တန်​​ဆောင်​တိုင်

in #esteem5 years ago

*** တန်ဆောင်တိုင် ည ***

လမင်းရဲ့အလင်းတို့ ရွှန်းရွှန်းမြမြ
တရွဲရွဲကျနေကြရဲ့
နှင်းပွင့်ဖြူဖြူ
မြူမှုန်ကကြိုးကို ဆင်နေကြရဲ့။

ည……
ဒီညကို
ဘယ်သူပိုင်ဆိုင်ထားသလဲကွယ် ???။

ရေရာခြင်းတစ်ခုကို
သေချာစွာသိတယ်
ဒီညမှာ
{ ကျွန်မလည်း }
အေးချမ်းနေတယ် ။

တေးသီငှက်တို့ အလစ်မှာ
တိတ်တိတ်ဆိတ်ဆိတ်လေး
ချောင်းကြည့်
ဒီည
လပြည့်ည ဖြစ်တယ် ။

နေမင်းကြီး အိပ်ချိန်မှ
နေရာယူ စိုးမိုး
အေးမြခြင်း တစ်ခုကိုပါ
အပို ယူဆောင်လာရဲ့ ။

ည ……
ဆေးအပေါင်းခသတဲ့ ။

ည………
ဒီည ......
{ ကျွန်မ သိတာတော့ ……}

အတော်လေး အေးချမ်း လှပနေလေရဲ့ကွယ် ။

အို ……
ည ရယ်လေ ………
…………………………
…………………………… ။ ။

##လကအကြီးကြီးဆိုတော့လကြီးပေါ့နော့

I'm ATM.
Msu 021. image

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

သင့်​ခ်

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.033
BTC 63458.69
ETH 3084.37
USDT 1.00
SBD 3.99