လုပ်သမျှတင့်တယ်

in #busy5 years ago

@bobokyaw.jpg

မဟာ သူဌေးကြီး ဘိုခီးယားဟာ သူဘာလုပ်လုပ် ဘယ်သူမှအပြစ်တင်မပြော ၀ံ့လောက်အောင်လည်း သြဇာ
ညောင်းလှပါတယ် ဘယ်သူမှလည်း ပါးစပ်မဟ ရဲကြပါဘူး ဟတဲ့ပါးစပ်ပေါက်ကိုလည်း ငွေထုပ်နဲ့ပစ်ပေါက်ပြီး ရှင်းလင်းတက်ပါတယ် သူလုပ်သမျှဟာ အရာရာတင့်တယ်လို့နေပါတော့တယ်
ဟိုသီချင်းလေးတောင် သွားသတိရမိတယ် ဘာတဲ့ အရက်သမားသီးချင်း ဇိုးသမားသီချင်း ယစ်ထုပ်သီးချင်း
အဲ့သလို မဟာ ဂုဏ်ပုဒ်တွေနဲ့ ဟိုတုန်းက အတော်လေး ပေါက်ခဲ့တဲ့ သီချင်းပါ သီချင်းစာသားလေးတွေက
လည်းအလန်းတွေ ဂုဏ်ဆိုတာ ငွေကိုခေါ်တယ် ငွေကိုသာ ရေလိုသုံးရင် တစ်ပြည်လုံးမှာ လုပ်သမျှတင့်တယ် ......... အဲ့သီချင်းလေးက မြန်မာပြည်က သီချင်းရေးဆရာကရေးပြီး မြန်မာပြည်က
အဆိုတော်က ဆိုလို့ မြန်မာပြည်က ပရိတ်သက်ကြား ဟိုးဟိုးကျော်အောင် ပေါက်ခဲ့တာပါ
ဒါပေမယ့် အဲ့သီချင်းက ဘိုခီးယားအကြောင်းစောင်းရေးထားသလားတောင် ထင်မှတ်မှားလောက်ပါပေတယ်
ငွေရှိတဲ့အလုပ် သူဘာလုပ်လုပ်တင့်တယ်လို့နေတယ်ဆိုတာ အထင်အရှားပါဘဲ
သူ့အကြောင်းလေး ဆက်ကြဦးစို့........ ပေါက်ကရလေးဆယ်တော့မဟုတ်ပါဘူး သူ့ရဲ့ အတွင်းရေးအချို့
မီဒီယာတွေကြားက ပေါက်ကြားလာတာတွေထဲက ကောင်းနိုးရာရာလေးတွေ မှတ်မိသလောက် ပါ
သူ့ရဲ့ ခုနှစ်ရက်စာ အင်ကျီဖိုးက ဒေါ်လာငါးသောင်းကျော်တယ်လို့ ဆိုပါတယ် သူ့ရဲ့ အင်္ကျီကြယ်သီးတွေက
အဖိုးတန် ကျောက်မျက်ရတနာတွေ ဖြစ်တယ်လို့ဆိုပါတယ် စိန်တို့ ရွှေတို့ ပုလဲတို့ဖြစ်ပါတယ်
သူ့ရဲ့ မီကျောင်းသားရေ ဖိနပ်တစ်ရံရဲ့ တန်ဖိုးက ဒေါ်လာသုံးထောင်ကျော်ပါတယ်
ငွေကိုရေလိုသုံးပြီး လောကစည်းစိမ်ကိုအပြည့်အ၀ခံစားတယ်လို့ဘဲ ခပ်တိုတိုတုပ်တုပ်ဆိုရပါတော့မယ်
ပြောကုန်နိုင်ဖွယ်မရှိအောင်ကို ပေါက်ကရလေးဆယ် ထင်တိုင်းကြဲတာပါဘဲ အကောင်းဆုံး ဈေးအကြီး
ဆုံးလို့ ဆိုလိုက်ရင်သူကကြိုက်ပြီးသားပါဘဲ။
သူ့ရဲ့ နှစ်ငါးဆယ်ပြည့်မြောက်သော မွေးနေ့သဘင်အတွက် ကဘာကျော် ပေါ့စ်အဆိုတော် မိုက်ကယ်
ဂျက်ဆင်ကို ဒေါ်လာ ဆယ့်ငါးသန်းပုံပေးပြီး ငှားရမ်း ဖျော်ဖြေစေခဲ့ပါလေသည်။ မိုက်ကယ်ဂျက်ဆင်ကို
အရှင်လတ်လတ် အနီးကပ်မြင်တွေ့ခွင့်ကို ဘရူနိုင်းပြည်သူတို့ တွေ့ထိခံစားနားဆင်ခွင့်ရခဲ့ပါလေသည်။
ကိုယ်တွေဆီက သူဌေးကြီးများလည်း အဆိုတော် ရီဟားနားလေးကို ငှားရမ်းသီဆိုတာမျိုးများလုပ်ကြရင်
ကောင်းလိမ့်မယ်ထင်သည်။ ကိုယ်ကြိုက်တာကိုယ်ပြောတာပါ။ ငှားတော့ငှားမယ်ထင်ပါတယ် ကိုယ်တွေ
မသိမမြင်လိုက်တဲ့ ၀ှက်ဖဲချပ်တွေနဲ့ ကွက်ပျောက်လုပ်ကွက်တွေနဲ့ ဖြစ်ပါလိမ့်မယ်
ကဘာကျော် အဆိုတော် အလှမယ် များကို မရအရ ခေါ်ယူပြီး သူတို့ရဲ့ အနုပညာအရည်အသွေးကို အနီးကပ် ဖျှော်ဖြေတင်ဆက်စေခဲ့တယ်လို့ဆိုပါတယ်
သူ့ရဲ့ ငွေသုံးပုံကတော့ အားကျဖွယ်ကောင်းလှပါလေသည်။ တစ်ရက် ဒေါ်လာလေးသန်းဆိုတော့
နည်းနည်းနောနော ၀င်ငွေတွေမဟုတ် စတီးမစ်ပေါ်မှာ သူ့တစ်ရက်တာ ၀င်ငွေကို အလှူပေးပြီး ပို့စ်တင်
သူတိုင်းကို အပ်ဘုတ်ပေးတဲ့ ဖေါင်ဒေးရှင်း လေးများ ငွေပဒေသာပင် အကောင့်လေးများ လှူတန်းပေးလိုက်ရင် အဘယ်မျှကောင်းလေမည်နည်း။ပြောမယ့်သာ ပြောရတာပါ လူ့စိတ်သဘောကို တွေးတော့တွေးမိပါသည် ကိုယ်သာဆိုလျှင် သူ့ထက်ဆိုးလိမ့်မည် ထင်ပါသည်။

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.033
BTC 63901.15
ETH 3133.40
USDT 1.00
SBD 4.05