တွေးမိ​ရေးမိ

in #esteem5 years ago

ဘဝက အဆင်​​ပြေရင်​ ​ပျော်​စရာ​ကောင်းတယ်​။အဆင်​မ​ပြေရင်​​တော့ လဒကြီး လည်​လိမ်​​ရောဂါ ဝင်​​နေသလိုမျိုး အ​တော်​ ပိတ်​ပိတ်​တုံးတုံး စိတ်​ညစ်​ဖို့​ကောင်းတယ်​။

အဆင်​​ပြေ​နေဖို့ ​ပျော်​ရွှင်​​နေဖို့အတွက်​ အမြဲကြံစည်​ လုပ်​ကိုင်​​နေကြရင်းနဲ့ပဲ အဆင်​မ​ပြေမှု​တွေ ကြုံလာကြရတယ်​။

အလုပ်​တစ်​ခုကိုလုပ်​တယ်​ဆိုပါစို့်​။မလုပ်​ပဲ​နေတုန်းက​တော့ အဲ့ဒီအလုပ်​နဲ့ ပတ်​သက်​ပြီး အဆင်​မ​ပြေစရာ စိတ်​ညစ်​စရာ​တွေကို ကြုံလာဖို့ အ​ကြောင်းမရှိဘူး။ပြီး​တော့ အဲ့ဒီအလုပ်​ကရမယ့်​ အကျိုးအမြတ်​ဆိုတာလည်း ခံစား​နေဖို့ အ​ကြောင်းလည်း မရှိဘူး..။
ဒါ​ပေမယ့်​ အဲ့ဒီအလုပ်​ကို လုပ်​လိုက်​တာနဲ့ အလုပ်​က​နေ အကျိုးအမြတ်​ကို ခံစားရဖို့ အဲ့ဒီအလုပ်​နဲ့ ပတ်​သက်​တဲ့ အခက်​အခဲ ပြဿနာ စိတ်​ညစ်​စရာ​တွေကိုလည်း ကြုံလာရ​တော့တာပါပဲ။

လူ​တွေကို ဆွယ်​တရား​ဟောဖို့ အကျိုးအမြတ်​ကိုသာ ပြတတ်​ကြပြီး ကြုံလာမယ့်​ အခက်​အခဲ ဒုက္ခ ပြဿနာ စိတ်​ညစ်​စရာ​တွေကို​တော့ ဘယ်​သူကမှ သိပ်​ပြီးထည့်​မ​ပြောကြသလို ​ပြောခဲ့ရင်​လည်း အဲ့ဒီပြဿနာ​တွေရဲ့ ​ဖြေရှင်းနည်း​တွေကို​တော့ တသမတ်​ထဲ ဘယ်​သူကမှ လမ်းမညွှန်​နိုင်​ပါဘူး။
အဲ့ဒါ ဘာ​ကြောင့်​လဲဆို​တော့ အခက်​အခဲ ပြဿနာ​တွေက တသမတ်​ထဲ ရှိ​နေတာ မဟုတ်​သလို ​ဖြေရှင်းနည်း​တွေကလည်း တသမတ်​ထဲ ဖြစ်​မ​နေလို့ပါပဲ။ကြုံ​တွေ့လာတဲ့ အခက်​အခဲ​တွေအ​ပေါ်မှာ ကိုယ့်​နည်းကိုယ့်​ဟန်​နဲ့ပဲ ကြိုးစား​ဖြေရှင်းတတ်​ကြ​လေ့ရှိတာမဟုတ်​လား။
အဲ့ဒီမှာ တစ်​ခု ​ပြောစရာရှိတာက​တော့ အခြား​သော အခက်​အခဲ​ကြုံ​တွေ့ခဲ့သူ​များစွာရဲ့ ​ဖြေရှင်းနည်း​တွေကို ​လေ့လာထားသူ​တွေအ​နေနဲ့က​တော့ ကိုယ်​ကြုံ​တွေ့လာတဲ့ အခက်​အခဲ​တွေကို အခြားသူ​တွေရဲ့ အ​တွေ့အကြုံ​တွေ ​ဖြေရှင်းနည်း​တွေက​နေ ကိုယ်​နဲ့အဆင်​​ပြေမယ့်​ နည်း​တွေကို နည်းယူ ​ဖြေရှင်းနိုင်​တာ​တွေ​တော့ ရှိပါတယ်​။

ဒါ​ကြောင့်​လည်း ကိုယ်​လုပ်​မယ့်​ အလုပ်​တစ်​ခုအတွက်​ ဒါမှမဟုတ်​ ကိုယ်​စတင်​မယ့်​ လမ်းအတွက်​ ကိုယ့်​​ရှေ့က လမ်း​လျှောက်​သူ​တွေ လမ်း​ဖောက်​သူ​တွေဆီက အ​တွေ့အကြုံ​တွေကို ကိုယ်​သိဖို့ လိုအပ်​​နေတာပဲ ဖြစ်​ပါတယ်​။

ပြဿနာတစ်​ခု အခက်​အခဲတစ်​ခုကို ​ဖြေရှင်းဖို့ ​ဖြေရှင်းနည်း​တွေဟာ များစွာရှိတဲ့အတွက်​ ကိုယ်​နဲ့ အဆင်​​ပြေမယ့်​ နည်း​တွေကို ကိုယ်​တိုင်​သာ ​ရွေးချယ်​​နေရမယ်​ဆိုရင်​ ​သေချာ​ပေါက်​ အချိန်​​တွေ အများကြီး ကုန်​ဆုံး​နေရမှာပါ။အခြားသူဆီက အ​တွေ့အကြုံ​တွေ ​ဖြေရှင်းနည်း​တွေက​နေ ကိုယ်​က ပြန်​လည်​ အသုံးချတဲ့အခါ​တော့ လွယ်​လင့်​တကူ အချိန်​ကုန်​သက်​သာစွာနဲ့ ပြီးဆုံးသွားတတ်​​လေ့ရှိတတ်​ပါတယ်​။ဖြေရှင်းနည်း​တွေကို မှန်​ကန်​စွာ အသုံးချတတ်​ခြင်းလို့ပဲ ဆိုပါစို့....

ဘဝလမ်းတစ်​ခု အဆင်​​ပြေ​နေဖို့ ကြုံ​တွေ့လာမယ့်​ ပြဿနာ​တွေ အခက်​အခဲ​တွေကို အချိန်​တိုအတွင်း လျင်​လျင်​မြန်​မြန်​ ​ဖြေရှင်းနိုင်​ခြင်းကလည်း ဘဝရဲ့ အဆင်​​ပြေမှုထဲက အဆင်​​ပြေမှုတစ်​ခုပါပဲ....။ ။

I'm ATM. image

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63457.41
ETH 3119.12
USDT 1.00
SBD 3.94