အဖြေရှာမရတဲ့ကမ္ဘာ့ပဟေဋ္ဌိအဆန်ဆုံးလူမျိုး

in #blog7 years ago

အဖြေရှာမရတဲ့ကမ္ဘာ့ပဟေဋ္ဌိအဆန်ဆုံးလူမျိုး
(သို့ ) ကမ္ဘာကြီးထဲကပျောက်ကွယ်သွားခဲ့တဲ့မာယာလူမျိုးများ
===============================
image
ကမ္ဘာဦးအစထဲကလူမျိုးပေါင်းများစွာရှိခဲ့သ
လို ထူးဆန်းတဲ့လူမျိုးစုများစွာလဲရှိခဲ့ပါတယ်။ လူတွေအများဆုံးသိကြစိတ်ဝင်စားကြတာဆိုရင်တော့ အီဂျစ်ပေါ့ဗျာ။ ကမ္ဘာ့သမိုင်းမှာ လူစိတ်ဝင်
အစားဆုံး ရေဗန်းအစားဆုံးပေါ့။ အီဂျစ်နဲ့တဆက့် ထဲ နာမာ ဖာရို ကနာနီတီ အဲလီဖန်တီ မာယာ
ကလီယိုပန်တျာ မီတန်းနစ် ဟစ်တီတီ ဘာဒါရီ
နူဘီးယား စတဲ့ ကမ္ဘာ့သမိုင်းထဲ စိတ်ဝင်စားစရာ
လူမျိုးစုတွေနေရာတွေတပုံတပင်ရှိခဲ့ပါတယ်။
မာယာ လိုပဲ ဟစ်တီတီ ဆိုတဲ့နေရာနဲ့ထူးဆန်းတဲ့
လူမျိုးတွေရှိခဲ့ပါတယ်။ ဖာရို ဘုရင်တွေခေတ် ပိရမစ်
တွေခေတ်လောက်ပဲ အများစုကသိကြပေ
မယ့်တကယ်တမ်းအီဂျစ်သမိုင်းအစက #နာမာ
ဘုရင်တွေပါ။နာမာတွေခေတ်ဟာကမ္ဘာတခုလုံး
ကို ရောမတွေသိမ်းဖို့အစပါ။ကမ္ဘာ့ဥာဏ်အ
ကောင်းဆုံးလူမျိုးစုတွေ ကမ္ဘာ့ အသတ်အဖြတ်
အကျွမ်းကျင်ဆုံးစစ်သားတွေ ကမ္ဘာ့ယဉ်ကျေးမူ
အစကိုစတင်ခဲ့ကြတဲ့ လူတွေပါပဲ။ အချိန်အားဖြင့် ဖာရိုဘုရင်တွေထက် နှစ် ၅၀၀၀ လောက်ထဲက
နာမာတွေဟာရှိခဲ့ကြတယ်လို့ သိရပါတယ်။
image
Gladiator တွေ Spata တွေလို
လူသတ်ပွဲတွေရဲ့အစပေါ့။စာပေ ထွန်းကားမူတွေ
ကို စတင်ခဲ့ကြသူတွေဖြစ်ြပီး ကမ္ဘာ့ပထမဆုံး ဂူ
သချိုင်းတွေကိုစတင်ခဲ့ကြသူတွေပါ။အီဂျစ်ကြီးဖြစ်
လာဖို့အစဖြစ်သလို ရောမအင်ပါယာလိုမျိုးတွေ
လူသတ်ကွင်းတွေဖြစ်လာဖို့ အစပါပဲ။ အထောက်
အထားနဲ့ ပြပါဆို ၁၉၂၀ ခုနှစ်က နာမာတွေနေခဲ့
တဲ့နန်းတော်တခုကိုအီဂျစ်မှာတွေ့ခြဲ့ပီးထူးဆန်းစွာ
ပဲရေအိုးတွေအသုံးအဆောင်ပစ္စည်းတွေဟာအ
ရမ်းအနုစိတ်လှတဲ့လက်ရာတွေပါ။ကျောက်စာ
များလဲတွေ့ခဲ့ပြီးကမ္ဘာ့ပထမဆုံးစာပေလို့အတည်
်ပြူခဲ့ကြပါတယ်။ဟစ်တီတီတွေဟာထိုအချိန်ထဲက
လူနည်းစုရှိခဲ့တာပါ။ ပြောရရင် ကြေးစားလူသတ်
မျိုးနွယ်ပါ။ နာမာဘုရင်တွေက ကိစ္စတခုကို တိတ်
တဆိတ်ဖြေရှင်းမယ် လုပ်ကြံမယ်ဆိုရင်ဟစ်တီတီ
တွေကို ငှားခဲ့ကြတာပါ။ မြှားတမျိုးပဲ လက်နက်
အဖြစ်သုံးပြီး ဓားအတိုပဲ ဆောင်လေ့ ရှိပါတယ်။
ဒီလူမျိုးကို The Rock ကြီး ရဲ့ (Scorpion
King) ဆိုတဲ့ကားထဲမှာThe Rock ရဲ့လူမျိုးစုအ
ဖြစ်ရုပ်ရှင်ဖက်မှာပြသခဲ့ကြပါတယ်။ နိုင်းမြစ်ရေ
ကြီးနွံဖုံးမူမှာပျောက်ကွယ်သွားတဲ့ လူမျိုးစုတွေထဲ
ကတခုပေါ့ဗျာ။ ကမ္ဘာ့ Fighter မျိုးနွယ်စုပါ။
image
အီဂျစ်က ဘယ်မှာရှိလဲဆို သိကြမှာပါ။
အရှေ့တောင်အာဖရိက ခြမ်း နိုင်းမြစ်နဲ့အသက်ရှင်
ခဲ့ကြတဲ့ နိုင်ငံတွေထဲကတခုပေါ့။ အီဂျစ်အစက
တော့ နာမာခေတ်ပါပဲ။ပြီးတော့အင်ပါယာတွေ
အသီးအသီးပေါ်ခဲ့ကြပါတယ်။ အတိအကျပြော
ပါဆိုရင်
*Hittite အင်ပါယာ
*Assyrian အင်ပါယာ
*Mitanni အင်ပါယာ တို့ ပဲဖြစ်ပါတယ်။(အဓိကပေါ့ )
image
အင်ပါယာ တိုင်းဟာလဲ ခေတ်တ
