်​စီဖြစ်​ကုန်​ပြန်​သည်​။
ပေါင်းသတ်​​ဆေးတဲ့ဟဲ့
ပေါင်းသတ်​​ဆေးဆိုပါလား....
ဘယ်​​ပေါင်းသတ်​​ဆေးလဲ....​တွေ ဘာ​တွေ ဖြစ်​ကုန်​သည်​။

သူကြီးက ထိုင်​ခုံ​အောက်​က တစ်​စုံတစ်​ခုကို လှမ်းယူသည်​။
စားပွဲ​ပေါ် တင်​သည်​။

” ဒီ​ဆေးလား....”

လူ​တွေက ထူးဆန်း​သော သတ္တဝါတစ်​​ကောင်​လို ထိုဗူးကို ဝိုင်းကြည့်​ကြသည်​။သူတို့ရွာက ​ပေါင်းသတ်​​ဆေးဖြန်းခဲသည်​။ပိုးသတ်​​ဆေး ရွက်​ဖြန်း​ဆေး​တွေသာ ဖြန်း​နေကျမို့ ​ပေါင်းသတ်​​ဆေးဆို​တော့အထူးအဆန်းဖြစ်​ပုံ​ပေါ်သည်​။
ဟဲ့ ဗူးကြီး ဟဲ့
ဒါကြီးလား​ပေါင်းသတ်​​ဆေးဆိုတာ....
င​ကျော်​ရယ်​ရက်​စက်​ချက်​ .... အသံ​တွေက ဗလုံးဗ​ထွေးပြန်​​ပေါ်လာကြပြန်​သည်​။

” ပြီး​တော့..... ”

သူကြီးက​ပြောရင်း ခင်​ထားကို ငဲ့ကြည့်​လိုက်​သည်​။

” ပြီး​တော့ မင်း ခင်​ထားကို ခါး​အောက်​ပိုင်းပဲ လှိမ့်​ဖြန်း​နေတာဆို”

လူ​တွေအကြည့်​က သူ့အ​ပေါ်ပြန်​ကျလာသည်​။
ခင်​ထားကလဲ လှမ်းကြည့်​သည်​။

” ​ဟေ့​ကောင်​ ငါ​မေး​နေတယ်​ ​ဖြေ​လေကွာ... ”

” ဟင်းးး ”

သက်​ပြင်းတစ်​ချက်​ ခပ်​​လေး​လေး ချရင်း....

” ဟိုလူ့​ကြောင့်​​ပေါ့ဗျာ... ”

” ဘယ်​သူလဲ ”

” ဟိုလူပါဆိုဗျာ သူကြီးကလဲ ”

” ​အေး​လေ ဘယ်​သူလဲ လို့..... ”

ခင်​ထားအ​ဖေက ဝုန်းဆို မတ်​တပ်​ရပ်​သည်​။

” ခင်​ထားကို သတ်​​ပေးဖို့ မင်းကို တစ်​​ယောက်​​ယောက်​က ခိုင်း
တာလား ​ဟေ့​ရောင်​... အဲ့​ကောင်​ဘယ်​သူလဲ ​ပြောစမ်း
မင်းကို ဘယ်​​လောက်​​ပေးသလဲ ​ပြောစမ်း.. ”

” ဒီ​ကောင်​ကွာ ​ငွေအတွက်​နဲ့ လုပ်​ရက်​တယ်​ကွာ ”

ရှုပ်​ပါတယ်​ကွာ ရိုက်​ကွာ နှက်​ကွာ....။အ​ခြေအ​နေက ရှင်းမရပြုမရပြန်​ဖြစ်​ကုန်​သည်​။

” ခင်​ဗျားတို့ကလဲ ​နေစမ်းပါအုံးဗျာ ကျုပ်​​မေးပါရ​စေအုံး... ”

သူကြီး​ငေါက်​လိုက်​မှ အားလုံးငြိမ်​သွားသည်​။

”...ကဲ င​ကျော်​ ဘယ်​သူလဲ မင်း​ပြောတဲ့ ဟိုလူဆိုတာ.. ”
...
...

