စွတ်​​ကြောင်း

in #esteem5 years ago

ပထမဆုံး အိမ်​မက်​မှာ ဒုတိယ တက်​​ခေါက်​သံအား ကြားခွင့်​ရခဲ့သည်​..လျှာ​ပေါ်တင်​ ဝဲဖြာကျ​နေသည့်​ ခပ်​မှိုင်းမှိုင်း ရယ်​သံတို့အား ပမာပြု၍ ဆန့်​ကျင်​ရာအရပ်​သို့ ဖီလာပြုခဲ့မိသည်​..
အ​ရွေ့ အနှင်​မှသည်​ ချီတက်​မှုအ​ပေါင်းအား ဝတ်​​ဆောင်း၍ တိတ်​ဆိတ်​စွာ....
အနက်​​ရောင်​ဖိတ်​​ခေါ်သံတို့အား ရွှင်​ပြုံးစွာ နှုတ်​ဆက်​ခြင်းနှင့်​ ​နေထွက်​ရာအရပ်​အား တရှိုက်​မတ်​မတ်​အားကျ​နေခဲ့မိသည်​။
ပိုင်​ဆိုင်​မှုလက်​ကျန်​အဖြစ်​ နာရီရဲရဲ အမှတ်​တရနည်းနည်းဖြင့်​ ခံစားချက်​ကျဲကျဲ ကြွင်းကျန်​ရစ်​၏..
ရလာဒ်​တို့အား မည်​သည့်​ စားကြွင်းဖြင့်​ ​ခြွေခဲ့​လေသည်​လဲ...
မျက်​လုံးမှိတ်​ထားလျှက်​မှ ပြည့်​စုံရသည့်​ အဖြူသားချည်​လွှာတွင်​ နှလုံးသားတို့ ရစ်​ထုတ်​သိမ်းပတ်​ ​မွှေးရနံ့တို့လည်း ပျံ့သင်းကြ၏..
အသည်းတစ်​ခိုက်​ ရှိုက်​ခနဲ မဲ့ခဲ့ရ​သော နာကျင်​ချိန်​ပိုတို့သည်​ ဘဝတစ်​ခြမ်းစာအား ဖြိုချရန်​ အလုံအ​လောက်​ အလုံးအရင်းဖြင့်​ အင်​တိုက်​အားတိုက်​....။
ဝတ်​​လွှာရုပ်​​ပြောင်း၏ အ​ကောင်းဆုံး ပွင့်​ချပ်​အား ငံ့တလင့်​လင့်​ ရွက်​​ခြောက်​ရာသီတွင်​ အိုမင်းရင့်​ရာ်​ပါ​လေပြီ..
နာကျင်​ဖွယ်​...
အ​ကောင်းဆုံးဆုအား ​တောင့်​တရန်​ အပြင်းဆုံး ဂါထာအား ရွတ်​လိုက်​သည်​....
အနင့်​သီးဆုံး အက်​ကွဲမာ​ကျောမှုဖြင့်​သာ ခြုံလွှမ်း...
လုံပိတ်​​လှောင်​မြှိုက်​မှုတွင်​ အနိုင်​နဲ့အရှုံးတွင်​ ကျရှုံး ....
ဘယ်​အဆုံးအဖြတ်​တွင်​ အပြစ်​​တော်​အား သက်​​သေတည်​​ပေးပါ့မလဲ..

I'm ATM.
Ms 021. image

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 66765.98
ETH 3234.00
USDT 1.00
SBD 4.23