ခေတ်စီကို ပြောင်းလဲစေခဲ့ကြပြီး ကမ္ဘာ့သမိုင်းကို
လဲပြောင်းလဲစေခဲ့ပါတယ်။ အီဂျစ်လို့ ပြောရင်ဘာ
တွေအရင်မြင်မလဲဆိုပိရမစ်တွေဘုရားကျောင်း
တွေဆေးပညာတွေ နဲ့ နက္ခတ်ဗေဒပညာရပ်တွေ့ 
အထင်ကရအဆောက်အအုံတွေ စာပေတွေ
နည်းပညာတွေ ပေါ့။
လယ်ယာစိုက်ပျိုးမူအစကုန်သွယ်မူအစ နဲ့  အင်ပါယာ အစတွေအားလုံးကနိုင်းမြစ် ကနေပဲ
စခဲ့ကြတာပါ။ နိုင်းမြစ်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း
တသိန်း၂သောင်း၅ထောင်ထဲက ဖြစ်
တည်ခဲ့တဲ့မြစ်ဖြစ်ပြီးကမ္ဘာ့အရှည်ဆုံးမြစ်ဖြစ်ပါ
တယ်။ ဒီမြစ်ကို မှီခိုပြီး လူမျိုးစုများစွာပေါ်ထွက်
ခဲ့ကြပါတယ်။ကမ္ဘာ့ပထမဆုံးပိရမစ်တွေစဖြစ်ဖို့ 
ဇာတ်မြစ်ကလဲ ဒီ နိုင်းမြစ်ကစခဲ့ကြတာပါပဲ။
BC ၅၅၀၀ ထဲကနေခဲ့ကြတဲ့ ဘာဒါရီတွေရဲ့ Formula တွေနဲ့ ပိရမစ်Structure တွေကိုစခဲ့
တာဖြစ်သလို ကမ္ဘာ့ဥာဏ်ရည်အမြင့်ဆုံး လူမျိုးစု
အဖြစ် မှတ်တမ်းဝင်ထားပါတယ်။ ဒီအကြောင်း
အသေးစိတ်ကိုတော့ (Pyramids Of Giza ) စာအုပ်မှာ ဖတ်နိုင်ပါတယ်။ ပိရမစ်ရဲ့ ပထမဆုံး
အစကတော့ #နာမာ ဘုရင်တွေဖြစ်ပြီး #ဘာဒါရီ
တွေခေတ်ရောက်မှ ကမ္ဘာ့နားလည်ရအခက်ဆုံး
ဖွဲ့စည်းပုံ တွေနဲ့ ပိရမစ်ကို စခဲ့ကြတာပါ။ ဖာရိုတွေ
ခေတ်ပေါ့။ ဘာဒါရီတွေရဲ့ ဇာတိကိုပြောပါဆိုရင်
လက်ရှိအမေရီကန် နဲ့ မက်ဆီကို နိုင်ငံနယ်နိမိတ်
တွေပါ။
ထို့နောက်မှာတော့ #နူဘီးယား တွေခေတ်ကိုကူးလာတယ်။ လူသတ်ပွဲတွေ ကြမ်းလာသလို။ဖာရို ဘုရင်တွေဟာလဲ မထင်
ထားတာတွေလုပ်လာကြတဟ်။ အိမ်ရှေ့စံဘဝ ထဲက
ပိရမစ်တွေဆောက်ပြီးသေရင်ဂူသွင်းဖို့လုပ်
လာခဲ့ကြတယ်။မြန်မာမှာဆိုပုဂံခေတ်ကမင်းမျိုး
မင်းနွယ်တွေအပြစ်တခုလုပ်ရင်စေတီတဆူတည်
ခဲ့ကြသလိုပေါ့။နေဝင်ဖို့အပေါက်မရှိပေမယ့်ပိရမစ်
ထဲမမှောင်နေတဲ့ System တွေ။ ဝင်ပေါက်နည်း
ပညာတွေ အုတ်စီ အုတ်သယ်နည်းပညာတွေဟာ ဒီနေ့ အထိ နားမလည်နိုင်သေးတဲ့ ကိစ္စတွေပါ။ မြင်းကောင်
ရေထောင်ချီသောင်းချီ ကရိန်းတွေနဲ့မှ
စ်ြနိုင်မယ့်အဆောက်အအုံတွေကိုသူတို့တွေဘယ်
လိုသယ်ခဲ့လြဲဆိုတဲ့အဖြေက ယနေ့အထိ မသိရှိရ
သေးပါဘူး။ လေတိုက်နှူန်းကို တွက်ချက်ြပီး
ဆောက်ထားတဲ့နည်းပညာဟာလဲ ဒီဖက်ခေတ် Archi
တွေကတောင် လိုက်မမှီတဲ့ Structure
တွေပါပဲ။ ဒါကတော့ အီဂျစ် သမိုင်းထဲက အတိုအ
ထွာလောက်လေးပဲရှိသေးတဲ့ အံ့သြစရာပေါ့ဗျာ။
………………………………………
image
ဒီလို သမိုင်းထဲမှာ လူသိတာရော လူသိပ်မ
သိတာရော တိတ်တဆိတ်နေခဲ့တဲ့ လူမျိုးများ
စွာရှိခဲ့ပါတယ်။ အခုလက်ရှိ အီသီယိုးပီးယား
နိုင်ငံ ဖြစ်နေတဲ့  တလျှောက်အထိ အရင်က
အီဂျစ်မြို့ ဟာ ကြီးမားခဲ့တယ်။ ကမ္ဘာ့သမိုင်း
မှာ အကြီးဆုံး အင်ပါယာ ဖြစ်တဲ့ ရောမ အင်
ပါယာ ဟာလဲ အခုလက်ရှိ ဥရောပ အာဖရိက
အမေရိက နဲ့ အာရှအထိ ပါပါခဲ့ပါတယ်။ နိုင်ငံ
ပေါင်း ၅၄ နိုင်ငံ အထိ သိမ်းခဲ့တဲ့ ခေတ်ကြီး
ပေါ့။ ဒီလဲ အင်ပါယာ အဆက်ဆက် ဥာဏ်
ကောင်းသူတွေ စစ်ရေးကျွမ်းကျင်သူတွေ
ရှိတာနဲ့ အမျှ အရမ်းတော်လွန်းလို့ အစွန်း
ရောက်သွားတဲ့ လူတွေလဲရှိခဲ့တာပေါ့။

