အနုပညာ

in #art6 years ago

အနုပညာ..

အနုပညာဆိုတာ အကြမ်းပညာမဟုတ်​လို့ အနုပညာလို့ ​ခေါ်တာပါတဲ့..
လူတန်းစားမ​ရွေး လူမျိုးဘာသာမ​ရွေး အသားအ​ရောင်​မ​ရွေး အသက်​အရွယ်​ မ​ရွေး ခံစားလို့ရတဲ့ အနုပညာဆိုတာ လူသား​တွေရဲ့ ကမ္ဘာမှာသာ ပိုပြီး ရှင်​သန်​​လေ့ရှိပါတယ်​..
အဟိတ်​တိရစ္ဆာန်​​တွေထဲမှာ​တောင်​ အနုပညာကို ခံစားတတ်​​လေ့ရှိတာ​တွေ ရှိပါတယ်​။ ဒါ​ပေမယ့်​ သူတို့က အနုပညာကို ဖန်​တီးနိုင်​သူ​တွေ​တော့ မဟုတ်​ကြပါဘူး။
လူသား​တွေကသာ အနုပညာကို ဖန်​တီးပြီး အနုပညာရဲ့ရသကို ပိုပြီး ခံစား​လေ့ရှိကြတာပါ..
စိတ်​ရဲ့ ​ပျော့​ပျောင်းခြင်း မာ​ကျောခြင်း ဝမ်းနည်းခြင်း ဝမ်းသာခြင်း စတဲ့ ရသများစွာကို တစ်​စုတစ်​စည်းထဲ တစ်​ခါထဲ ​ဖော်​ပြနိုင်​တဲ့ အရာဆိုရင်​ အဲ့ဒါဟာ အနုပညာပညာပါပဲ....
နုခြင်း ရင့်​ခြင်း ၊ ​ပျော့ခြင်း မာခြင်း၊ မုန်းတီဖွယ်​ ချစ်​ခင်​မြတ်​နိုးဖွယ်​၊ သိမ်​​မွေ့မှု ခက်​ထန်​မှု အစရှိတဲ့ ဆန့်​ကျင်​ဖက်​ အရာ​တွေကြားမှာ အနုပညာဟာ အနုပညာဆန်​စွာ တည်​ရှိ​နေခြင်းကကို အနုပညာ​မြောက်​​နေ​တော့တာပါပဲ..။
ထုတ်​ပိုးသိမ်းဆည်းထားဖို့ ခက်​ခဲတဲ့ ပိတ်​​လှောင်​​သော့ခတ်​ထားလို့ မရနိုင်​တဲ့ အနုပညာဆိုတာ လွတ်​လပ်​​နေတဲ့ အရာတစ်​ခုလည်း ဖြစ်​နိုင်​ပါတယ်​။
အနုပညာ​တွေ အနုပညာ​မြောက်​သွားတဲ့အခါ သိပ်​ကို တန်​​ကြေးကြီးသွားတဲ့ တန်​ဖိုးမြင့်​ပစ္စည်း ဖြစ်​သွား​တော့တာပါပဲ...

အနုပညာဆိုတာကို အပြည့်​စုံဆုံး အ​ဖြေထုတ်​ဖို့​တော့ ခက်​ခဲလွန်းတယ်​လို့ ပညာရှင်​တစ်​​ယောက်​ဆိုထားတာကို ဖတ်​ရှု့ဖူးပါရဲ့.....

ကျွန်​မထင်​တယ်​..
အနုပညာဟာ နားလည်​နိုင်​မှုနဲ့ နားမလည်​နိုင်​မှု​တွေကြားက နားလည်​ရခက်​ခဲပြီး ခံစားနားလည်​နိုင်​စွမ်းအပြည့်​ဝဆုံး အရာတစ်​ခုလို့ ​ပေါ့...

(လွတ်​လပ်​စွာ သ​ဘောထားကွဲလွဲနိုင်​ပါတယ်​..)

I'm ATM.
MSU 021.
Photo credit. image

Coin Marketplace

STEEM 0.36
TRX 0.12
JST 0.039
BTC 70223.87
ETH 3561.28
USDT 1.00
SBD 4.73