ဒုတိယ အကြိမ် မြောက် အတိုက်ခံရခြင်း (@aggamun)

in #blog5 years ago

ခက်တယ်ဗျာ။ တကယ်တော့ အသိ နောက်ကျတာလည်း ပါပါတယ် ခင်ဗျ။ drugwars မှာ ဒုတိယ အကြိမ်မြောက် အချီကြီး အမိခံလိုက်ရပြန်သည်။

စစ်သားတွေ နည်းဗျူဟာ ကျကျ မထုတ်တတ်သေးတာက တစ်ကြောင်း၊ အဆင့်မြင့်ဖို့ resource တွေ စု လိုက်မိသည်က တစ်ကြောင်း၊ အချိန်မီ ဝင်ရောက် စစ်ဆေးဖို့ ပျက်ကွက် ခဲ့သည်က တစ်ကြောင်း ပေါ့ဗျာ။ အစက တော့ ကိုယ်ရှုံးတာကို ရေးပြရတာ အနည်းငယ် ရှိုးတိုး ရှံ့တန့် ဖြစ်နေမိ ပေမယ့် ကိုယ့် မိတ်ဆွေများ ကို အတွေ့အကြုံ ဖလှယ် ချင်လို့ ရေးတင်လိုက် ပါသည်။ ကိုယ့်လို အမိ မခံ ကြဖို့ ခံစစ်ကို ကောင်းကောင်း တည်ဆောက် နိုင်ကြစေဖို့ ရည် ရွယ် ပါတယ်။ ကျွန်တော့ရဲ့ အားနည်းချက်ကို မြင်ခဲ့ရင်လည်း ထောက်ပြ အကြံပြုခဲ့ ကြပါဦး။

ဒါကတော့ ကျွန်တော်ကို ဆင်ကြံ ကြံသွားတဲ့ အကောင်ပါ။ ဘာကြောင့် ဆင်ကြံ သွားလည်း ဆိုတော့ ပထမ အကြိမ် အချီကြီး တုန်းကလည်း သူပါပဲ။ ခု ဒုတိယ အကြိမ် ဆိုတော့ နည်းနည်း များသွားပါပြီ။

သူ့ထက် အဆင့်မြင့်တဲ့ account ပိုင်ရှင်များ ကျွန်တော့ရဲ့ မိတ်ဆွေထဲမှာ ရှိခဲ့ရင် လက်စားချေတဲ့ အနေနဲ့ သင်ခန်းစာလေး ပေးသွား ကြဖို့ ကျွန်တော် တောင်းဆိုပါတယ်။

ပထမ အကြိမ်တုန်းကလည်း သူ ဒီထက် မနည်းရထားပါတယ်။ ကျွန်တော် resource အများအပြား စုထားတတ်တာ သိလို့ ချောင်းပြီး အကျအန ကို ပြင်ဆင် ဆော်ပလော် တီးသွားတာပါ။ ကျွန်တော်လည်း စစ်သား ထုတ်ထားတာ မနည်းပါ။ ထုတ်ထားတာ စနစ်မကျတာ တွေ့ရင် ပြောပြပေးခဲ့ပါ။

စတင်း တွေ အရနည်းလာတော့ အဆင့်မြင့်ဖို့ လိုအပ်နေချိန် မို့ စုထားတာ လေးကို တိုက်ခံရတာ ဖြစ်ပါတယ်။ ခုတော့ စစ်သားလည်း ပြန်ထုတ်ရ ဦးမည်။ resource လည်း ထပ်စုရဦးမည်။ အဆင့်မြင့်ဖို့ ထပ်မံ အချိန်ယူရ တော့မည်။

အောင်မလေး ကုန်ပါပြီဗျ ! ………


So many thanks for reading and visiting my blog.

Have a good day to all steemians!

@aggamun

To play drugwars : https://staging.drugwars.io/#!/ref/@aggamun

To play steemmonsters : https://steemmonsters.com?ref=aggamun

To play Magicdice : https://magic-dice.com/?ref=aggamun

To play moonSTEEM : https://www.moonsteem.com/?ref=aggamun

My bounty post for this week : https://steemit.com/msu/@aggamun/together-with-you-steembounty-thng-esny-nyaa-thng-wng-atu-week-13-aggamun



Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=51
Sort:  

ဟာ တို့အစ်ကိုတော့ ပါသွားပြန်ပြီလား။နှစ်ခါရှိပြီဆိုတော့ သုံးကြိမ်မြောက်မဖြစ်အောင် ဂရုစိုက်ပေါ့အစ်ကို။

Posted using Partiko Android

ဟုတ် ဗျာ lvl တင်ဖို့ စုထားတာလေး

Posted using Partiko Android

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 62432.37
ETH 3003.22
USDT 1.00
SBD 3.78