အဲဒါ ဘာဖြစ်လို့လဲ (@aggamun)

in #esteem5 years ago

IMG_20150727_002933.jpg

အသက်ကလေး နည်းနည်း လောက် ကြီးလာတာနဲ့ နားအေး ပါးအေး နေချင်လာတဲ့ စိတ်က ဘယ်လိုလည်း မသိ။ အသက် ကလည်းဗျာ ဘာမှ မလုပ်ဘဲနဲ့ ကို တစ်နေ့ ထက် တစ်နေ့ ပို ပိုကြီး လာတယ်။ အသက်ကြီး လာတာနဲ့ အချို့အရာတွေ အတွက် စိတ်ရှည် လက်ရှည် ရှိပေမဲ့ တစ်ချို့ အရာတွေ အတွက်ကတော့ ဆတ်ဆတ် ထိမခံနိုင် အောင် ဒေါသကြီးမိပြန်ရော။

ဥပမာ စာအုပ် တစ်အုပ် ဖတ်တယ် ဆိုပါစို့။ ငယ်ငယ်ကလို သာမန်ကာ လျှံ့ကာ ပြီးပြီးရော မဖတ်တော့ဘဲ ကိုယ်နားမလည်တဲ့ စာပိုဒ်မျိုးကို နားလည် လက်ခံလာသည် အထိ စိတ်ရှည် လက်ရှည် နဲ့ အခေါက်ခေါက် အခါခါ ဖတ်တတ်လာတယ်။ ဘာအလုပ် ဖြစ်ဖြစ် သေသေ သပ်သပ် လေးဖြစ်အောင် စိမ်ပြီး လုပ်တတ်တဲ့ အလေ့အထ လေးဖြစ်လာတယ်။ ငယ်ငယ်က ဂျစ်ကန်ကန်ခဲ့တဲ့ ထုံးတမ်း အစဉ်အလာ အချို့ကိုပါ လက်ခံ ကျင့်သုံးမိနေ လာရောဗျာ။

စိတ်မရှည်တတ်တဲ့ အပိုင်းကျတော့ လည်းတစ်မျိုး။ ကိုယ့်ကိုယ်ကိုယ် ရင့်ကျက် တည်ငြိမ်လာတယ် လို့ မှတ်နေပေမဲ့ ကိုယ်ထင်တဲ့ အတိုင်း ကိစ္စ အချို့ မဖြစ်လာတဲ့အခါ ဒေါသက ငယ်ထိပ် ကို ဆောင့်တက်လာလိုက်တာ မနည်း ဘရိတ် အုပ်ရတယ်။ ဘရိတ် အုပ်လိုက်ပေမဲ့လည်း လွန်သွားတဲ့ ဟာကတော့ လွန်သွားပြီ။ ဒီအခါမှာလည်း ကိုယ်က လူကြီးဆိုတော့ ခပ်တည်တည်နဲ့ လျှောချ ရောချ လိုက်ရတာကလည်း အကြိမ်ပေါင်း မနည်းတော့။ ပြီးတော့မှ ကိုယ့်ဘာသာ ကြိတ်ပြီး နောက်တစ်ခါ သတိထားရမယ် ဆိုပြီး အတန်တန် သတိပေးရပြန်ရောလေ။

ဘယ်လိုဟာမျိုးကို ထောင်းခနဲ ဒေါသ ထွက်မိတတ်လဲ ပြန်စဉ်းစားတော့ ဘာမှ မဟုတ်ပါဘူး။ အင်္ဂလိပ်လို ဆိုရင် why? ပေါ့ဗျာ။ မြန်မာလို ဆိုတော့ ဘာဖြစ်လို့လဲပေါ့။ စာလုံးချည်း သက်သက်က ပြဿနာ မရှိပေမဲ့ တကယ် ဌာန် ကရိုဏ်း ကျကျ ဟန်နဲ့ မာန် နဲ့ မေးကြည့်မယ်ဆို တော်တော် အောင့်သီး အောင့်သက် နိုင်တဲ့ စကားလုံးဗျ။ ဒီကြားထဲ မေးသူကို ကိုယ်က အမြင်ကပ်နေကြည့်။ ဒါမှမဟုတ် မုန်းနေတဲ့သူကို ပြောခိုင်းကြည့်။ မယုံသေးရင် လူငယ်တွေ ရန်ပွဲ မှာ အသုံးအများဆုံး စကားလုံး ကို စာရင်း ကောက်ကြည့်။ ကျွန်တော် ထင်တယ် " အဲဒီတော့ ဘာဖြစ်လဲ ကွာ / မင်း ဘာဖြစ်ချင်တာလဲ " ဆိုတာက အများဆုံး ဖြစ်မှာ။ ဒီတော့ မိတ်ဆွေ ပွဲဖြစ်ချင်ရင် ဒီစကားလုံးသာ ဆောင်ထား ပွဲဖြစ်လိမ့်မယ်။ ရန်ပွဲ။ 😜