  ဥပမာ မြေအောက်မြို့တော်တွေ ဂူသချိုင်းကို 

ကျိန်စာတွေနဲ့ တည်ဆောက်ကြတဲ့ဖာရို တွေ ပေါ့။
ဒီဖက်ခေတ်နည်းပညာတွေတောင်လိုက်မမှီတဲ့ ကျိန်စာနန်းတော် လို့ နာမည်ကြီးတဲ့ ဖာရို သချိုင်း လိုမျိုးတွေကိုidea ရခဲ့တဲ့ ပညာရှင်တွေ ကိုပဲ အပြစ်တင်ရမှာပေါ့။
အင်ပါယာ တလျှောက် စစ်ရေးကျွမ်း
ကျင်တဲ့ လူမျိုးစုတွေရှိခဲ့သလို ဥာဏ်ပညာထူး
ခြားတဲ့ လူမျိုးစုတွေ တီထွင်မူဆန်းကျယ်တဲ့
လူမျိုးစုတွေလဲရှိခဲ့ကြတယ်။ ဒီထဲမှာမှ နား
မလည်ဆုံး အထူးခြားဆုံး ဖြစ်ရပ်ကြီးတခု
ကိုချန်ပီး သမိုင်းထဲကပျောက်ချင်းမလှ
ပျောက်ကွယ်သွား တဲ့လူမျိုးစု တစုလဲရှိခဲ့ပါ
တယ်။ အဲ့ဒိလူမျိုးစုကတော့ #မာယာလူမျိုး
တွေပဲဖြစ်ပါတယ်။ #မီဆိုအမေရီကန် သမိုင်း
ထဲက လူမျိုးတစုဖြစ်တဲ့ မာယာလူမျိုးတွေဟာ
ဘယ်လိုလူတွေလဲ?
……………………………………………

#မာယာလူမျိုးများ
………………………

             ![image](https://img.esteem.ws/sfzjfulxfi.jpg)
          နာမာ တွေအပြီး ဖာရိုတွေခေတ်မှာက

တည်းက ဒီ မာယာလူမျိုးတွေဟာ နာမည်
ခဲ့ကြတာပါ။ ခေတ်အဆက်ဆက်ပေါ့။ကမ္ဘာ့နား
လည်ရအခက်ဆုံးလူသားတွေလဲဖြစ်ကြပါတယ်။
သဲသဲကွဲကွဲ ဒီလူမျိုးတွေနဲ့ပတ်သတ်တာကို ဟိုး
အရင်ခေတ်တွေထဲကတစွန်းတစ ပြောကြပေမယ့်
ဒုတိယကမ္ဘာစစ်လောက်မှလူပြောများလာလေ့
လာမူများလာကြတယ်။

#ကမ္ဘာအနှံ့ပျံ့နှံ့လာခဲ့တဲ့သူတို့အကြောင်း
……………………………………………………
image
၁၉၄၅ ခုနှစ် မေလမှာ
အမေရိကန်ဇီဝဗေဒ ပညာရှင် Dr.Thoms
စလိုက်တဲ့ ဇာတ်ကြောင့်လို့ ပြောရမယ်။သူ့ စာအုပ်ထဲမှာအင်္ဂလန် စစ်ပွဲတွေဖြစ်တုန်းအင်္ဂလန်
စစ်တပ်တခုဟာ မာယာလူမျိုးတွေနေတဲ့ အရှေ့
အာဖရိကနဲ့အမေရိက အစပ်ဖက်ကို ရောက်သွား
ပြီး အင်္ဂလန် စစ်ဗိုလ်က ဒီနေရာကိုတွေ့ခဲ့ကြောင်း
ခေတ်မှီအသုံးအဆောင်ပစ္စည်းတွေလိုအရာတွေ
ကိုသုံးခဲ့ကြကြောင်းသူ့ ရဲ့ Documentry မှတ်စု
စာအုပ်မှာ ရေးသားထားခဲ့တယ်။ သူ့ လိုပဲရှေ့
ကလူနည်းစုလဲ ညွှန်းခဲ့ကြတယ်။ ဒါပေမယ့်
တကယ်တမ်း သွားရောက်လေ့လာတဲ့ ၁၉၆၀
ခုနှစ်မှာ ဒီနေရာဟာ မြို့ဟောင်းကြီးတမြို့ ပဲရှိပြီး
လူတွေနဲ့ တခြားသက်ရှိတွေဟာ သေဆုံးမူ
ပြောင်းရွေ့မူ လက္ခဏာ တခုမှမတွေ့ရပဲ သက်
ရှိအားလုံးမှလွဲပြီး အသုံးအဆောင် အဆောက်
အအုံ နဲ့ တခြား သက်မဲ့အရာ အားလုံးဟာ
ပုံမှန်အတိုင်း ရှိနေပါတယ်။

