တော်သည် သို့သော်အပေါ်မရောက်

in #china6 years ago

စိတ်​ဝင်​စားလား အင်​အားလို​နေလို့

image

အခု​တော်​​တော်​များများ အလုပ်​ကိုင်​​တွေမ​ကောင်းကြဘူး ကျ​နော်​လဲ မ​ကောင်းဘူးဒီ​တော့ ထိုင်​​အော်​​နေလို့ ဘာမှ ဖြစ်​မလာဘူး ဒီ​တော့ကျ​နော်​ အခွင့်​လမ်း​တွေသွားရှာတယ်

ကျ​နော်​တရုတ်​သွား​တော့ အလုပ်​ဖြစ်​နိင်​တဲ့ ဂွင်​​လေး​တွေ ​တွေ့လာတယ်​ တချို့ ပ​ရောဂျက်​​တွေက ကိုယ့်​နယ်​ပယ်​မဟုတ်​​တော့ လုပ်​ရခက်​တာနဲ့ ​ငွေအရင်းနှီးနဲ့ လုပ်​ငန်းပြန်​ထူ​ထောင်​ရမယ့်​အ​နေထားနဲ့ ​တော်​​တော်​​လေး မလွယ်​ဘူးဖြစ်​နိင်​ရင်​ လက်​ရှိလုပ်​ငန်းထဲက လူ​တွေနဲ့ ပူး​ပေါင်းချင်​တာ​လေး​တွေရှိ​နေတယ်​ ကျ​နော်​ ကျွမ်းကျင်​တာက​တော့ အများကြီးပဲ အခု​တွေ့ခဲ့တာက Sourcing Market နဲ့ Supply Chain အပိုင်းဆို​တော့ လုပ်​ငန်း ငယ်​က​နေ လုပ်​ငယ်​ကြီးနယ်​ပယ်​ကို တက်​လှမ်းဖို့ ကျ​နော်​ အ​ထောက်​ကူအများကြီး​ပေးနိင်​တယ်​ နည်းနည်း​ပြောပြမယ်​ဗျာ

တရုတ်​မှာ ဘာကုန်​စည်​ ဘာပစ္စည်းမဆိုထုတ်​လုပ်​နိင်​ Supply လုပ်​​ပေးနိင်​တယ်​ဆိုတာ သိကြမှာပါ သူတို့အတွက်​က distribution လုပ်​နိင်​တဲ့သူ​တွေကို စိတ်​ဝင်​စားတယ်​ Market ​တွေကို Credit ဖွင့်​ပြီး Supply လုပ်​​ပေးချင်​တယ်​ Project Supply ​တွေလဲ လုပ်​​ပေးနိင်​တယ်​ ​နောက်​အမျာြးီးပဲဗျာ ကျ​နော်​ ကူညီ​ပေးနိင်​တယ်

မြန်​မာ​ဈေးကွက်​မှာ ဦး​ဆောင်​​နေတဲ့လုပ်​ငန်းရှင်​​တွေ အ​နေနဲ့ ​ဈေးကွက်​ကို ထိန်းနိင်​ဖို့​ Market ရှိတယ်​ဆိုရင်​​တောင်​ အရင်းနှီးလိုတယ်​ အရင်းနှီးမရရင်​ Credit ရဖို့လိုတယ်​ ဒီလို ​နောက်​ကွယ်​က Supply လက်​တံတခု ရဖို့က ဘယ်​လိုခက်​တယ်​ဆိုတာသိမှာပါ အဲလိုလက်​တံ ရဖို့ဘာ​တွေလိုလဲဘာ​တွေ ချိတ်​ရမလဲ ဘာ​တွေလုပ်​ထားရမလဲ ကျ​နော်​သိတယ်​ တဖက်​ နိင်​ငံက​နေ ကျ​နော်​ကို Supply ​ပေးနိင်​တာ​တွေကို​ပြောပြ​ပေမယ့်​ ဒီဘက်​လုပ်​ငန်းရှင်​​တွေက စိတ်​ဝင်​တစားမရှိကြဘူး Float ​ဈေးကွက်​​ပေါ်မှာပဲထိုင်​​နေကြတယ်​ Project ပဲထိုင်​​စောင့်​​နေတယ်​ အဲတာနည်းနည်းမှား​နေတယ်

ကျ​နော်​ချိတ်​ဆက်​​ဆောင်​ရွက်​​ပေးချင်​တယ်​ ကျ​နော်​ Via ကိုလည်း ထပ်​ပြီး အဆင့်​မြင့်​ချင်​တယ်​ ဒါ​ပေမယ့်​ ပူး​ပေါင်းချင်​သူ​တွေရှိလားမရှိလား ကျ​နော်​မသိဘူး Fair ဖြစ်​တဲ့ Win Win အ​နေထားနဲ့ ကျ​နော်​လုပ်​​ပေးနိင်​ပါတယ်​ ကျ​နော်​အ​နေထားလဲ သိပြီးဖြစ်​မှာပါ အခုလဲ အ​နေထားတရပ်​​ရောက်​​နေတဲ့ လုပ်​ငန်းရှင်​ တချို့ နဲ့ ​သေချာစကား​ပြော
ကြည့်​ချင်​တယ်​ ကျ​နော်​ သိတဲ့အသိတဲ့ နဲ့လုပ်​နိင်​စွမ်းက အခု လုပ်​ငန်းရှင်​​တွေအ​နေနဲ့ ​သေချာ​ပေါက်​လိုမယ့်​အရာ​တွေပါ ​သေချာတာက​တော့ တ​ယောက်​ထဲ လမ်း​လျှောက်​ထွက်​ရင်​ ပျင်းဖို့​ကောင်းတယ်​ အဖွဲ့နဲ့ ​ထွက်​ရင်​​တော့ စကား​ပြော​ဖော်​တိုင်​ပင်​​ဖော်​ရတယ်​​လေ

ဒီ​တော့စိ​တ်​ဝင်​စားသူများကို အရင်​ကလို ကျ​နော့ရုံးခန်း ကျ​နော့ Company ကိုအလည်​မ​ခေါ်​တော့ဘူး ကျ​နော်​ပဲလာ​တော့မယ်​ ကျ​နော့်​ဆီလာချင်​လဲရတယ်​ဗျာ ပို​ကောင်းတယ်​ ဒီ​တော့ ကျ​နော့ကို Dinner တို့ Lunch တို့ ​ကျွေးတာဖြစ်​ဖြစ်​ KTV တို့ ဖြစ်​ဖြစ်​ Tea Shop တို့ကို ဖိတ်​​ခေါ်ဗျာ ကျ​နော်​ လာခဲ့မယ်​လွတ်​လွတ်​လပ်​လပ်​ သိချင်​တာ​မေး စကား​ပြောကြည့်​​ပေါ့ဗျာ ကျ​နော်​လဲ​ပြောချင်​တယ်​ အခု Future အတွက်​ ကျ​နော်​ အင်​အားလို​နေပြီဗျ

Massenger က​နေ Call ​တောင်းလိုက်​ဗျာ လာခဲ့မယ်

Thiha #@ Via Myanmar

image

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.032
BTC 59234.78
ETH 2525.56
USDT 1.00
SBD 2.47