VPS ဆိုတာဘာလဲ

in #mmgroup9 years ago

FB_IMG_1499347029264.jpg
VPS ဆိုတာဘာလဲ ??

VPS ဆိုတာ အွန်လိုင်းမှာ တောက်လျှောက် RUN ထားလို့ ရမယ့် Virtual Computer လေးပါ..
vps ပေါ်မှာဆိုရင်တော့ ၂၄ နာရီမောင်းထားလိုက်တာ အင်တာနက်ဘေလဲကုန်မှာမဟုတ်ပါဘူး..
VPS ကို သုံးရင် ဘာတွေကောင်းလဲတော့ကျနော်လဲကျနော် သိသလောက် လေးပြောပြပေးပါ့မယ်...ကျန်တဲ့ဟာတွေတော့ ကျနော်လဲ မသိပါ.... ၂၄ နာ၇ီ Bot တွေနဲ့မောင်းရမဲ့ဟာတွေ အလုပ်လုပ်ရမဲ့ဟာတွေ ဆိုရင် အင်တာနက် ဖိုးတော်တော်သက်သာပြီးတော့ ကွန်ပြူတာလဲ သက်သက်သာနိုင်မှာပါ....

ပြီးရင် ဘလော့ကာတွေ အတွက် ပိုကိုက်နိုင်ပါတယ်...ဆော့ဝဲ တခုကိုဒေါင်းလော့ဆွဲမယ်ပေါ့ ပြီးရင်ကိုယ့်ရဲ့ ဘလော့မှာ ပြန်တင်ရမယ်ဆိုရင် 1 G ဆွဲရမယ်ပေါ့...VPS နဲ့ဆွဲကြည့်လိုက်ပါ....၁ မိနစ် လောက်ဘဲကြာပါတယ် 1g က ဒေါင်းလို့ပြီးပါတယ် ပြန်တင်လိုက်ပါ အပ်လုပ် နဲ့ ကိုယ့်ဘလော့မှာ ၁ မိနစ်လောက်ဘဲ ထပ်ကြာမှာပါ...အချိန်ကြာတာထက်ကို ကိုယ့်ရဲ့အင်တာနက်ဘေက တော်တော်လေးကို အကုန်ကျမရှိဘဲ နဲ့သုံးရမှာဖြစ်ပါတယ်....

Video ဆိုဒ်တွေ ဆိုရင်ပိုတွက်ချေကိုက်ပါတယ်...video တွေ ကဆိုဒ်ကြီးတွေကြီးပါဘဲ...ဖုန်းဘေနဲ့သာအလုပ်လုပ်မယ်ဆိုရင်တော့ ဘေဖိုးနဲတင် မွဲနိုင်မဲ့ကိန်းဖြစ်ပါတယ်... Vps သုံးမယ်ဆိုရင်တော့ ဘေဖိုးက ဘာမှကုန်မှာမဟုတ်ပါဘူး သူ့ဆာဗာကိုချိတ်တဲ့ အင်တာနက်ဖိုးလောက်သာကုန်ကျမှာပါ...

နောက်ပြီးရင် ဂိမ်းဆော့တဲ့ သူတွေ Bitcoin dice ဂိမ်းတွေပေါ့..Auto betting တွေမှာ settting ချပြီးတော့ ၂၄ နာ၇ီမောင်းထားလို့ရပါတယ် ပစ်ထားလိုက်ယုံပါဘဲ ကိုယ်ထိုင်ကြည့်နေစရာမလိုပါဘူး... Web mining တူးတဲ့သူတွေလဲ သုံးလို့၇မှာပါ... ဒါပေမဲ့ မိုင်နာတွေ ကတော့ VPS plan ကောင်းကောင်း ၀ယ်သုံးမှ ကောင်းမှာပါ....မဟုတ်ရင်တော်တော်လေး ကို လေးလံနေမှာဖြစ်ပါတယ်...

Primedice ,999,freebitcoin ဒီဆိုဒ်တွေAuto betting တွေ ရပါတယ်...တခြား အင်တာနက်နဲ့ ၂၄ နာရီ လုပ်ရမဲ့ အလုပ်တွေ ကို vPS မှာ ကိုယ်သုံးတတ်ရင်သုံးတတ်သလို အသုံးပြုနိုင်ပါတယ်...ကျနော်ကတော့ ကျနော်သိသလောက်လေးကိုသာ သိမ်းကြုံးပြီးတော့ေ၇းပြသွားတာပါ..

VPS ကို mobile ကနေသုံးချင်တဲ့သူတွေအတွက် Microsoft Remote Desktop ကိုဒေါင်းပြီးတော့ သုံးနိုင်ပါတယ်...android and Ios ၂ ခုလုံးရပါတယ်
ဖုန်းထဲကနေ ကွန်ပြူတာ တလုံးလို အကုန်လုံးသုံးလို့ရမှာပါ...
ျRDP address ထည့်
username က ကိုယ်ဝယ်တဲ့ နေရာက ပေးတဲ့ အီးမေး မှာပြန်ရှာ password ပါပါတယ်... အဲ့ ၃ ခု ထည့်ပြီးရင် သုံးလို့ရပြီ ....

For Android >> https://play.google.com/store/apps/details?id=com.microsoft.rdc.android&hl=en

For IOS >> https://appsto.re/us/CTDLQ.i

အဲ့မှာဒေါင်းလော့ဆွဲလိုက်ပါ...

ကွန်ပြူတာနဲ့မသုံးဖြစ်တဲ့အချိန်တွေမှာလဲ ကိုယ့်ဖုန်းထဲကနေ ၀င်ကြည့်နိုင်သလို အသုံးပြုနိုင်မှာဖြစ်ပါတယ်...Tablet လောက်မှ ကြည့်လို့ကောင်းပြီးတော့သုံးလို့ကောင်းမှာပါ...ဘာလို့လဲဆိုတော့ ကိုယ် မြင်ရတဲ့ UI က Windows UI ကိုပြပေးမှာဖြစ်လို့ပါ...

အားလုံးကို ကျေးဇူးပါ...

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.077
BTC 63491.16
ETH 1663.62
USDT 1.00
SBD 0.42