     မာယာလူမျိုးတွေနဲ့ပတ်သတ်ပြီးစာအုပ်

များစွာ စာပေများစွာထွက်ခဲ့တယ်။လွန်ခဲ့တဲ့နှစ်
ပေါင်း၃၀၀၀ကျော်လောက်ထဲကရှိခဲ့တယ်လို့ရေး
သားမူတွေရှိခဲ့သလို တချို့အထောက်အထားတွေ
မှာလဲဒီနှစ်၃၀၀၀ထက်ကျော်နေတာကိုတွေ့ရပါ
တယ်။ ကျတော်တို့ဗုဒ္ဓဘုရားရှင်မပွင့်ခင်ထက်
တောင်နှစ်ပေါင်းရာချီစောနေပါသေးတယ်။မာယာ
လူမျိုးတွေဟာဒီဖက်ခေတ်နောက်ပိုင်းလူသား
တွေထက် ပိုပြီးဥာဏ်ပညာမြင့်မားသူတွေဆိုတဲ့
အချက်ကိုပထမဆုံးတွေ့ရတယ်။ သိပ္ပံပညာရှင်အ
များစုကြိုတွေးကြိုဖန်တီးနိုင်မူထက်သူတို့ဟာရှေ့
ကိုနှစ်ထောင်ချီပိုတွေးခဲ့ကြတယ်။Long Count
Calender တွေ unnatural building
techniqueတွေ Astrological ပညာရပ်တွေ
များစွာကိုယနေ့ထိတောင်သိပ္ပံပညာရှင်တွေအ
ဖြေရှာမရသေးတဲ့အထိလုပ်ချခဲ့တယ်။ပိရမစ်တွေ
ရဲ့ StructureတွေကိုDesignဆွဲခဲ့ကြသူတွေ
ထဲပါဝင်သလို ပိရမစ်တခုကိုထိခေတ်အခါကဘာ
နည်းပညာနဲ့ဆောက်ခဲ့ကြလဲ ယနေ့ခေတ်ဘယ်
လိုပြန်ဆောက်မလဲထိတောင်တွေဝေသွားစေတဲ့
အထိ မာယာတွေဟာကမ္ဘာအတွက်စဉ်းစားစရာ
တွေချန်ထားခဲ့ကြပါတယ်။Telescopeမရှိပဲ
Galaxies ကိုဆွဲပြထားတဲ့အထောက်အထား
တွေ တွက်ချက်ပြခဲ့မူတွေကဘယ်လိုသွားယူဆရ
ပါ့မလဲ။ Planetတခုနဲ့တခုကိုတိုင်းထွက်ဖို့ယနေ့
ခေတ်မှာ သာမာန်လူမျက်လုံးနဲ့ဘယ်လိုသွားပြီး
တိုင်းထွက်မလဲ? Telescopeနည်းပညာကလဲ
လွန်ခဲ့တဲ့နှစ်၃၀၀၀ကျော်ကဘယ်ကသွားရမလဲ?
ဒါပေမယ့် မာယာတွေဟာPlanet meshကို
တွက်ပြသွားခဲ့ပြီး ကျတော်တို့ယနေ့ကြည့်တဲ့
Calenderလို့ထင်ရစေတဲ့အရာတွေကိုပြသသွား
ခဲ့ပါတယ်။ ရောမခေတ်ရဲ့အထင်ကရလူမျိုးစုတွေ
ထဲမာယာတွေဟာလဲပါဝင်ခဲ့ကြတယ်။အတိုက်အ
ခိုက်ပညာရပ်ပိုင်းမှာလဲ နားလည်ရခက်တဲ့နည်း
ပညာမြင့်မားမူတွေ သိပ္ပံ ဇီဝ နက္ခတ် စိုက်ပျိုးရေး
ပညာရပ်တွေမှာလဲဥာဏ်ပညာမြင့်မားခဲ့ကြသူတွေ
အဖြစ် ယနေ့ထိအထင်အရာရှိစေခဲ့ကြပါတယ်။
ကမ္ဘာ့လေ့လာသူအများစုက မာယာတွေဟာ
တခြားဂြိုလ်က ဂြိုလ်သားတွေပဲဖြစ်မယ်လို့ယူဆ
ခဲ့ကြသလိုယာဉ်ပျံတွေလာခေါ်သွားတာလို့ လဲ
ပြောခဲ့ပြါတယ်။ ဒီလိုပြောရတာကလဲ ရောမခေတ်
ထဲကမာယာတွေနေတဲ့နေရာကိုကောင်းကင်က
နေ ထူးဆန်းတဲ့အရာတွေကျကျလာတတ်တယ် ။
အလင်းတန်းတွေဟာလပြည့်နေ့တိုင်းကျလာ
တတ်တယ်လို့အထောက်အထားများစွာ ရှိနေလို့
ပါပဲ။မာယာ မြို့  ရဲ့နေရာမှာလဲ ကောင်းကင်
ကိုအချက်ပြတဲ့အရာတွေလိုလိုပိရမစ်အသေးစား
လို့ ထင်ရပေမယ်ဆက်သွယ်ရေး ဆန်တဲ့ပစ္စည်း
တွေကိုတွေ့ကိုတွေ့ရတတ်တယ်။ ဒါကိုအထောက်
အထားအနေနဲ့ပြပါဆို Ancient Nileစာအုပ်ထဲ
မှာရောwebsite မှာပါမြင်နိုင်ပါတယ်။
မာယာတွေဟာ မိုးလေဝသ တွေကိုလဲ
ကြိုဟောကိန်းထုတ်ခြဲ့ပီး ၂၀၁၂ မှာစပြီးကမ္ဘာ
ကြီးဟာပျက်မယ်လို့ ဟောခဲ့ပါတယ်။ တခြား
ကမ္ဘာ့နေရာအသီးသီးက ရေဘေးလေဘေး
တွေကိုလဲဟောခဲ့ကြပြီး သိပ္ပံပညာနဲ့လိုက်မမှီတဲ့
လူမျိုးစုပါ။ ဒီဖက်ခေတ် သိပ္ပံပညာနဲ့ တိုင်းတာလို့ 
မရတဲ့  သင်္ချာ ပညာရပ်တွေဆေးပညာအညွှန်း
တွေ ဆောက်လုပ်ရေး သင်္ကေတ တွေများနဲ့ 
ဆိုင်တဲ့အမှတ်အသားတွေများစွာ ကျန်ခဲ့ပါ
တယ်။ ဒီထဲက တခုကိုပြောပါဆိုရင် လက်ရှိ
ဘိုင်ယန်မြူးနစ်ကွင်းကြီးကို အပေါ်ကမိုး
ထားတဲ့အမိုး Formula ဟာ မာယာ ဘုရား
ကျောင်း ရဲ့ Plan က Roofing Design ကို
ယူထားတာပါ။ အလွယ်ပြောရရင် တြိဂံစနစ်
တခုထဲသုံးထားတာပေါ့။ ဒါမျိုးအဆောက်အ
အုံတချို့ ကို အင်္ဂလန်နဲ့ အမေရိက မှာနောက်
ပိုင်းမြင်လာရပြီး ဒီ Structure နဲ့ မြို့တခုစာ
လုံးကိုတောင် အမိုးကြီးမိုးလိုက်လို့ ရတယ်လို့ ပြောထားပါတယ်။ အဲ့လောက်ထိစနစ်ကျတဲ့
နည်းပညာပါ။ ဒါကိုလဲ ဘိုင်ယန်ကွင်း သမိုင်း
မှာဖတ်နိုင်ပါတယ်။
ရောမ ဆေးပညာမှာတော့ မာယာတွေ
ဟာ် #မီတန်းနစ် တွေလောက်မတော်ခဲ့ပေ
မယ့် ကမ္ဘာ့သမိုင်း ရဲ့ သိပ္ပံပညာလိုက်မမှီဆုံး
လူသားမျိုးစုတွေထဲ ထိပ်ဆုံးပါပဲ။
BC 3050 နဲ့ 2786 ကြားထဲ ဖြစ်ခဲ့တဲ့
ဒိုင်နက်စနစ် ခေတ်လို့ပြောကြတဲ့ အီလန်တွေ
ရောမကို သိမ်းဖို့ စစ်တွေဖြစ်တဲ့ခေတ်မှာမာ
ယာ တွေဟာလဲ ပါဝင်တိုက်ပွဲဝင်ခဲ့ကြပြီး ထူး
ခြားမူကတော့ မှော်ဆန်တဲ့ လက်နက်တွေကို
အသုံးပြူခဲ့ကြတာပါပဲ။ ဒါကို Ancient Egypt
စာအုပ်ထဲ တွေ့ရပြီး ဥပမာအနေနဲ့ပြောပါဆို
ရင် World Of War Craft ထဲက ပစ်ကောင်
တွေ အသုံးပြူတဲ့ Dionestic Design က
မာယာ လက်နက်တွေကို အခြေခံထားတာပါ
ဒါကိုလဲ Blizzard page မှာဖတ်နိုင်ပါတယ်။
သမိုင်းတလျှောက် စစ်သမိုင်း တိုက်ပွဲသမိုင်းက
တော့ သိပ်မတွေ့ရတဲ့တကယ်ငြိမ်းချမ်းတဲ့ လူမျိုး
တွေပါ။ ဖာရိုတွေခေတ်ကဆို မာယာတွေကိုနတ်
ဘုရားတွေလို့တောင်တင်စားခဲ့ကြပါတယ်။
………………………
နိုင်းမြစ်ရေကြီးနွံဖုံးမူထဲ ပါသွားတဲ့
လူမျိုးစုထဲမှာတော့ မာယာတွေဟာမပါသွား
ခဲ့ပါဘူး။ နတ်ဘုရား တွေကိုးကွယ်လွန်မူစ
တင်တဲ့ #သယ်ဘီ အစွန်းရောက်တွေခေတ်
မှာတော့ ရောမရဲ့ ပွက်လောရိုက်တဲ့အချိန်ပေါ့
ဘယ်အချိန်လဲဆို #ကလီယိုပန်တျာ တို့ 
ခေတ်ပေါ့။ ကလီယိုပန်တျာ တော့သိကြမှာ
ပေါ့။ လက်ရှိဘာလင် မှာမွေးတဲ့ ဒိတ်ဒိတ်ကြဲ
အလှဘုရင်မကြီးပေါ့။ ကလီယို ကို BC 69
မှာမွေးခဲ့ပီး ကမ္ဘာ့သမိုင်းထဲက နာမည်အကြီး
ဆုံး သြဇာအရှိဆုံးမိန်းမကြီးပါ။ BC 30 သြဂုတ်လ
၂၁ရက်နေ့  ညနေ ၄နာရီ
မှာကွယ်လွန်ခဲ့ပြီး ကမ္ဘာ့သမိုင်းထဲ ဥပဒေတွေ
ဒဏ္ဌာရီတွေ အထင်ကရသမိုင်းတွေကိုချန်
ထားခဲ့တဲ့ အမျိုးသမီးကြီးပါပဲ။

