Earth Splinter ကို လေ့လာသုံးသပ်ခြင်း

in #community5 years ago

Earth Splinter ကလဲ သုံးတတ်ရင်တော့ ကစားလို့ ကောင်းပါတယ်။ Lyanna Natura က အစွမ်းကတော့ မွန်းစတားတွေရဲ့ သွေးကို ၁ ပေါင်းထည့်ပေးတာပါ။ ဒီအချက်ကလဲ တိုက်ပွဲကို အလှည့်အပြောင်းဖြစ်သွားစေနိုင်ပါတယ်။

သူ့ရဲ့ အားသာချက်တွေက ဘာတွေများဖြစ်မလဲ။
မိမိကိုယ်ကို သွေးပြန်ဖြည့်နိုင်တဲ့ မွန်းစတား နှစ်ကောင်ပါပါတယ်။ Flesh Golem + Earth Elemental
သူများကို သွေးပြန်ဖြည့်နိုင်တဲ့ မွန်းစတား တစ်ကောင်ပါပါတယ်။ Spirit of the Forest
သူများရဲ့ သွေးကို ၁ လျှော့နိုင်တဲ့ မွန်းစတား တစ်ကောင်ပါပါတယ်။ ဒီနှစ်ခု ပေါင်းလိုက်ရင် သွေး ကွာခြားချက်က ၂ ဖြစ်သွားပါပြီ။
ရန်သူရဲ့ နောက်ဆုံး မွန်းစတားကို မှော်နဲ့ တိုက်ခိုက် နိုင်ပါတယ်။
Rixxie level ၄ မှာ Tramble စရပါတယ်။ အဲ့ဒိအချက်အလဲ တိုက်ပွဲကို အလှည့်အပြောင်းဖြစ်နိုင်ပါတယ်။ Tramble ဆိုတာကတော့ ကိုယ်တိုက်လိုက်လို့ ရန်သူ မွန်းစတားသေသွားခဲ့ရင် ကိုယ်က သူ့နောက်ကမွန်းစတားကို တိုက်လို့ရပါတယ်။ တကယ်လို့ ရန်သူ့ မွန်းစတားတွေက သွေးနည်းနေခဲ့တယ်ဆိုရင် သူတစ်ကောင်ထဲနဲ့ ပွဲသိမ်းနိုင်တဲ့ အနေအထားမျိုးပါ။
ရန်သူကတိုက်ခိုက်လာရင် တုန့်ပြန်တိုက်ခိုက်နိုင်တဲ့ (retalitate) မွန်းစတားတစ်ကောင်ပါပါတယ်။ အထူးသဖြင့် ရန်သူရဲ့ damage နည်းတဲ့ အချိန်မှာ အလွန်အသုံးတည့်ပါတယ်။

အားနည်းချက်များ
Flesh Golem ရဲ့ လယ်ဗယ် ၇ မှာမှ ရန်သူရဲ့ မှော်စွမ်းကို လျော့စေမှာပါ။ ကြားထဲမှာတော့ ဘယ်မွန်းစတားမှာမှ မှော်ကို လျှော့တာမပါပါဘူး။
အဓိက ထားတိုက်ခိုက်ရမဲ့ မွန်းစတားဖြစ်တဲ့ Goblin Sorcerer က သွေးအလွန်နည်းပါတယ်။
Stone Golem က ခံစစ်မှာ ကောင်းပေမဲ့ သူ့ရဲ့ damage က အလွန်နည်းပါတယ်။ Death Splinter နဲ့ တွေ့ရင် ဒုက္ခရောက်မှာ ဖြစ်ပါတယ်။

မှော်အစွမ်းကို တန်ပြန် နိုင်တဲ့ အကောင်လဲ မပါသလို အဆိပ်သင့်စေတဲ့ အကောင်လဲ မပါပါဘူး။
Spirit of the Forest က ဒိုင်းကာကိုပေးနိုင်ပေမဲ့ နောက်ဆုံး လယ်ဗယ်ကျမှ ဖြစ်နေတာက အတော်ဆိုးပါတယ်။

 


အဓိက အားထားရမှာကတော့ Spirit of the Forest ဖြစ်ပါတယ်။ ရှိခဲ့ရင်တော့ Level ၂ ကနေစပြီး သွေးဖြည့်တာနဲ့ ချောင်းတိုက်တာကို လုပ်နိုင်နေပါပြီ။ အခြားချောင်းတိုက်နိုင်တဲ့ အကောင်တော့ မရှိပါဘူး။ နောက်တစ်ကောင်ကတော့ Goblin Sorcerer ပဲဖြစ်ပါတယ်။ သူ့ရဲ့ မှော်က အရမ်းကို စွမ်းပါတယ်။ သူ အနိုင်ရနိုင်တဲ့ စပလင်တာကတော့ death စပလင်တာပဲဖြစ်ပါတယ်။ Twisted jester ကို အဓိကထားပြီး ထိန်းချုပ်နိုင်ရင် ရပါပြီ။ ပြီးတော့မှာ sneak, snipe စတာတွေကို သုံးပြီး ရန်သူကို အမှည့်ချွေချွေလို့ ရပါတယ်။

Universal Basic Income

This is for very basic income. Use the following link to register in mannabase.com.

Promoting Service

I am also a whitelisted user of minnowbooster. If someone want to get whitelisted from minnowbooster. I can check your blog and send an invitation. Use the following link to log into minnowbooster.com.

Building Network


Join Discord: https://discord.gg/RSrv669 @mmunited

Posted from my blog with SteemPress : https://myanmarpress.xopus.io/?p=587












Sort:  

Spirit of the Forest ကို ၀ယ်မှရမယ်ထင်တယ်

snipe တွေက တိုက်ချင်ရာ အရင်တိုက်ကြတယ်။ တစ်ခါတစ်ခါ သူတို့တိုက်တာကောင်း ပေမဲ့ တစ်ခါတစ်ခါ အသည်း ယားတယ်ဗျ။ miss ကလည်း ခဏ ခဏ ဖြစ်တယ်။ streak bonus လေးရမယ့် အလှည့်ဆို miss ဖြစ်ရော ။ ကျနော်ကတော့ lvl နိမ့်သေးလို့ earth ကို သဘော မကျသေးဘူး။

Posted using Partiko Android

Thank you for contributing to the Gaming Community on Steemit. You have been given an upvote by @steemgg. For more inspiration, visit our platform Steemgg, the first html5 gaming platform built on the Steem blockchain.

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.035
BTC 64646.46
ETH 3357.15
USDT 1.00
SBD 4.44