နီကိုတင်းကို စတင်းနဲ့ လဲမည်

in #busy6 years ago

smoking-3601594_960_720.jpg

နီကိုတင်းကို စတင်းနဲ့ လဲမည်

ကိုးရက်မြောက်သောနေ့သို့ ရောက်ခဲ့လေပြီ
နေ့ရက်တွေများလာလေ ကိုယ့်အတွက် အားအင်တွေ ပိုဖြစ်စေလေပါဘဲ ငါတော့ ဒီလောက်နေနိုင်နေပြီ
ငါ့ရဲ့ ထိန်းချုပ်နိုင်စွမ်းအားက တိုးတက်လာပြီ အပြီးတိုင် ဖြတ်နိုင်တော့မယ် ဆိုတဲ့ စေ့ဆော်ချက်တွေက
မိမိကိုယ် လေးစားမှု ယုံကြည်မှုတွေကို တိုးစေပါတယ်
ဆေးလိပ်သောက်တယ်ဆိုတာ မင်းရဲ့ ပိုက်ဆံတွေကို မီးရှို့ပြစ်နေတာဘဲလို့ အချို့က ဆိုပါတယ် သူတို့ကတော့
ဆေးလိပ်မသောက်သူတွေဖြစ်ပါတယ်။ ဆေးလိပ်သောက်သူကတော့ ဒီလိုမမြင်နိုင်ပါဘူး သူ့ရဲ့ လိုအပ်ချက်ကို
ဖြည့်တင်းနေတယ်လို့သာ ရှုမြင်မှာဖြစ်ပါတယ်
cigarette-2456476_1280.jpg

ဆေးလိပ်ဖြတ်လိုက်သည့်အတွက် ဆေးလိပ်အတွက် ကုန်ကျငွေတို့သည် ချက်ချင်း သက်သာလို့ လာပါသည်။
တစ်ရက်ကို အနည်းဆုံး တစ်ထောင်ကျော်လောက်တော့ သက်သာပါလေသည်။ ပျမ်းမျှ တစ်ရက်ကို တစ်ထောင့်ငါးရာ
သက်သာလေသည်။ တစ်လဆိုလျှင် လေးသောင်းငါးထောင် သက်သာလို့လာပါမည်။ တစ်နှစ်ဆိုလျှင် ငွေခြောက်သိန်း
ခန့် ကုန်ကျမှု သက်သာပေတော့မည်။ တစ်ရက်တည်းဆိုလျှင် မသိသာသော်လည်း တစ်လ ခြောက်လ တစ်နှစ်ဆိုတော့
ငွေတွေကို မီးရှို့ပြစ်နေသည်ဆိုသည်မှာ မှန်ကန်လို့နေသည်ကို တွေ့ရပါလေသည်။

ဆေးလိပ်စသောက်ကတည်းက ယနေ့ထိ ဆေးလိပ်ဖိုး ကုန်ကျငွေများကို တွက်ကြည့်မည်ဆိုလျှင် မနည်းတော့ပါလား
ကားတစ်စီးလောက်တော့ ၀ယ်စီးလို့ ရလေပြီ။ ဒါတောင် ဆေးလိပ်ဖိုး တစ်မျိုးတည်းသာ တွက်ရသေးသည်။ ဆေးလိပ်
သောက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ရောဂါများကို ကုသရခြင်းကြောင့် ကုန်ကျမည့် ဆေးဖိုးဝါးခများကို တွက်ကြည့်ဦးမည်
ဆိုပါက တန်ဖိုးအတော်ကိုများလာနိုင်သည်။ ဆေးလိပ်မသောက်တော့သည့်အတွက် သို့မဟုတ် ဆေးလိပ်မသောက်သူအတွက်
ပိုက်ဆံတို့သည် များစွာ သက်သာလို့နေလေမည်။ ထိုငွေတို့အား အခြားနေရာများတွင် သုံးစွဲနိုင်လေမည်။