      ကလီယိုပန်တျာခေတ်အထိ မာယာတွေရှိ

တာကို စာပေတွေမှာမြင်ရမှာပါ။ မာယာတွေ
ဘာကြောင့်ပျောက်သွားလဲ ဆိုတဲ့ မေးခွန်း
ကို လူတိုင်းသိချင်ကြပေမယ့် အခုချိန်ထိ
ဘယ်သူမှမသိပါဘူး။ Edison ခေတ်မှာလဲ
Edison က မာယာတွေဟာ ကမ္ဘာလေကထဲ
ကလူသားတွေထက် IQ အများကြီးပိုမြင့်
တယ်ဆိုတာကို ထောက်ပြခဲ့ပါတယ်။
အထူးခြားဆုံးကတော့ ယနေ့ခေတ် လယ်
ထွန်စက်လို့ ယူဆရတဲ့ အရာတွေလိုမျိုး မာယာမြို့ မှာ
မြင်တွေ့ရပြီး ကမ္ဘာ့ပထမဆုံး
ဓာတ်စက်လို့ ယူဆရတဲ့အရာတွေ သိပ္ပံပညာ
နဲ့လိုက်မမှီသေးတဲ့ နည်းပညာအများအပြား
နဲ့ ထူးခြားတဲ့ဘယ်မှာမှမတွေ့ရတဲ့ လယ်ယာ
စိုက်ပျိုးနည်း စနစ်တွေကိုလဲတွေ့ရပါတယ်။
အဆောက်အအုံတချို့မှာ Zunic အမှတ်
အသားကိုမြင်တွေ့ရတဲ့အတွက် မာယာတွေ
ဟာ တလင်တမယားစနစ်ကို ကျင့်သုံးခဲ့ကြပါ
တယ်။ လူတွေ သူတို့ ကိုသတိထားမိစိတ်ဝင်စား
မိတဲ့အချိန်မှာတော့ သူတို့ ဟာအံ့သြစရာ
ပျောက်ကွယ်သွားပါတော့တယ်။ နာမည်တခု
စာခ်န္ချဲ့ပီး ဘာမိ်ဴးဆက္မွမခ်န္ခဲ့ပါဘူး။

