နေ​လောင်​ထားတဲ့ ညစာ

in #esteem5 years ago

ကျ​နော်​သည်​ အလင်းမရိုက်​ခင်​ ​တောင်​ပံကျိုးခဲ့ရ​သော ငှက်​တစ်​​ကောင်​ဖြစ်​၏။
သွေးထွက်​သံယို တီးခတ်​ခဲ့ကြ​သော တူရိယာတို့ထံပါးတွင်​ အခစားဝင်​ခဲ့ရ​သော အသူရာလည်း ဖြစ်သည်​..။တစ်​ဆုံးထိ ရှည်​လျား​သော ခရီးများတွင်​ တွင်​တွင်​​လှော်​ခတ်​ လမ်းပြတ်​ခဲ့သည့်​ ကစားကွက်​များတွင်​ ကျွန်​​တော်​ ထက်​မြက်​စွာ လက်​ပန်းကျခဲ့ရ၏..။တိမ်​တို့အား ခိုစီး၍ ပန်းဝင်​မည့်​​နေ့တွင်​ အကြီးကျယ်​ဆုံး လှည့်​ဖျားမှုဖြင့်​ စီရင်​​သော ကမ္ဘာသို့ ​ဇောက်​ထိုးမိုး​မျှော်​ ကျ​ရောက်​ရ၏။
ကျွန်​​တော်​၏ မြတ်နိုးရေ​သာ လက်​စွဲ​တော်​အဖြစ်​ အ​ကောက်​ကျစ်​ဆုံး နဲ့ အယုတ်​မာဆုံး အရာတို့အား မြတ်​နိုး​စေ၏..။
ကျွန်​​တော့အား တိုးတိုက်​ဖြတ်​သန်​သွား​သော ထိုနာရီထဲမှ ကျွန်​​တော်လွတ်​​မြောက်​လိုခြင်း အလို့ငှါ ​ပြေးလွှား၏..ထို့​နောက်​ ​မောဟိုက်​၏..စရိုက်​ဆန်​လွန်း​သော လက်​​တော်​တို့မှ တစ်​ကြိမ်​သည်​သာ လွတ်​​မြောက်​လို၏..သမင်​လည်​ပြန်​ခြင်းမရှိ...
ကျွန်​​တော့်​အား ​ခေါ်ဆို​သော မုန်​တိုင်းတို့အား ရှိုက်​နမ်းပစ်​လိုက်​မိသည်​။ချိုမြိန်​ဖွယ်​အတိပြီး​သော ​လေညှင်းတို့ ပုတ်​အဲ့စွာ သြဘာပြုကြ၏...
ကျွန်​​တော်​ကြီးစိုးရာထက်​ ကျွန်​​တော့်​အား ကြီးစိုး​သော တ​စ္ဆေသည်​ ​အမြဲတ​စေ လိုက်​လံပြုံးပြ​နေတတ်​၏။ ကျွန်​​တော့်​ကိုယ်​ ကျွန်​​တော်​ ဖြတ်​ရန်​ ကျွန်​​တော်​ ​လေဆန်​သို့ အားသွန်​ခွန်​စိုက်​ ဆန်​တက်​​နေရဆဲ...။
ကျွန်​​တော့ထံပါးမှ စိမ့်​ထွက်​ ယိုကျကုန်​​သော အသားမာတက်​​နေသည့်​ စကားလုံးတို့သည်​ ကျွန်​​တော်​​ပြေးခဲ့​သော လမ်းတ​လျှောက်​ဖြစ်​တည်​၏..။
ရေ​အေးတစ်​ခွက်​ကို​သောက်​ဖို့ ကျွန်​ခံရအုံးမည့်​ ပ​ညောင်​ပင်​သည်​ အရိပ်​တစ်​ကွက်​စာ ဝန်​​ဆောင်​မှုအားဖြင့်​လည်း သနား​လေ၏..။

နှစ်​နှစ်​ခြိုက်​ခြိုက်​ မက်​မက်​​မော​မောဖြင့်​ နားခိုခွင့်​တို့အား ​နေခြည်​က ​ဆော့ကစား​လေ၏..။
ကျွန်​​တော်​ လွတ်​​မြောက်​မှုအတွက်​ ​ပြေး...
ခရီးတို့ ​ဝေးလာပြီ...
ခရီးတို့ ဆုံးချင်​သည်​..။
သို့​သော်
ကျွန်​​တော်​ ခရီးဆက်​​နေဆဲ....
I'm ATM.
MSU 021.
image

Sort:  

ဒီတစ်ခါတော့ cheetah မလာတော့ဘူးပေါ့နော်

ဟုတ်​တယ်​...အစ်​ကို​ရေ...

Cheetah မလာပေမဲ့ esteem upvote လဲပေးလို့မရဘူးဗျ။ အဲ့ဒိတော့ အကောင့်အသစ်ဖွင့်လိုက်တာပဲကောင်းမယ်ထင်တယ် ညီမရေ။

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64275.05
ETH 3147.49
USDT 1.00
SBD 4.29