နာရီ​ပေါင်း ရှစ်​သိန်း​ကျော်​အ​တောအတွင်း

in #esteem5 years ago

ဒီစာကို ​ပေးစာတစ်​ပုဒ်​လို့လည်း သတ်​မှတ်​နိုင်​ပါတယ်​။ ဒါမှမဟုတ်​ ပန်းတစ်​ပွင့်​လို့လည်း ခံစားနိုင်​ပါတယ်​။
ဒါမှမဟုတ်​ အရသာရှိတဲ့ ပွဲ​တော်​အုပ်​လိုလည်း ခံယူချင်​ ခံယူပါ။
ဒါမှမဟုတ်​ ဘာမှ မဟုတ်​ဘူးလို့လည်း ယူဆချင်​ယူဆ​ပေါ့​လေ..။

ဘဝတစ်​ခုအ​ကြောင်း အစချီလို့ ​ပြောရရင်​ ရှင်​ခြင်းနဲ့ ​သေခြင်းကြားမှာ မှီခို​နေကြတဲ့ လူသားတစ်​​ယောက်​အတွက်​ သက်​တမ်းဆိုတာ သတ်​မှတ်​ချက်​ limit ရှိပြီးသားတဲ့..။ နှစ်​တစ်​ရာအတွင်း လူတစ်​​ယောက်​ရဲ့ ရှင်​သန်​မှုကို တိုင်းတာနိုင်​တယ်​။
နှစ်​တစ်​ရာဆို​တော့ ရက်​​ပေါင်း 36500 ​ပေါ့။
အဲ့ဒီရက်​​တွေတိုင်းမှာ အချိန်​မ​ရွေး ​သေဆုံးနိုင်​တဲ့ လူသား​တွေအဖြစ်​ ရှင်​သန်​ကြရတယ်​။
ဒါဟာ ငြင်းဆန်​​ရှောင်​လွှဲမရတဲ့ ​သေချာတဲ့ အရာတစ်​ခုလည်း ဖြစ်​တယ်​။

အဲ့ဒီ​နေ့​ပေါင်း သုံး​သောင်း ဝန်းကျင်​ဆိုတဲ့ အသိုက်​အဝန်းထဲမှာ လူ​တွေရဲ့ စိတ်​ထဲမှာ အ​တွေးအ​ခေါ် မျိုးစုံ အယူအဆမျိုးစုံနဲ့ အချိန်​တိုင်းနီးပါး လှုပ်​ရှား​နေကြရ​လေ့ရှိတယ်​။စိတ်​ရဲ့ အချို့အ​တွေး​တွေဟာ ခန္ဓာကိုယ်​ကို လှုပ်​ရှားမှု​တွေ ရပ်​တန့်​ထားတဲ့ အိပ်​စက်​ချိန်​ဆိုတဲ့ အခိုက်​အတန့်​ထဲမှာ​တောင်​ အိမ်​မက်​အဖြစ်​နဲ့ ဝင်​​ရောက်​ အလုပ်​လုပ်​​နေရတုန်းပဲ။
ရက်​သုံး​သောင်းခွဲ အသိုက်​အဝန်း အ​တောအတွင်းမှာ လူ့နှလုံးသား​တွေဟာ ရက်​သုံး​သောင်းခွဲ နာရီ​ပေါင်း ရှစ်​သိန်းခွဲ​ကျော်​ထက်​ ​ကျော်​လွန်​ပြီး ခံစားကြရတယ်​။သမိုင်းဆိုတဲ့ သက်​တမ်းတစ်​ခုထက်​ ရှည်​ကြာ​ကျော်​လွန်​မှု​တွေအထိ လူ့နှလုံးသား​တွေက ခံစား​ကြရတယ်​​လေ..။
နာရီ​ပေါင်း ရှစ်​သိန်းခွဲ​ကျော်​ အသက်​ရပ်​တည်​မှုအ​တောအတွင်းအတွက်​ လူသား​တွေဟာ စားဖို့ ဝတ်​ဖို့ ​နေထိုင်​ဖို့အတွက်​ ရုန်းကန်​ကြရတယ်​။ ပြိုင်​ဆိုင်​ကြတယ်​။တစ်​​ယောက်​နဲ့ တစ်​​ယောက်​ တိုက်​ခိုက်​ကြတယ်​။ ငြူစူကြတယ်​။ သတ်​ပုတ်​ကြတယ်​။
ငါ့သားဖို့ ငါ့​မြေးဖို့ ငါ့မျိုးဆက်​ဖို့ဆိုတဲ့ စိတ်​နဲ့​ပေါ့။
ဒါဟာ လူက သက်​တမ်းတ​စ်​ခုမှာအဆုံးရှိ​ပေမယ့်​ လူ့​လောဘက​တော့ အဆုံးမရှိဘူးလို့ ပြသလိုက်​တာနဲ့ တူပါတယ်​။
နာရီ​ပေါင်း ရှစ်​သိန်း​ကျော်​ အတွင်းတဲ့​နော်​။
အဲ့ဒီအ​တောအတွင်းထဲမှာ ကိုယ့်​လို လူသား​တွေ ​လောဘအတွက်​ ဘယ်​​နှနာရီလာကမျာ်း​ ဖြုန်းတီး​ပေးခဲ့ပြီးပြီများလဲ။
ဒေါသအတွက်​ ဘယ်​နှနာရီ​လောက်​များ ကုန်​ဆုံးခဲ့ပြီလဲ။
ဒေါသအတွက်​​ရော ဘယ်​အတိုင်းအတာအထိ ​ပေးဆပ်​ပစ်​ခဲ့လိုက်​မိပြီလဲ။
နောင်​​​ရော ဘယ်​​လောက်​အထိ ဖြစ်​​နေ​စေအုံးမှာလဲ..။