        သူတို့ဘာကြောင့်ပျောက်ကွယ်သွားလဲ

ကိုသတင်းများစွာနောက်ပိုင်းမှာဖော်ပြလာခဲ့ကြ
တယ်။ ဒါပေမယ့်ယူဆရတို့ ထင်ဟပ်တို့ကလွဲရင်
ဒါပါလို့အတိအကျမရှိခဲ့ဘူး။ တချို့ကလဲရေကြီးလို့
တချို့ကလဲရေရှားလို့ တချို့ကလဲတခြားဂြိုလ်က
လာခေါ်သွားလို့ စသဖြင့်သတင်းပေါင်းသောင်း
၆၀၀၀ပါပဲ။ မာယာလူမျိုးတွေလုံးဝပျောက်ကွယ်
သွားတဲ့အချိန်ကတော့လွန်ခဲ့တဲ့နှစ်ပေါင်း၁၁၀၀
ဝန်းကျင်လောက်ကပါ။ဒုတိယကမ္ဘာစစ်အပြီး
နိုင်ငံတကာကစိတ်ဝင်စားလာချိန်မှာတော့မာ
ယာတွေရဲ့အမွေအနှစ်ဟာ မူလပမာဏအတိုင်းမ
ရှိတော့ပဲ 0.8%သာကျန်ပါတော့တယ်။ကျန်တဲ့
99.2%လောက်ကခေတ်အဆက်ဆက်နယ်ချဲ့
စနစ်တွေ ကျူးကျော်စစ်တွေ အရင်းရှင်စနစ်တွေ
သက်ဦးစံပိုင်စနစစ်တွေကြောင့်ဖျက်ဆီးခံခဲ့ရပါပြီ။
ဒီနေရာကိုပထမဆုံးဒီဖက်ခေတ်မှာရောက်ခဲ့သူ
တွေထဲက Stephenဆိုတဲ့လူရဲ့စာအုပ်ကစပြီး
ဒီနေရာကိုကမ္ဘာအားစိတ်ဝင်သွားစေခဲ့တာပါပဲ။
၁၉၃၉ခုနှစ် ဧပြီလမှာသူနဲ့သူငယ်ချင်းတယောက်
ရယ် လူ၈ယောက်ရယ်ဒီနေရာကိုရောက်ခဲ့ကြချိန်
အံ့အားသင့်စရာအဆောက်အအုံတွေကိုတွေ့ခဲ့
ကြတယ်။ Stephenပထမဆုံးအံ့အားသင့်စရာ
တခုကိုမြင်တွေ့ခဲ့ကြတယ်။ဒါက လူရဲ့ရင်ဝကိုမန်း
အတတ်ပညာစီရင်ထားတဲ့အချွန်တခုနဲ့ထိုးသွင်း
ပြီးမှယစ်ယူဇော်တဲ့ဓလေ့တခုကို နံရံတချို့မှာသူ
တွေ့ခဲ့ရတယ်။ ပိုထူးခြားမူကဘာကပ်စေးမူနည်း
ပညာမှမပါပဲထွင်းထိုးပညာရပ်တချို့နဲ့လုပ်ထားတဲ့
ကျောက်ပရိဘောဂတချို့ပါပဲ။ သူအမေရီကန်ကို
ပြန်ရောက်ချိန် ဒီစာအုပ်ကိုရေးခဲ့တယ်။ထို့နောက်
စပိန်စစ်တပ်သမိုင်းမှာသူသိထားတဲ့ စပိန်နယ်ချဲ့
စစ်တပ်တချို့ဒီနေရာကိုရောက်ခဲ့တယ်ဆိုတဲ့သ
မိုင်းတွေကိုပြန်လေ့လာခဲ့တယ်။အဲ့မှာသူတွေ့သွား
တာကစပိန်နယ်ချဲ့တွေဟာဒီနေရာကိုဖျက်ဆီးခဲ့
ကြသူတွေထဲပါဝင်ခဲ့ပါတယ်။သူ့ရှေ့ကဘာသာရေး
သမိုင်းတွေကိုပြန်လည်လေ့လာခဲ့တယ်။ဒါပေမယ့်
သူနောက်ဆုံးချပြမယ်လို့ကြေငြာထားတဲ့မာယာ
လူမျိုးစာအုပ်ထွက်မလာခဲ့ပဲသူဟာစိတ်ရောဂါတ
ချို့ကြောင့်ဘာမှမေးမရခဲ့တော့ပဲ သူထွက်လာမယ့်
နောက်ဆုံးမာယာအနှစ်ချုပ်စာအုပ်ဟာလဲတိမ်
မြုပ်သွားခဲ့ရပါတယ်။နောက်ပိုင်းမှာဒီမြို့ဟောင်းနဲ့
ပတ်သတ်ပြီးစာအုပ်တွေအများအပြားထွက်လာ
ခဲ့ပေမယ့် ထင်ကြေးနဲ့ရေးသားမူတွေသာများခဲ့သ
လိုဘယ်အရာကိုမှဘာကြောင့်ပျောက်ကွယ်သွား
မှန်းအတိအကျမပြောနိုင်ခဲ့ကြပါဘူး။အိန္ဒိယကလဲ
ရေးတယ် ရေရှားလို့ ကနေဒါစာရေးဆရာတချို့က
လဲနိုင်းမြစ်ကြောင့် စသဖြင့်ရေးသားခဲ့ကြပေမယ့်
သေချာတဲ့အတိအကျသတင်းမချပြနိုင်ခဲ့ကြပါဘူး။
အမေရိကန်သားတချို့ကလဲ ရေဝတီလူမျိုးစုတွေ
ဆက်နေခဲ့တယ်ရေးတယ်။နိုင်ငံတိုင်းကကိုယ့်အ
ထင်လိုရာဆွဲရေးကြပြသနာတွေတက်ခဲ့ကြတယ်။
အမွေအနှစ်ကျန်နေမူနည်းပါးလာရတဲ့အထဲဒါမျိုး
မရေရာမူတွေက မာယာသတင်းတွေကိုထွေပြား
စေခဲ့တယ်။ နောက်ဆုံးမှာတော့ကမ္ဘာ့သမိုင်းသု
တေသီတွေနဲ့ ဂူဖော်သူတွေပေါင်းပြီးဒီမြို့ကြီးကို
တူးဖောက်ခဲ့ကြတယ်။ သူတို့တွေ့ခဲ့ရတာကတော့
ပြက္ကဒိန် / Astrological နဲ့ဆိုင်တဲ့ကျောက်စာ
တွေ ဖတ်မရတဲ့စာပေတွေကလွဲရင်ဘာမှသမိုင်း
ကိုသိစေနိုင်တဲ့အထောက်အထားကျောက်စာမ
တွေ့ခဲ့ကြပါဘူး။ မာယာတွေဟာသူတို့အတွက်
တင်မကပဲတခြားလူမျိုးစုတွေအတွက်ပါတွက်
ချက်ပေးမူများစွာကိုလုပ်ခဲ့ကြပါတယ်။လက်ရှိဂျ
ပန်ကအထင်ကရနှစ်၁၀၀အတွင်းဖြစ်ခဲ့တဲ့ငလျင်
နဲ့မုန်တိုင်းလိုအရာတွေ ၂၀၁၂ကမ္ဘာပျက်မယ်
တွေ ဘယ်နေရာမှာဘယ်လိုသဘာဝဘေးကြီး
တွေဖြစ်လာမယ်ဆိုတာတွေအထိသူတို့ဟာနှစ်
၃၀၀၀မကတဲ့ဟောကိန်းတွေကိုပြုလုပ်သွားခဲ့ကြ
ပါတယ်။ဒါတွေကိုသာအသေချာဖတ်ခွင့်ရရင်
ကမ္ဘာကြီးဟာပြောင်းလဲမူများစွာဖြစ်လာနိုင်ပါ
တယ်။နောက်ပိုင်းပေါ်ထွက်လာတဲ့အထောက်အ
ထားတွေမှာတော့မာယာလူမျိုးမှာတစုထဲမဟုတ်
ပဲလူမျိုးစုတွေခွဲထွက်ခဲ့ကြတယ်ဆိုတာပါပဲ။ဘုရင်