” ​ဟေ့​ရောင်​ င​ကျော်​ ”

” ​ဈေးဖိတ်​​နေ့က ရွာကို ​ဆွေး​နွေးပွဲလာလုပ်​သွားတဲ့ ကုမ္ပဏီက လူ
ကို ​ပြောတာပါ.... ”

” ​ဟေ.... ”

အကုန်​ငြိမ်​ကျသွားသည်​။

” ​နေပါအုံး ...(---)ကုမ္ပဏီက ဆရာ​လေး လား.... စိုက်​ပျိုး​ရေး​ဆွေး​နွေးပွဲ လုပ်​သွားတာ​လေ.... ငါ​တောင်​ ဖိတ်​စာ​တွေ​ဝေ​ပေးလိုက်​တာပဲ ကြာမှုံလိုက်​ဖိတ်​ခဲ့တာမဟုတ်​လား.... သူလား ခင်​ထားကို သတ်​ခိုင်းတာ ”

” အာ မဟုတ်​ပါဘူးဗျာ....အဲ့ဆရာ​လေးနဲ့ခင်​ထားကသိ​တောင်
မသိဘူး....”

” ဒါဖြင့်​ အဲ့ဆရာ​လေးနဲ့ ဘာဆိုင်​သတုန်း မင့်​ဟာ....”

” ကျွန်​​တော်​နဲ့ခင်​ထား ကြိုက်​​နေကြတာ တစ်​ရွာလုံးသိတယ်​​နော်​”

အ​ရေးထဲကွာ....
ပြောမှာမ​ပြောဘူး
မင်းသား ရယ်
လွမ်းချင်း​တွေလုပ်​​နေပြန်​ပြီ...
ပွစိပွစိ​ပြောကြပြန်​သည်​။

” အခု ခင်​ထားက ကျုပ်​ကို မကြိုက်​​တော့ဘူးဗျ... ”

ခင်​ထားဖက်​လှည့်​ကြည့်​ကြသည်​။

” ရက်​စက်​တဲ့ခင်​ထားကို ကျုပ်​သတ်​ချင်​တယ်​ ဒါ​ပေမယ့်
သတ်​လဲ မသတ်​ရဲဘူး ....”

ခဏ နားလိုက်​သည်​။
သူ ​မေး​ကြော​တွေတင်း​နေမလား မသိ...။

” အဲ့ဒါ ​ဈေးဖိတ်​​နေ့က ကုမ္ပဏီက​ကြော်​ငြာတဲ့ ပွဲမှာ ​ဟော​ပြောတဲ့
ဆရာ​လေးက ​ပေါင်းသတ်​​ဆေးအ​ကြောင်းထည့်​​ပြောတယ်​​လေ ”

” အင်း ဟုတ်​တယ်​​လေ......”

” အဲ့မှာ အဲ့ဆရာ​လေးက ​ပြောတယ်​​လေ သူကြိးမှတ်​မိလား...
ရွေးချယ်​​ပေါင်းသတ်​​ဆေးနဲ့​ရွေးချယ်​မဲ့​ပေါင်းသတ်​​ဆေးဆိုတာ...”

သူကြီးက ခပ်​တည်​တည်​ဖြင့်​ ​မေး​စေ့ပွတ်​ကာ မှတ်​မိ​ယောင်​ပြသည်​။

” အိမ်း... ”

” ​ရွေးချယ်​​ပေါင်းသတ်​​ဆေးဆိုတာ ကိုယ်​စိုက်​တဲ့အပင်​ကျန်​ပြီး
ပေါင်းပင်​​ပဲ ​သေတဲ့​ဆေး ....... ​ရွေးချယ်​မဲ့ဆိုတာ စိုက်​ထားသမျှ
အပင်​ အကုန်​​သေတဲ့​ဆေး....
အဲ့ဆရာ​လေးက ဆက်​​ပြော​သေးတယ်​​လေ
ရွေးချယ်​မဲ့​ဆေးဟာ စိမ်းစိမ်းမှန်​သမျှ အကုန်​​သေတယ်​ တဲ့
ကျောင်းဆရာ ​ကျောင်းဆရာမ​တွေအခင်းနားမဖြတ်​​စေနဲ့ တဲ့
လုံချည်​အစိမ်း ထမီအစိမ်းဝတ်​ထားရင်​ ​သေသွားလိမ့်​မယ်​ တဲ့
ခင်​ဗျားတို့​တောင်​ ဝိုင်းရယ်​ခဲ့ကြ​သေးတာ.....
အဲ့ဒါနဲ့ အဲ့ဆရာ​လေးကို​ဆေးနာမည်​​မေး မြို့​ပေါ်တက်​ဝယ်
ကျန်​တာက​တော့ အားလုံးသိပြီးသားပဲ.... ”

