ပြုံးလို့နေဆဲပါဘဲ

in #busy6 years ago

image

ငါကပြုံးနေချိန်မှာ သူက ဘာကြောင့် တုန်လှုပ်နေရတာလဲ ဒါကြောင့် ငါပိုပြီး ပြုံးမိနေပြန်ပါတယ်
နဂိုကတည်းက အရုပ်ဆိုးသေ ငါ့မျက်နှာသည် အပြုံးကြောင့် ပိုပြီးတော့ အရုပ်ဆိုးနေလိမ့်မည်ထင်
ပါလေသည်။ လူငယ်လူရွယ်များကို ငါ မဖျက်ဆီးခဲ့ပါဘူး။ မြို့နိုင်ငံတို့ရဲ့ အယူအဆကို ငါသည်မဆန့်
ကျင်ခဲ့ပါဘူး ပြီးတော့ တုန်လှုပ်နေတဲ့ သူတွေကိုလည်း ငါသည် မထေမဲ့မြင် မပြုမိခဲ့ပါဘူး
အဲ့ဒီလိုစကားတွေပြောခဲ့ပါတယ်။ ဒါဆိုရင်တော့ အရာအားလုံး အရင်ကလိုပါဘဲ အပြစ်မယူဘဲ
နေလိုက်ပါလိမ့်မယ်လို့ အကြံပေးနေလေရဲ့ ဒီလောက်လေး ပြောရရင်ကိုဘဲ ငါ့အတွက် ဘေးမတွေ့
တော့ဘူးလို့ သူတို့က တိုက်တွန်းနေတာလေ တကယ်တော့ ငါပြောရပါတော့မည်လေ နောက်ဆုံးအ
နေနဲ့ ငါပြောရမည်ပေါ့ ခန်းမဆောင်အတွင်းမှာ အားလုံးက တိတ်ဆိတ်နေကြတယ် အားလုံးကငါပြော
တာတွေကို ထိုင်လို့နားထောင်နေကြတယ် အပ်ကျသံ တောင်ကြားရနိုင်တယ်လေ ကဲစပြောပါပြီ
ငါသည် လူငယ်လူရွယ် များကို ဖျက်ဆီးသူဖြစ်ပါတယ် မြို့နိုင်ငံများကိုလည်း ပြုပြင်သူဖြစ်တယ်
ထုံးတမ်းအစဉ်အလာများကိုလည်း ဆန့်ကျင်သူဖြစ်တယ် စစ်ဆေးသူများကို မထေမဲ့မြင်ပြုသူဖြစ်တယ်
အဲ့ဒီလိုငါ ထပ်ဆိုလိုက်တဲ့အခါ လူတွေက ငါ့ကို နားမလည်နိုင်သလိုကြည့်နေကြပြန်ပါတယ်။ ငါ့အား
အလွန်ဂွကျသောသူတစ်ဦးအဖြစ် ရှုမြင်နေကြပါတယ် ဒါတွေကတော့ တွေးခေါ်ပညာရှင်ကြီးတစ်ဦးရဲ့
ခေါင်းမာမှု အကြောင်းအရာတွေသာဖြစ်ပါတယ်
@sevenyear7
photo-google image

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 63968.82
ETH 3136.80
USDT 1.00
SBD 4.28