ဒီလိုနဲ့ စကားလမ်းကြောင်း လွဲတော့မယ်ဗျ။ အဲဒီလို ဘာလို့လဲ ဆိုတဲ့ မေးခွန်းကို ကျွန်တော့ဆီ လာမေးတိုင်း ကျွန်တော် မေးတာ အရင် ဖြေဖို့ စိတ်မရောက်နိုင်ဘဲ ထောင်းခနဲ ထလာတဲ့ ကိုယ့် စိတ်ကို ပထမ ဦးဆုံး ငြိမ်အောင် အချိန်ပေး ပြီးမှ ရှင်းပြရတယ်။ နို့မို့သာ ဆို ဘာ ပြောကောင်း မလဲ ဒါလေး တောင် မင်းက မသိဘူးလား ဆိုပြီး အရင် ဟောက်မိတော့မှာ။ ကိုယ်က အစ်ကိုအကြီးဆုံး ဆိုတော့ သိတဲ့ အတိုင်း ဟောက်စား လုပ်လာတာက နှစ် ပေါက်နေပြီ။ ဒီအကျင့်ကို မနည်း ပြင်နေရတာ။ ဟုတ်တယ်လေ မေးသူက တကယ် သိချင်တာလား၊ အဖြေကို သူနားလည် အောင် ဘယ်လို ပြောမလဲ မစဉ်းစားနိုင်ဘဲ စွတ် ဒေါသတွေ လှိမ့်ထွက်နေတာ နည်းလမ်းမှ မကျတာ။

image
source

ဥပမာ - ကလေးတစ်ယောက်က သူသိချင်တဲ့ အရာ တစ်ခုကို လာမေးပြီ ဆိုပါစို့။ ကိုယ် ဖြေလိုက်တဲ့ အဖြေက သူသိထားတာနဲ့ သူတွေးထား တာနဲ့ မတူရင် မေးမှာပဲ။ ဘာလို့လဲ ဆိုတော့ သူက သိချင်တာလေး။ အခု ခေတ် ကလေးများ အရမ်း သိချင်စိတ်ရှိတယ်။ အဲဒါ ဝမ်းသာဖို့ ကောင်းတဲ့ အချက်ပဲ ဗျ။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်က မေးတာကို ကန့်လန့်တိုက်တာ လို့ ယူဆမိပြီး လန့်နေရော။ ကလေးတွေကို စာမေးတာကို မကြောက်ကြနဲ့ မေးစရာ ရှိတာမေး လို့ ပြောပြီး ကိုယ်ကတော့ အမေးအမြန်း ထူတာ မကြိုက်ဘူး ဖြစ်နေတတ်တယ်။

တကယ်တော့ ဒီ " ဘာလို့လဲ " ဆိုတာကို မကြိုက်တာ မဟုတ်ဘဲ ပြန်မေးတဲ့ အကျင့်ကို မကြိုက်တာပဲ ဆိုတာ ဟိုး တစ်နေ့က တွေးမိလိုက်တယ်ဗျ။ ကိုယ်တွေ ငယ်ငယ်က လည်း ဆရာမ သင်ပေး သင်ပေးတဲ့ အတိုင်းပဲ ကျက် မှတ် ခဲ့တာ။ ဘာမှ ပြန်မေးခဲ့တာ မဟုတ်ဘူးလေ။ မေးလည်း မမေးရဲခဲ့ပါဘူး။ အလိုလို နေရင်းကို ကြောက်နေတာ။ ဒါတောင် ဆရာမက ကြိမ်လုံး ကိုင်သေးတာ မဟုတ်ဘူး။ ကြိမ်လုံးကိုင်ပြီး ဆရာမစားပွဲကို ဖြန်းဖြန်းနဲ့ ရိုက်ကြည့်။ ခုတောင် ကျောထဲ စိမ့်လာတာ။ 😖

