ကမ်းလက်​ & လှမ်းလက်

in #esteem5 years ago

*** ကမ်းလက်​ & လှမ်းလက်​ ***

သခင်​လို့ ကျွန်​မ ထင်​လိုက်​မိတယ်​..
မြတ်​နိုးမှု​တွေက အရာမထင်​ပါဘူးကွယ်​..
အရင့်​ဆုံး ရူးသွပ်​မှု​တွေနဲ့
ရစ်​ချည်​ခဲ့​တောင်​မှ
ေ​ဆွးတရစ်​ရစ်​နဲ့
အလွမ်း​တွေ ဖြစ်​​စေခဲ့..
ဘယ်​လိုယုံရပါ့မလဲကွယ်​..
သခင်​ဟာ
ယုံကြည်​ဖွယ်​ရာလို့
ဘယ်​လို အမှတ်​သညာနဲ့များ
ယုံကြည်​ရပါ့မလဲကွယ်
တုန်​ရီ​မောဟိုက်​ရင်း
လှိုဏ်​စားသွားတဲ့ နှလုံးသား​တစ်​စိတ်​တစ်​ပိုင်းနဲ့
ရုပ်​ကြွင်းအကျန်​တို့ဆီမှာ
သခင်​ ချန်​ရစ်
ကျွန်​မ
သိပ်​ကို ​ပျော်​ပစ်​ခဲ့ဖူးတာ​ပေါ့​လေ...
သခင်​ရယ်​..
ယုံကြည်​မှု​တွေအ​ပေါ်မှာ
ကျွန်​မ ကမ်းလက်
သခင်​ ​ကျောခိုင်းထွက်​သွားခဲ့​တယ်​​နော်​...
ဥပက္ခာ​တွေ အ​ပေါ်မှာ
ကျွန်​မ ခိုတွယ်​ မှီငြမ်း​နေရတာ
ပင်​ပန်းလှပြီ..
သခင်​ရယ်​...

I'm ATM.
Msu 021. image

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.031
BTC 61388.48
ETH 2984.48
USDT 1.00
SBD 3.65