ရှင်သန်ရဲရဲပါ

in #busy5 years ago

@bobokyaw.jpg
အပြောင်းအလဲဆိုတာက အစဉ်အမြဲ ဖြစ်ပေါ်နေမှာသာဖြစ်တယ် ကောင်းသောပြောင်း
လဲခြင်း ဆိုးသောပြောင်းလဲခြင်းတွေ ရွေးချယ်လို့မရဘူး သူလာချင်တာလာမှာဘဲ
သူပြီးသူလာရမယ်လို့ သက်မှတ်ထားတာမရှိဘူး ဆိုးတစ်လှည့်ကောင်းတစ်လှည့်
ဖြစ်ချင်ဖြစ်မယ် အဆိုးပြီးတော့ ပိုလို့ဆိုးတာလည်း ဖြစ်နိုင်တယ် အကောင်းပြီးတော့
အကောင်းဆုံးနောက်တစ်ခုလည်း ရောက်လာနိုင်တာဘဲ
အဆိုးအကောင်းဆိုတာက ခွဲခြားလို့ရပေမယ့် ပြောင်းလဲခြင်းကိုတော့ ဘယ်အရာသာ
ပြောင်းလဲစေ ခွဲတမ်းပေးလို့မရပြန်ဘူးလေ
ပြောင်းတာတော့ ပြောင်းနေမှာဘဲ အပြောင်းအလဲနောက်ကို အလိုက်သင့်အလျှားသင့်
လိုက်ပါပြောင်းလဲနိုင်အောင် ကြိုးစားဖို့တော့လိုအပ်တယ်။
ကောင်းရင်ကောင်းသလို ဆိုးရင်ဆိုးသလို အခြေအနေပေါ်မူတည်ပြီး လှုပ်ရှားပြောင်းလဲပေးရလိမ့်မယ် ပြုပြင်နေထိုင်သွားရလိမ့်မယ်
အကောင်းဆုံးကိုလည်း မျှော်လင့်ထားခဲ့သလို အဆိုးဆုံးအတွက်လည်း
ပြင်ဆင်ထားပြီးသားဘဲလေ ဘယ်အတွက်ကြောင့်များ စိုးရိမ်သောက ရောက်နေရမည်နည်း သောကတွေ စိုးရိမ်ပူပန်မှုတွေ အဝေးကိုမောင်းထုတ်လိုက်ပါ
ဒါတွေက ကြုံရမှာဘဲ သန်မာသူတစ်ယောက်ဖြစ်လာစေဖို့ ဒါတွေက လိုအပ်တာပါဘဲ ဆုံးရှုံးမှုဆိုတာ ကိုယ်က သတ်မှတ်တာပါ အရှုံးလို့ မထင်မှတ်သရွေ့ လက်မခံသရွေ့တော့ ဒါဟာ အရှုံးမဟုတ်သေးဘူး
မနက်ဖန်တွေ ရှိနေသေးသမျှ အကောင်းဆုံးအရာကို မျှော်လင့်နိုင်သေးတယ် ဖန်တီးနိုင်သေးတယ်။ တွေ့ကြုံလာသမျှ ကောင်းခြင်းဆိုးခြင်းတွေကို
အကောင်းဆုံးတုံ့ပြန်နိုင်ဖို့လိုအပ်နေပြီ
ဘာတဲ့.............. ယုံကြည်ရာအတွက်လျှောက်သောလမ်းမှာ နောင်တ ဆိုတာ
ခေါ်မလာသင့်ပါဘူး ဒီခရီးမှာ သူပါဝင်လာဖို့ မလိုအပ်ပါဘူး
မင်းရဲ့ဘ၀မှာ ဘာကိုယုံကြည်သလဲ..................ယုံကြည်ရာတစ်ခုအတွက်
စတေးရဲရမှာပေါ့.......... ဘာအတွက်ကြောင့်များ တွန့်ဆုပ်နေရမှာလဲ
အဖြေက နှစ်မျိုးဘဲရှိရမယ် ဟိုမရောက် ဒီမရောက် အလယ်မှာ ကန့်လန့်ခံနေတာ
တော့မလိုချင်ဘူး ဖြူမလား မဲမလား ကြိုက်တာသာ လာလိုက်ပါ
ရှင်သန်ရဲရဲပါဘဲ......
Author : @bobokyaw

Sort:  

ကောင်းသောပြောင်းလဲခြင်းပဲဖြစ်မှာပါ...မျှော်လင့်မိ

အကောင်းဆုံးဖြစ်လာမှာပါ စိတ်မပျက်ပါ

Congratulations @bobokyaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You made more than 6000 upvotes. Your next target is to reach 7000 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

Saint Nicholas challenge for good boys and girls

Support SteemitBoard's project! Vote for its witness and get one more award!

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64223.84
ETH 3158.34
USDT 1.00
SBD 4.29