ကိုပြန်သတ်ယစ်ပူဇော်ခဲ့ ပုန်ကန်ခဲ့မူတွေ ဟစ်တီ
တီတွေလိုတိုက်ခိုက်ရေးဆန်သူတွေအဖြစ်ခွဲထွက်
ခဲ့မူတွေ စစ်ပွဲတွေများစွာပေါ်ထွက်ခဲ့ကြပါတယ်။
မာယာမြို့ကြီး ကာရာကိုးမှာဖြစ်ခဲ့ရတဲ့လူမျိုးစုခြား
တွေနဲ့စစ်ပွဲတွေကိုလဲခန့်မှန်းလာခဲ့ကြတယ်။ဒါကို
အစွဲယူပြီး စစ်ပွဲကြောင့်မာယာတွေပျောက်သွားရ
တာလို့လဲခန့်မှန်းကြတယ်။ သေချာလားသက်
သေပြဆို ဘာမှအတိကျမပြောနိုင်ကြဘူး။ မာယာ
တွေပျောက်ကွယ်ရမူမှာအထက်ပါထင်ကြေးတွေ
အပြင် လူဦးရေထူထပ်လာမူ သဘာဝဘေးဖြစ်ခဲ့
မူ စစ်ပွဲတွေကြောင့် စသဖြင့်များစွာခန့်မှန်းခဲ့ကြ
တယ်။ နောက်ပိုင်းမာယာလူမျိုးကဆင်းသက်
လာတဲ့မျိုးဆက်တွေဟာမီဆိုအမေရိကမှာရှိကြ
နေထိုင်ကြတယ်ဆိုတဲ့သတင်းတွေပါထွက်လာခဲ့
တယ်။ ဟုတ်ပါတယ် မာယာလူမျိုးကနေဆင်း
သက်လာတဲ့လူမျိုးတွေကမ္ဘာမှာယနေ့ထိနေထိုင်
နေကြတုန်းပါ။ ကမ္ဘာကြီးပေါ်ကမာယာလူမျိုးက
ဆင်းသက်လာတဲ့လူမျိုးတသန်းကျော်ထိရှိပြီး
ထိုသူတွေဟာလဲအဖိနှိပ်ခံ နယ်ချဲ့တွေကြောင့်
အစိုးရကြောင့် အစာရေစာရှားပါးမူတွေရှိတဲ့နိုင်ငံ
တွေမှာနေထိုင်မူကြောင့်ခက်ခဲခဲ့ကြပါတယ်။ခေတ်
အဆက်ဆက်မာယာလူမျိုးတွေကဆင်းသက်လာ
တဲ့လူမျိုးတွေဟာအဖိနှိပ်ခံအသတ်ခံခဲ့ကြရတယ်။
မက္ကဆီကိုနိုင်ငံမှာ များစွာရှိပေမယ့်သာမာန်ဆင်း
ရဲသားပညာမတတ်လူတန်းစားတွေအများစုဖြင့်
သာရှိကြပါတယ်။ ဒါပေမယ့်ဒီလူတွေဟာတခေတ်
တခါက မာယာကနေခွဲထွက်ပြီးရေကြည်ရာမြက်
နုရာရှာခဲ့ကြရင်းတခြားလူမျိုးစုတွေနဲ့ပေါင်းသင်း
နေထိုင်ခဲ့ကြတဲ့ မာယာလူမျိုးနွယ်တွေပဲဖြစ်ပါ
တယ်။ တကယ်တမ်းကျတော်တို့ကမ္ဘာကြီးရဲ့အ
ထင်ကမာယာလူမျိုးဖြစ်ခဲ့ လက်ရှိသိပ္ပံပညာနဲ့အ
ဖြေရှာမရတဲ့အထိ အမွေအနှစ်များစွာထားခဲ့ကြ
တဲ့မာယာဘိုးဘေးတွေနဲ့ မာယာမြို့ကြီးကလူတစု
ကတော့ ဘယ်ကိုပျောက်သွားခဲ့လဲမသိနိုင်တော့
ပါဘူး။ မာယာတွေနဲ့ပတ်သက်ပြီးရုပ်ရှင်ဖက်မှာ
များစွာထုတ်ဖော်ခဲ့တယ်။အထင်ရှားဆုံးကတော့
Indiana Jones ရုပ်ရှင်ကားကြီးပါပဲ။မာယာ
တွေရဲ့အကြောင်းပါဝင်ခဲ့သလို အမေဇုန်တောကြီး
ကမြို့ပျောက်ကြီးတွေအကြောင်းလဲပါခဲ့ပါတယ်။
သလင်းကျောက်နဲ့ထုထားတဲ့ Skullsကိုဒီကား
ထဲပြသခဲ့တယ်။ ဒါကStephenရဲ့စာအုပ်ထဲက
မာယာတွေရဲ့အထွဋ်အမြတ်တခုပါ။ ပရလောက
သိပ္ပံဆိုင်ရာ လောကီပညာရပ်တွေနဲ့များစွာဆိုင်
မူတွေပါဝင်ခဲ့ပါတယ်။၁၇ရာစုမှာစပိန်တွေသာ
ဒီမာယာအမွေအနှစ်တွေ စာအုပ်တွေ ကျမ်းတွေ
ကိုမဖျက်စီးခဲ့ရင် ကမ္ဘာကြီးဟာများစွာပြောင်းလဲ
နိုင်ပါတယ်။ ဒီလိုဖျက်စီးခဲ့မူကိုလဲ တချို့သုတေသီ
တွေကမှန်ကန်ကြောင်းပြောခဲ့ကြတယ်။ကံတရား
ကိုဟောကြားမူတိုင်းက လူသားတွေအတွက်မလို
အပ်ဘူး။ ကိုယ်လုပ်တာကိုယ်ခံရမှာပဲ။ ကိုယ်က
ကမ္ဘာကြီးကိုမချစ်ရင် ကမ္ဘာကြီးကိုညစ်ညမ်းစေ
ရင် ကမ္ဘာကြီးကလူတွေကိုပြန်သတ်မှာပဲ။ဒါသ
ဘာဝရဲ့အမှန်တရားပါပဲ။(ကျတော့်ယူဆချက်ပါ)
မာယာတွေရေးထားခဲ့တဲ့ စာတွေကိုယနေ့ထိ
သင်္ကေတတွေကလွဲရင် ဘာမှမဖတ်တတ်သေး
ဘူး။ သူတို့လုပ်ခဲ့တဲ့Techiqueတွေကိုလဲအဖြေ
ရှာမရသေးပါဘူး။စပိန်တွေဖျက်ဆီးခဲ့တာကအား
လုံးတော့မဟုတ်ဘူး။ စာအုပ်သေတ္တာ၅လုံးခန့်
ကိုသယ်ဆောင်လာခဲ့ကြသေးတယ်။ဒီပြသနာက
ဟစ်တလာကြီးစစ်ရှုံးတော့ ဂျာမနီစာကြည့်တိုက်
ကြီးမီးရှို့ခံလိုက်ရမှကုန်သွားခဲ့တာပါ။ဒီထဲကစာ
အုပ်တအုပ်ကိုစစ်သားတဦးကရခဲ့ပြီးစာအုပ်ထုတ်
ခဲ့ပါသေးတယ်။ ဒါပေမယ့်သင်္ကေတစာအုပ်ကလွဲ
ရင်ဘာမှကြီးကြီးမားမားမပါခဲ့ဘူး။မာယာတွေလုပ်
ခဲ့တဲ့အရာတွေထဲ ယနေ့ခေတ်အကျယ်တဝင့်
ဖော်ထုတ်နိုင်တာဆိုရင် ELCastilloပိရမစ်ပါ
ပဲ။ဒီပိရစ်မှာလေကား၃၆၅ထစ်ရှိပြီးရာသီခွင်၁၂
ခုကိုSun Rays Circulationနဲ့တွက်ထားတဲ့
အထောက်အထားတွေကိုမြင်ရပါတယ်။မာယာ
တွေဟာ Aztecs လူမျိုးတွေနဲ့ပတ်သတ်ခဲ့တဲ့
အထောက်အထားတွေကိုလဲတွေ့ရတယ်။

