Poem
*** ကွက်လပ်ထဲက လူ ***
ကိုယ့်အလွမ်းနဲ့ကိုယ်
ကိုယ်တိုင်ဆိုတဲ့ တေးသွား
လိပ်ပြာနီတွေ ပြန့်ကျဲသွားတိုင်း
ဆူးရိုင်းပန်းတို့ မပွင့်ဖြစ်ခဲ့ကြဘူး
ငိုချင်တဲ့ရှိုက်သံ
ရိုက်ခတ်လာချိန်မှာ
ရွှင်ပြုံးခြင်း အတိတ်တွေကို
ပုတ်နိုးလို့
တိုးတိုးလေး လွမ်းတေးဆိုမယ်
ဖြစ်ပျက်ခဲ့သမျှ
ှ အကြောင်းတရားတွေမှာ
ကိုယ့်နေရာကို
ကွက်လပ်လေးသာ ချန်ခဲ့ပါ ။
အထီးကျန်သူတစ်ယောက်ရဲ့ ပုံပြင်ဆိုတာ
ဒဏ္ဍာရီတွေ လှုပ်ခါလိုက်မှ
နေရာရလေ့ရှိတယ် ဆိုလည်း
ဒဏ္ဍာရီနတ်သမီးရဲ့
ရွှင်ပြုံးတဲ့အချိန်ကိုသာ
ကျိန်စာတိုးတိုးနဲ့
မျှော်လင့်ခြင်းကို ပုတ်နိုးလို့
ကိုယ့်တေးချင်းကို ကိုယ်ရွတ်ဆိုရင်း
အဖော်မဲ့ရင်း အထီးကျန်ခြင်းမှာ
ကိုယ်ဟာ………
နေသားတကျ နဲ့ ……သာ ……လေ…… ။
I'm ATM.
@ayethatmon, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။