အပြစ်မကင်းစိတ်

in #busy5 years ago

အပြစ်မကင်းစိတ်ဖြင့် ကာလကြာမြင့်စွာ ကျွန်တော်နေထိုင်ခဲ့ရသည်။ ၀န်ချခြင်းကြောင့် အဆိုပါအပြစ်မကင်းစိတ်မှ ကျွန်တော် ချမ်းသာရာမရခဲ့ဘဲ
ကိုယ့်ကိုယ်ကိုယ်အပြစ်တင်နေမိသည့် သံသရာထဲတွင်ပင် ကျင်လည်နေခဲ့ရသည်။ ကျွန်တော်၏ အပြစ်အား မည်သို့ ဆေးကြောရမည်လဲဟု ကျွန်တော် စဉ်းစားကြည့်မိပါသည်။
အပြစ်ဆေးခြင်း
ကျွန်တော်တို့သည် ပင်လယ်ကြီးအား နားလည်နိုင်ရန် ကြိုးစားနေသော ရေစက်ကလေးများသာ ဖြစ်သည်။
ကျွန်တော်သည် ငယ်စဉ်က ဆိုရှယ်လစ်တစ်ဦး ဖြစ်ခဲ့ပြီး ဆိုဗီယက်အင်ပါယာအား ထောက်ခံခဲ့သည်မှာ ၁၉၃၂ ခုနှစ်တွင် ရုရှားပြည်အား
သွားရောက်လည်ပတ်ခြင်း မပြုခဲ့ခင်အထိဖြစ်ပါသည်။ ထိုနေရာတွင် ကျွန်တော်မြင်တွေ့ခဲ့ရသည်များက ကျွန်တော့်အား အဆိုပါစနစ်
အခြားမည်သည့်ဒေသသို့မျှ ပြန့်နှံမသွားရန် တားဆီးလိုစိတ်ကို ဖြစ်ပေါ်စေခဲ့သည်။ အတွေ့အကြုံနှင့် သမိုင်းတို့က ပုဂ္ဂလိကပိုင်ဆိုင်မှုနှင့်
ယှဉ်ပြိုင်မှုတို့၏ စီးပွားရေးဆိုင်ရာ လိုအပ်ချက်နှင့် ဗီဇစိတ်အခြေခံများကို ကျွန်တော့်အား သင်ကြားပေးခဲ့သည်။

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70734.57
ETH 3561.52
USDT 1.00
SBD 4.75