ဒီနာရီ ရှစ်​သိန်း​ကျော်​ အ​တောအတွင်းထဲမှာ လူသားတိုင်းက ကိုယ်​ယုံကြည်​ရာကို ကိုယ်​ရှာ​ဖွေ​နေကြတာပါပဲ။အချိန်​​တွေက သိပ်​နည်းလွန်း​တော့ ကိုယ့်​ရှာ​ဖွေမှုကို မြန်​မြန်​ဆန်​ဆန်​ပြုလုပ်​​နေကြ​တာမို့ တစ်​​ယောက်​နဲ့တစ်​​ယောက်​ တိုးမိတိုက်​မိတာ​တွေလည်း ရှိနိုင်​တာ​ပေါ့​လေ။

အဲ့ဒီအ​ခြေအ​နေ​တွေမှာ ကိုယ့်​စိတ်​ခံစားမှုအရ ​လောဘအတွက်​ နာရီအရှုံးခံမလား။ ​ဒေါသအတွက်​လား..။ဒါမှမဟုတ်​ ​မောဟအတွက်​လား..။
ကိုယ်​တိုင်​ရဲ့ ခံယူချက်​အတိုင်း​တွေပဲ​ပေါ့​လေ..။

တစ်​​ယောက်​နဲ့တစ်​​ယောက်​ မတူညီကြတဲ့ ခံယူချက်​​တွေနဲ့ ထပ်​တူမကျကြတဲ့ ယုံကြည်​ချက်​​တွေအတွက်​ နာရီ​ပေါင်း ရှစ်​သိန်း​ကျော်​ အသိုက်​အဝန်းထဲမှာ ဘယ်​အရာအတွက်​များ ဘယ်​လို ​ပေးဆပ်​ကြမှာလဲ....။

ချစ်​လှစွာ​သော မိတ်​​ဆွေ​ရော..ဟင်​...
မိတ်​​ဆွေရဲ့ ရှင်​သန်​မှု ရက်​​ပေါင်း သုံး​သောင်းခွဲ အသိုက်​အဝန်း ဒါမှ မဟုတ်​ နာရီ​ပေါင်း ရှစ်​သိန်း​ကျော်​အ​တောအတွင်းထဲမှာ ဘယ်​အရာအတွက်​ ​ပေးဆပ်​မှာလဲ...ဟင်​..။

ဟော..ကြားလား..
နာရီစက္ကန့်​သံ​လေးက​တော့ အလုပ်​လုပ်​​နေပြီ​နော်​...
ချပ်​.....
ချပ်​....
ချပ်​......တဲ့..။
ကိုယ်​တို့အတွက်​​ရော အသက်​ရှင်​သန်​ချိန်​ ဘယ်​နှနာရီ​လောက်​ အချိန်​လက်​ကျန်​ရှိအုံးမလဲ.....။

ဘယ်​လို အသုံးချကြမလဲ..???။

I'm ATM.
Msu 021. image

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

သင့်​ခ်

သင့်​ခ်

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 64799.61
ETH 3102.94
USDT 1.00
SBD 3.83