တစ်ကဒ် အစွမ်း (@aggamun)

in #battle5 years ago

မနေ့က sm ကစားတော့ စိတ်ဝင်စားစရာ အချက်အလက် တချို့ တွေ့ လိုက်ရ ပါတယ်။ မနေ့က quest အနေနဲ့ Death splinter ကျပါတယ်။ သိတဲ့ အတိုင်းပဲ အားလုံး Lvl.1 ဆိုတော့ တိုက်လိုက်ရတာ ငါးပွဲလောက်နိုင်ဖို့ ကို လက်တညောင်းပဲ။ ပြိုင်ဘက် ကစားသမား အနေအထား ကို ကြည့်ပြီး နိုင်လောက်မှ death နဲ့ ဆော်ပါတယ်။ တခြားဟာဆို ရင်တော့ ကိုယ်အားသန်ရာ ရေလှိုင်းနဲ့ တီးပါတယ်။

တီးမှာပေါ့ bro @nayhlaingsoe က ကဒ်အမိုက်စားကြီး ပေးထားတော့ အဲဒါအားကိုးနဲ့ ဆော်တာ silver 1 ကို ရောက်ရောဗျ။ ရေလှိုင်းမှာ အကောင်းဆုံးက ruler of the sea ပေါ့ဗျာ။ အဲကဒ်သာ မရှိရင် ကျွန်တော် silver lll တောင် မလွယ်ဘူးဗျ။ Life splinter မှာ air elemental ကြီးပါလာရင် ကျွန်တော့မှာ ရှိတာနဲ့ ဘယ်လိုမှ မနိုင်ဘူး။ လုံးဝ ကို အရှုံးပေး လိုက်ရတယ်။

air elemental ကြီးကလည်း ဈေးက မြောက်တယ်။ ခုထိ ဝယ်နိုင်သေးဘူး။ Life အတွဲမှာ air elemental ပါတာကု ဖြိုဖို့ ဆိုရင် အကောင်းဆုံးက water ပဲ။ ruler of the sea ပါရင် ပိုကောင်းတယ်။ silver league မှာပေါ့။ ကျွန်တော်က တော့ တဖက်ပြိုင်ဘက် က ဒီလို အတွဲ သုံးမယ်လို့ ထင်တာနဲ့ water ကို စဉ်လိုက်တာပဲ။ လုံးဝ အနိုင်!!

ဒီလိုနဲ့ နိုင်ပွဲ တွေ ဆက်ခဲ့ရတာ ဖလား ၁၃၀၀ ကျော်ကနေ ၁၇၀၀ ကျော်လာခဲ့ပါရောဗျ။ ဒါ တစ်ကဒ် ထဲ အစွမ်းနော်။ ကျွန်တော်လည်း ruler of the sea မရခင်က ပြိုင်ဘက်မှာ air elemental တွေ့လိုက်တာနဲ့ သိလိုက်ပြီ။ တကယ်ကို တပွဲမှ မနိုင်ခဲ့ပါ။ တကဒ်ထဲ နော်။ ရှဲ ရှဲ bro @nayhlaingsoe

လောလောဆယ်တော့ silver league မှာပဲ နေဦးမယ် season သုံးခုလောက်။ ကဒ်တွေက မတရားစု ရဦးမယ်။ beta တွေက အရင်လို လွယ်လွယ် မရတော့ဘူး။ ပြီးတော့ တစ်ကဒ်ချင်း က ဈေးကြီးလွန်း နေတယ်။ summoner တွေ Lvl.3 လောက် တင်ပြီး ကစားနိုင်မှ gold league ကို စဉ်းစားတော့မယ်။ အခုတောင် တကယ့် ဆိုဒ်ပြည့် ဂိုက်ပြည့် နဲ့ တွေ့ရင် ဘယ်လိုမှ တောင့်မခံနိုင်ဘဲ ကား ဆင်းသွားတာ။

Written by @aggamun



Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=119

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.031
BTC 61388.48
ETH 2984.48
USDT 1.00
SBD 3.65