အောင်မြင်ခြင်းဆီသို့ ရောက်လုနီးပီလား ?

in #esteem6 years ago (edited)

![image]()


ကမ္ဘာပေါ်ရှိလူပေါင်းများစွာဟာ စားဝတ်နေရေး

မိသာစု  လူမှုရေး အစရှိသဖြင့်ရုန်းကန်

လှုပ်ရှားကူးလူးဆက်သွယ်နေကြရာဝယ် ချမ်းသာ

မှုဆိုတဲ့ အသီးပွင့်တော့စားနိုင်ချင်တဲ့သူတွေပါ။

ချမ်းသာမှု တစ်ခုရဖို့ သို့မဟုတ်ချောင်ချောင်လည်

လည်နေထိုင်နိုင်ဖို့် နေ့သစ်တွေမှာ ရရှိလာတဲ့အလုပ်

မှန်သမျှကိုလုပ်ကိုင်ပြီး ဘဝမွေးအသက်ဝမ်းကျောင်း

ပြုရင်းဖြင့် successful ဆိုတဲ့ ဘဝကို ပိုင်ဆိုင်သွား

ကြတဲ့သူတွေရှိသလို failure Life တွေလည်းရှိနေ

ကြစမြဲပါ။သို့မဟုတ် ချမ်းသာကြွယ်ဝပြီးကာမှ ဆင်း

ရဲတွင်းထဲသို့ ချဉ်းနင်းဝင်ရောက်သွားကြသူတွေ

ပတ်ဝန်းကျင်မှာကြည့်လိုက်ရင်နေ့စဉ်အမျှမြင်တွေ့

ကြရပါအုံးမယ်။အောင်မြင်ခြင်းတစ်ခုရဖို့ကျားကုတ်

ကျားခဲ ကြိုးစားရပါလိမ့်မယ်။စကားတစ်ခုအနေနှင့်

အောင်မြင်ခြင်းကိုလွယ်လွယ်ပြောလို့ရပေမဲ့ အလုပ်

တစ်ခုလုပ်ပြီး အောင်မြင်မှုကိုသက်သေပြဖို့ အတော်

ကြိုးစားရလိမ့်မယ်။ငယ်ငယ်က ကလေးဘဝမှာ 

ပင့်ကူအိမ်လေးတွေကိုတွေ့ရင် ကလေးသဘာဝ

ပီပီ ဖမ်းဆီးလိုက် သူတို့ရဲ့ အိမ်လေးတွေကို ဖျက်လိုက်

ကစားခဲ့ဖူးကြမှာပါ။ဒါပေမဲ့ အဲဒီပင့်ကူလေးတွေ သူတို့

ကိုလွှတ်ပေးလိုက်တဲ့နောက်တစ်နေ့မှာ အဲဒီနေရာကို

သွားကြည့်လိုက်ရင် အရင်ကထက်ပိုကြီး ပိုခိုင်ခံ့တဲ့

ပင့်ကူအိမ်လေးတွေ တွေ့ရပါလိမ့်မယ်။သူတို့ဘယ်

လောက်ပဲ ဖျက်ဆီးခံရပါစေ သူတို့ရဲ့ အိမ်အသစ်

အသစ်လေးတွေ ပိုမိုခိုင်ခံ့အောင်ပြုလုပ်ပြီး ထပ်မံ

ဆောက်ကြပါတယ်။သူတို့ရဲ့ ဆုံးရှုံးမှုကို ကျဆုံးခွင့်

လုံးဝမပေးပါဘူး၊ကျနော်တို့ဘဝမှာလဲ အောင်မြင်မှု

တစ်ခုရဖို့ ကြိုးစားတိုင်း ကျရှုံးမှု အဆင်မပြေမှုတွေ

အားငယ်မှုလက်လျော့မှုတွေဖြစ်လာတိုင်း ပင့်ကူလေး

များလိုပဲ အားမွေးသင့်ပါတယ်။မြန်မာစကားပုံတစ်ခု

ရှိပါတယ် ခိုးစားတော့ခွေးဟောင်၊လယ်လုပ်တော့မိုး

ခေါင်ဆိုတာ ဘယ်အရာမှ အဆင်မပြေ အထစ်အငေါ့

စိတ်ပျက်စရာကောင်းတဲ့အခြေနေကို ထိထိမိမိပြော

တာပါ။ဟုတ်ပါတယ် အဆင်မပြေမှုတွေနဲ့ရုန်းကန်တက်

ရတဲ့ ဘဝဟာ ရလာတဲ့အသီးအပွင့်က အရမ်းပိုပြီးချို

မြိန်ပါတယ်။စားလို့လဲအရမ်းကောင်းပါတယ်။


![image]()