ယခု မိမိရဲ့ ဆေးလိပ်ဖိုး ကုန်ကျငွေကို တွက်ကြည့်လျှင်ပင် မနည်းသော ငွေကြေးကိုတွေ့ရပါလေသည်။ မိမိသောက်သော
ဆေးလိပ်သည် ခပ်ပေါပေါ ဆေးလိပ်ဖြစ်သည့်အတွက် တစ်ရက်ကို တစ်ထောင့်ငါးရာသာကုန်သည်။ ဒိထက် ဈေးကြီးသော
ကောင်းမွန်သော ဆေးလိပ်များကို သောက်ခဲ့မည်ဆိုလျှင် ကုန်ကျငွေတို့သည် ဒီထက်များနေမည်ဖြစ်လေသည်။
တစ်နှစ်လောက် ဆေးလိပ်မသောက်ဘဲ ဆေးလိပ်ဖိုးများကို စုထားခဲ့မည်ဆိုလျှင် လက်ရှိ စတင်းပေါက်ဈေးနဲ့တွက်ကြည့်
လေသော် တစ်နှစ်ကို စတင်းပါဝါ လေးရာ ငါးရာလောက် စုနိုင်မည်ဖြစ်သည်။ အတော်ကို များသော ငွေများဖြစ်သည်

စာရေးပြီး စုမည်ဆိုလျှင်တောင် တစ်နှစ် စတင်းပါဝါ ငါးရာ စုနိုင်ရန် လက်ရှီ မလွယ်ကူ ။ ဆေးလိပ်သောက်နေလည်း
ကုန်နေမည်သာဖြစ်သည်။ ဒါဆိုလျှင် ဆေးလိပ်မသောက်ဘဲ ကုန်ကျမည့် ဆေးလိပ်ဖိုးများကို စုထားပြီးတစ်နှစ်တစ်ခါ
ပါဝါ အပ်လုပ်လျှင် အတော်ကို နေရာကျမည်ဟုတွေးမိသည်။ တစ်ချက် ခုတ် နှစ်ချက်ပြတ် နီကိုတင်းနဲ့ စတင်းကို အလဲအထပ်
လုပ်ရပေဦးမည်။ အစကတည်းကဒီလိုမှန်းသိ လွန်ခဲ့သော ဆယ်နှစ်လောက်ကတည်းက ဆေးလိပ်ဖြတ်ပြီး ပါဝါအပ်လုပ်ခဲ့ပါတယ်နော်.............

Photo Credit : Original source
Author : @bobokyaw
@bobokyaw.jpg

Sort:  

အားကျလာပြီလေ ဒီလိုအကြံကောင်းတွေ နဲ့အဆင်ပြေပြီလို့

ဒီပိုစ့်လေး ဖတ်မိတော့မှ မျက်ရည်ဝဲမိတော့မယ် ဦးဇင်းလည်း ဆေးလိပ်ဖြတ်ချင်လို့  ဆေးလိပ်အစားထိုး E-စီးကရက်လေး ပြောင်းသောက်ပါတယ် ဆေးရည်ဖိုးနဲ့ မွဲတော့မယ်

တက်နိုင်ရင်တော့ ဆေးလိပ်မသောက်တာ ကောင်းပါတယ်
ဆေးလိပ်က ဆိုးကျိုးများစွာပေးပါတယ်

အစကတည်းကသာသိခဲ့မယ်ဆိုရင်ကိုမပြောပါနဲ့တော့အခုအခြေအနေပြန်မပြင်ထိအောင်သတိချပ်ပါနော်

ဟုတ်တယ်အစ်မရေ ပြန်မသောက်ဖြစ်အောင် အတော်ဂရုစိုက်ရမယ်

Promote လုပ်ပြီးပါပြီ ဘရို။ အခုလိုကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဟုတ် အစ်ကို ကျေးဇူးတင်ပါတယ်။ အခက်အခဲမရှိပါဘူး အဆင်ပြေပါတယ်ခင်ဗျ

You got a 9.78% upvote from @postpromoter courtesy of @mmunited!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

ကျေးဇူးတင်ပါတယ် ပီပီကြီးရေ

You got a 6.92% upvote from @upme thanks to @bobokyaw! Send at least 3 SBD or 3 STEEM to get upvote for next round. Delegate STEEM POWER and start earning 100% daily payouts ( no commission ).

Thanks you upme

Coin Marketplace

STEEM 0.34
TRX 0.11
JST 0.034
BTC 66344.62
ETH 3214.81
USDT 1.00
SBD 4.37