မေးပါရ​စေ ​မောင်​ကြီး​ရေ

in #esteem6 years ago

မောင်​ကြီးတို့ အညာ
သာပါစ​မေး။
ကျေးလက်​ငယ်​ ပကတိကို
ရှုကြည့်​ကွဲ့​လေး။

မောင်​ကြီးရဲ့သဒ္ဒါ
ဖြူ ပါစ​မေး။
သီလကို လုံ​အောင်​ထိန်းတယ်
အေးငြိမ်းဖို့​လေး။

မောင်​ကြီးရဲ့ ကညာ
လှပါစ​မေး။
လေး​တော်​ဝင်​ မိန်းမမြတ်​နှယ်
စိတ်​ဓာတ်​ဖြူ​ ​ဖွေး။

ပျို့​မောင်​ကြီး အညာ
လှပါရဲ့​လေး။
ရွာအဝင်​ ​ညောင်​ညိုရိပ်​ဝယ်
မှေးအိပ်​ချင်​​သေး။

ပျို့​မောင်​ကြီး သဒ္ဒါ
ဖြူ ပါရဲ့​လေး။
ချစ်​​မေတ္တာ လက်​ကိုင်​သုံးတယ်
နှလုံးဖြူ ​ဖွေး။

ပျို့​မောင်​ကြီး ကညာ
ပျူ ငှါလို့ ​ယဉ်​​ကျေး။
လှထိပ်​​ခေါင်​ သရဖူဘွဲ့ကို
ထုံးဖွဲ့ဆင်​​ပေး။
image
MSU-035
@htoohan

Sort:  

ကောင်းတယ်ဘရို။ ကျွန်တော် C2 အတွက်ကိုရွေးပေးလိုက်မယ်

အညာပြောပြီး ဂျုံခင်းကြီးတင်ထား အညာမှာမရှိဘူး

လာလည်ချင်ပါဘိအညာ

This post has received a 3.13 % upvote from @drotto thanks to: @htoohan.

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.033
BTC 63243.61
ETH 3078.23
USDT 1.00
SBD 3.89