အားလုံး​ကြောင်​သွားကြသည်​။
ရုတ်​တရက်​ သူဘာ​ပြောလိုက်​မှန်းမသိကြ...။
ပထမဆုံး သတိဝင်​လာတာက သူကြီး... ။

” ဒါ.....ဒါဖြင့်​ မင်းက ခင်​ထားကို ​ပေါင်းသတ်​​ဆေးနဲ့ ဖြန်းတာ
ထမီကိုပဲ ဖြန်းတာ.... အဲ့ဆရာ​လေး​ကြောင့်​​ပေါ့.... ”

ခေါင်းညိတ်​ပြလိုက်​​တော့ ရယ်​သံနဲနဲထွက်​လာသည်​။
သူကြီးကပြုံးစိစိလုပ်​​တော့ ဘယ်​သူမှ မထိန်းနိုင်​​တော့။
ဝါးကနဲ ရယ်​ကြ​တော့သည်​။
ခင်​ထားပင်​ပြုံးစိစိ...။

” အားလုံးတိတ်​စမ်း....”

ခင်​ထားအ​ဖေက ဝင်​​ငေါက်​​တော့မှ ရှဲကနဲ ငြိမ်​။

” ထမီမဖြန်းမိပဲ ပါးစပ်​ထဲဝင်​သွားရင်​ ဘယ့်​နှယ်​လုပ်​မလဲ
သူကြီး ခင်​ဗျားလူကြီးဖြစ်​ပြီး ဝင်​ရယ်​​နေတယ်​ ဟုတ်​လား...”

သူကြီးကမျက်​နှာပိုးသတ်​ပြီး....

” မဟုတ်​ပါဘူးဗျာ ဟိုဆရာ​လေးက ရီစရာ​ပြောသွားတာကို
တစ်​ရွာလုံးသ​ဘော​ပေါက်​တယ်​ ဒီ​ကောင်​ယုံတာကို ရီချင်​တာပါ”

” ဒါ ကြံစည်​မှုပဲ ကျုပ်​ ရဲတိုင်​မှာ... ”

” ကျုပ်​က​တော့ ကိုယ့်​ရွာသားအချင်းချင်း ခံဝန်​ကတိ ​လေးပဲ.. ”

” ဘာ...ဗျ မရဘူး ကျုပ်​မ​ကျေနပ်​ဘူး... ”

...
....
...
...
ညသည်​ ပိန်းပိတ်​​အောင်​ ​မှောင်​​နေပြီ....။
ခြင်​တို့ကို ယမ်းရင်းက ​ကောင်းကင်​​ပေါ်​မော့ကြည့်​မိသည်​။
မိုးသားတို့ တက်​​နေ၍ လ,ခြမ်း​ကွေး​လေးပင်​ မမြင်​ရ။
သူကြီးအိမ်​​အောက်​ ထိတ်​တုံးထဲ သူ့​ခြေ​ထောက်​နှစ်​ဖက်​ကိုထည့်​ထားခြင်းခံ​နေရတဲ့ ဘဝ....။
ခင်​ထားအ​ဖေက​တော့ မနက်​မြို့တက်​ပြီး ရဲစခန်းသွားမည်​တဲ့ ။
သူ ​ထောင်​ကျ​တော့မည်​လား... မသိနိုင်​ပါ။

အခု​တော့
တစ်​ရွာလုံးကိုမုန်း​နေသည်​။
သူကြီးကို မုန်းသည်​။
ခင်​ထားကို မုန်းသည်​။
အဆိုးဆုံးက
ဟို စိုက်​ပျိုး​ရေးကုမ္ပဏီက ဆရာ​လေးကို ပိုမုန်းသည်​....။။။

” ​တောက်​ ”

image

Sort:  

World of Photography
>Visit the website<

You have earned 6.50 XP for sharing your photo!

Daily Stats
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.30
Block time: 2018-06-04T14:18:12
Account Level: 0
Total XP: 6.50/100.00
Total Photos: 1
Total comments: 0
Total contest wins: 0
When you reach level 1 you will start receiving up to two daily upvotes

Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank

Congratulations @minmin009! You have completed some achievement on Steemit and have been rewarded with new badge(s) :

You got your First payout
Award for the number of upvotes

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do you like SteemitBoard's project? Then Vote for its witness and get one more award!

Congratulations @minmin009! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - The results, the winners and the prizes

Do you like SteemitBoard's project? Then Vote for its witness and get one more award!

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64104.40
ETH 3148.52
USDT 1.00
SBD 4.25