ဘာလို့

ဆိုရင် မိမိရဲ့ချွေးစက်တွေနဲ့ မိမိကိုယ်တိုင်တည်ဆောက်

ခဲ့လို့ မိမိလက် မိမိဉာဏ်ပညာတွေနဲ့ ပဲ့ကိုင်ခဲ့လို့

မိမိဥယျာဉ်လေးသီးပွင့်ဝေဆာနေချိန်မှာ ဘယ်ဥယျာဉ်

မှုးကများ မကြည်နူးပဲရှိပါ့မလဲ။အဲတာကြောင့် အောင်

မြင်မှုရလိုရင် အခက်ခဲများကို အောင်မြင်စွာကျော်ဖြတ်

နိုင်ဖို့အားထုတ်ရမယ်။မိမိကိုယ်သာ မိမိအားကိုးရာဟု

မြတ်စွာဘုရား ကိုယ်တိုင် သူ၏ဖြတ်သန်းခဲ့ရသော

အတွေ့ကြုံများနှင့် မနှိုင်းယှဉ်နိုင်သော ဉာဏ်တော်ဖြင့်

ဟောကြားခဲ့ပြီးပါပီ။မိမိတို့သည် မိမိတို့ကိုယ်တိုင်

လေးစားရသောသူ၏ စကားများဆိုရင် သူဘယ်လို

စကားမျိုးပဲပြောပါစေ နားဝင်လွယ်သလို စိတ်ထဲဝယ်

စွဲမြဲစွာ ထည့်သွင်းသိုလှောင်ပြီး လိုက်နာကျင့်သုံးလိုက်

ကြတယ်။အောင်မြင်ခြင်းတွေကို ထူထောင်နိုင်ဖို့

ထို့သို့ စိတ်ဓာတ်ကိုပဲ့ကိုင်ပေးတဲ့ စကားမျိုးတွေနဲ့ထူ

ထောင်ပြီး မိမိဉာဏ်ပညာကို ပဲ့ကိုင်နိုင်တဲ့အခါ ကျရှုံး

သွားလည်းပဲ ပင့်ကူလေးများလို အရေးတယူ ပူဆွေး

မှုတွေ ဖြစ်နေမှာမဟုတ်တော့ပါဘူး။ကျဆုံးလေ

အကြောင်းရင်းကိုရှာပြီး တိုးတက်အောင်လုပ်ရင်း

နောက်ဆုံးပန်းတိုင်ကို စွဲကိုင်နိုင်မှာပါ။ကျရှုံးတဲ့သူမှာ

အကြောက်တရားတွေကို တွန်းထုတ်ပစ်နိုင်တဲ့သတ္တိ

ရှိရမယ်။တိုးတက်နိုင်တဲ့နည်းလမ်းရှာရမယ်။ဘယ်လို

နည်းလမ်းလဲဆိုရင် မိမိတို့ပတ်ဝန်းကျင်မှာ လိုက်ရှာ

ဖွေရမယ်။ရှာဖွေလေတွေ့ရှိလေဆိုတာ စကားလှအောင်

သုံးတာမဟုတ်ပါဘူး။အမှန်တကယ်လက်တွေရှာ

ကြည့်ရင်သိလာလိမ့်မယ်။နည်းလမ်းအပေါ်မှာ ကြံဆ

လို့ရသမျှ တိုးတက်အောင်လုပ်ကိုင်ပါ။တီထွင်ကြံဆနည်း

လမ်းရ မုချအောင်မြင်မှာ အောင်မြင်ဖို့ရေး ထက်သန်ပေး

တွန်းပေး လုံ့လမှာ... လုံ့လ ဝိရီယ စိတ်နဲ့ ပညာ အဲဒီ

လေးခုညီပြီး အမြဲမပြတ်လေ့လာစူးစမ်းခြင်းလုပ်ရမယ်။

အောင်မြင်ချင်သူဟာ ဘယ်အရာမဆို လုပ်ရဲတဲ့ သတ္တိ

ရှိရမယ်။လုပ်လဲလုပ်နိုင်ရမယ် စွန့်စားမှုလဲ ရှိရမယ်

သေရင်မြေကြီးရှင်ရင်ရွှေထီးစိတ်ဓာတ်မျိုးထားရမယ်။


![image]()


အဲသလိုဆိုရင် အောင်မြင်ချိန်မှာ ရွှေထီးမကဆောင်း

ရလိမ့်မယ်။စိတ်ဓာတ်တွေမကျပါနဲ့။အောင်မြင်မှုဆီ

သွားဖို့မရပ်တန်ပါနဲ့။ကိုယ့်ကိုကိုသတိပေးနေဆဲ

ကို့ကိုယ်တိုင် ကြိုးစားနေဆဲ ကိုယ်ကိုတိုင် လျောက်

လှမ်းနေဆဲ အဲတာမှ မိမိဘဝကို မိမိအလှဆုံး 

အသပ်ရပ်ဆုံး ဖော်ကျူးနိုင်လိမ့်မယ်..............။


Original Writer By July Brave

![image]()


Post By JAN - 31 - 18 ( 2:44 PM )


Image By Google.

Sort:  

uni code - zawgyi နှစ်မျိုးလုံးတင်လေ

Do not like this post bro, every will use uni font for. Chrome.

This post has received a 8.37 % upvote from @sleeplesswhale thanks to: @julybrave.

I don't understand, why loss value ago i got like that?

This post has received a 2.98 % upvote from @boomerang thanks to: @julybrave

Thank you julybrave for making a transfer to me for an upvote of 2.57% on this post!

Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem!

The other half helps holders of Steem power earn about 60% APR on a delegation to me!

For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily?

To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?

Coin Marketplace

STEEM 0.32
TRX 0.11
JST 0.034
BTC 66654.57
ETH 3250.95
USDT 1.00
SBD 4.33