လက်တို့ ခါးတို့ပြီး ပြောလိုက်ပါရစေ
steemmonsters game မှာ အာရုံတွေ စုစည်းထားပါတယ် အခြေအနေကတော့
အကောင်းဘက်ကို ရာနှုန်းပြည့်သွားနေပါတယ် ဘာကြောင့်ဂိမ်းကစားနေတာလဲမေး
ရင်တော့ ၀ါသနာပါလို့ပါလို့ ဖြေမယ်မထင်ပါနဲ့ ဒေါ်လာ ရနေလို့ ကစားနေခြင်းဖြစ်ပါတယ် ဒီ game ကဒေါ်လာတွေ ပေးနေပါတယ်။ သိတွေကတော့
ဖေါ်စားနေကြပါပြီ ဖေါ်စားလို့ ဗိုက်ကားနေပါပြီ ကားနဲ့တောင် တိုက်ပြီး ဂိုဒေါင်ထဲထည့်ဖို့အတွက် ဂိုဒေါင်အလွတ်တောင် ငှားထားပါပြီ ဒီဂိမ်းမှ မကစားရင် ကိုယ့်လောက်မိုက်တဲ့
သူ ရှိမယ်မထင်လို့ပါဘဲ။
ဂိမ်းကစားဖြစ်အောင် တိုက်တွန်းသော လိုအပ်သည်များ အကူအညီပေးသော ဘရားသားကြီး ကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
စတီးမစ်ကို သွေးအေးစေသော တရားခံတွေထဲမှာ လေပြုတ်ကျတွေက နံပါတ်တစ်
စာရင်းထဲမှာ ပါဝင်ပါတယ် စတီးမစ်က ရေရှည်သွားရတယ် နှစ်ရှည် စိမံကိန်း
အခုရေးတွင်းတူး အခုရေကြည်သောက်လို့တော့မရဘူး ရေက ဘယ်အချိန်ကြည်မည်
လဲဆိုတာတောင် မသိနိုင်တော့ကာ အမြန်ကြိုက်တဲ့ ကိုရွှေဒုံးပျံ မရွှေဂျက်မတို့အတွက်
စတီးမစ်က အဆင်မပြေနိုင်ပါဘူး ဒီတော့ အခုတူးအခုစားလို့ရတဲ့ စိမ်းစားဥ လေပြုတ်ကျတွေကို လူတွေ ပိုပြီး စိတ်ဝင်တစားလုပ်ကြပါတယ် အချိန်ပေးကြပါတယ်
တကယ်လည်းရတဲ့အခါ ရကြပါတယ်။ ကိုယ်တိုင်က ကံကောင်းသူဖြစ်လို့ ဘယ်တုန်းကမှ လေပြုတ်ကျ ကြွပ်ကြွပ်အိတ်အခွံလေးတောင် မရခဲ့ဖူးပါ အဲ့သလို သွက်သွက်လက်လက်စာရင်းထဲမှာ ကိုယ်က ပါနေခဲ့တာပါ။ ဒါကြောင့် လေပြုတ်ကျ
ဆို ဝေးဝေးကရှောင်ပါတယ် ဘယ်လောက်ရမယ်ပြောပြော အခုမလုပ်တော့ပါဘူး
အရင်ကတော့ အများကြီးလုပ်ပါတယ်။ လျှောက်လွှာစာရွက်တစ်ထပ်ကြီးသာ အဖတ်
တင်ကျန်ရစ်ခဲ့ပါတယ်။ ဒါကြောင့် ယခုစတီးမစ်ကိုဘဲ လုပ်ပါတော့တယ်။
အခု steemmonsters game နဲ့ လေပြုတ်ကျနဲ့ ဘာဆိုင်သတုန်း မေးပါပြီကော
ဟုတ်ကဲ့ ဘာမှမဆိုင်ပါဘူးလို့ ပြောလို့မရပါဘူး သူကိုယ်တိုင်က လေပြုတ်ကျလို့
တရားဝင်မဆိုထားပါဘူး။ ဒါပေမယ့် သူသွားနေတဲ့လ မ်းကြောင်းကတော့ လေပြုတ်ကျ လမ်းအတိုင်းသွားနေပါတယ်။ steemmonsters game ကခန့်မှန်းရခက်
စေလောက်အောင် ကျယ်ပြန့်လွန်းတယ်ဆိုတာကို တဖြည်းဖြည်း သဘောပေါက်လာမိပါတယ်။ သူ့ရဲ့ တည်ဆောက်ပုံက သားရေကွင်းလိုပါဘဲ လိုအပ်
ရင်လိုအပ်သလို သူ့အင်ပါယာကို ချဲ့ထွင်နိုင်ပါတယ် မလိုအပ်ရင် မလိုအပ်သလို ချုံ့နိုင်
ပါတယ်။ ဒါကတော့ ကိုယ့်အမြင်ပါ ဆရာတွေ အမြင်နဲ့ လက်တွေ့သမားတွေအမြင်
ပညာရှင်အမြင်တွေနဲ့တော့ မတူကွဲပြားမှာပါ။ သို့သော် ယခုလက်ရှိ ဂိမ်းကစားသူများ
မကြာခင် အဖြေတစ်ခုကို မြင်ရပါတော့မယ်။ လက်ရှိအကျိုးခံစားနေရတာတွေထက်
သာလွန်သော အကျိုးအမြတ်များကို ရရှိလာပါတော့မယ်။ နောက်ကျသူများ ဘေးက
ထိုင်ငေးရပါလိမ့်မယ်။ steemmonsters game ဟာ ဗလာမပါတဲ့ လေပြုတ်ကျ စစ်စစ်
ကြီးဖြစ်ပါတယ်ဆိုတာလေး လက်တို့ ခါးတို့ပြီး ပြောလိုက်ပါရစေ
Photo Credit : Original source
Author : @bobokyaw