မေးခွန်း ပြန်မေးတာ ဟာ သင်ကြားနေတာပဲ ဆိုတာ သဘောပေါက်ပေမဲ့ စိတ်လက်ခံတယ်။ ကိုယ်က လက်မခံဘူး။ အကျင့်ချည်းပါပြီး အရိုးစွဲနေတာ။ မကောင်းဘူးဆိုတာ လက်ခံတယ်။ မကျင့်သုံးမိတာ။ တစ်ခါတစ်ခါ messenger မှာ စကားပြောတဲ့ အခါ ဘာလို့လဲ မေးလိုက်ဖို့ အတော်စဉ်းစားရတယ်။ ငါ့ကို ရင့်တယ် ထင်သွားမလား သောက ရောက်နေရော။ သူက စကား နဲ့ ပြောရတာ မဟုတ်တော့ လေ အဖိ အဖော့ တွေ မပါတော့ တော်တော် စကားလုံးတွေ စဉ်းစားပြီး ရွေးပို့ရတယ်။ နောက်တော့ ကိုယ့် သဘော သူသိ၊ သူ့သဘော ကိုယ်သိ တော့မှ ပြောလို့ ဆိုလို့ ကောင်းတော့တယ်ဗျာ တကယ်။ 😊

ကျွန်တော်တို့က စာသင်ယူ ခဲ့ရတာက မသိတာကို သိအောင် လုပ်တဲ့ အဆင့် ပဲရှိသေးတာဗျ။ အမှန်က ဘာကြောင့် ဒီလို ဖြစ်သလဲ ဆိုတဲ့ စဉ်းစား ဆင်ခြင် သုံးသပ်ဖို့ အပိုင်းကို ကျတော့ မသင်ယူခဲ့ သလို ဖြစ်နေတာ။ What? မှာတင် ရပ်ခဲ့ ကြတယ်။ အကြောင်း အမျိုးမျိုးနဲ့ Why? ကို မလုပ်ခဲ့ကြ။ အဲဒါ တင် အားမရသေး အခု Why? တော့မယ့် မျိုးဆက်သစ်တွေကို ပါ အညွှန့် ချိုးမိအောင် အကျင့်တွေပါ ယူလာခဲ့မိနေတယ်။ ဒီတော့ အခု စာစုလေးက တစ်ဆင့် မိတ်ဆွေတို့ကို ပြောချင်တာက What? နဲ့ တင် ရပ်မနေကြပါနဲ့။ Why? အထိ ချီတက်ကြပါလို့ ပြောလိုက်ချင်တာပါပဲ ခင်ဗျ။ ကျွန်တော်တို့ အကျင့်တွေ ပြင်ကြရအောင်ဗျာ ………


Give my love to you all ,Steemians. 😍 😍 😍
written by : @aggamun
MSU NO - 022
IMG_20150727_002933.jpg


#myanmar
#msu

Sort:  

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

အကူညီတောင်းခြင်းပါရှင့် cheetah မှမှားယွင်းစွာ လာမန့်နေပါသည် ကူညီပေးပါ https://steemit.com/esteem/@eain/eyapangleyakhng-tnpao-a56642a3963ee

ဟုတ်ကဲ့ ကျွန်တော်တို့ curator အဖွဲ့ စစ်ဆေး ကြည့်ပါဦးမယ်။ တစ်ခါတလေ မှားပြီး လာ မန့် တာလည်း ရှိတတ်ပါတယ်။ အခု အနေအထားက အရမ်းကြီး စိုးရိမ်စရာ တော့ မရှိသေးပါဘူး ခင်ဗျာ။

Posted using Partiko Android

ဟုတ်ကဲ့ရှင့် ကျွန်မကတော့စိတ်တိုတယ် ကို့ဖာသာခုရေးခုတင်ကိုအဲ့လိုလုပ်တဲ့အတွက်အကူညီတောင်းနိုင်တယ်ဆိုလို့တောင်းတာပါရှင့် စိတ်ပူမိပါတယ် စိတ်တိုမိပါတယ်

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ရှေ့ဆက်​ကြပါစို့ဗျာ

Posted using Partiko Android

ဟုတ် ကျနော် အတူတူ ကြိုးစား ကြပါမယ်။

Posted using Partiko Android


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.

Thanks bro keep trying. We will succeed one day.

Your post has been chosen by C2 myanmar curation team.Members: @mmunited, @aggamun @nayhlaingsoe and @lwanwai.

Thx u bro !! Try together!!

Posted using Partiko Android

Nice post

Posted using Partiko Android

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.033
BTC 64550.89
ETH 3156.32
USDT 1.00
SBD 4.30