*ကမ္ဘာ့အကြီးဆုံးအမွေအနှစ်တွေထဲကတခု
……………………………………………………
image
မာယာလူမျိုးနဲ့ပတ်သတ်တဲ့အမွေ
အနှစ် အဆောက်အအုံအကုန်လုံးကိုကမ္ဘာ့အ
ထင်ကရအမွေအနှစ်အဖြစ်သတ်မှတ်ထားခဲ့ပါ
တယ်။ဒီထဲမှာမာယာမြို့ဟောင်းကြီးဖြစ်တဲ့ ယူကာ
တန်ရေလက်ကြားကမာယာမြို့ကြီးဟာကမ္ဘာ့အ
ကြီးများဆုံးအဖြေရှာမရတဲ့မြို့ဟောင်းကြီးတခုပါ။
ကမ္ဘာကြီးရဲ့အဖြေရှာမရဆုံးလူမျိုးစုကြီး အမေရိက
တိုက်ရဲ့ယဉ်ကျေးမူသမိုင်းအမြင့်ဆုံးလူမျိုးကြီးဖြစ်
တဲ့မာယာတွေ Telescopeမရှိပဲဂြိုလ်တွေကို
ဘယ်လိုတွက်ချက် တိုင်းတာသွားခဲ့သလဲ?ဘယ်
လိုArchi Techniqueတွေ စက်ကိရိယာတွေ
မရှိပဲ ပိရမစ်တွေကိုသူတို့တွက်ချက်ခဲ့ကြလဲ
နက္ခတ်ပညာ သင်္ချာပညာတွေကိုဘယ်လိုဦး
နှောက်နဲ့ဖန်တီးတွက်ချက်ခဲ့ကြလဲ မာယာတွေ
ပြောခဲ့တဲ့ ၂၀၁၂ကမ္ဘာပျက်မယ်ကဘာကိုဆိုခဲ့သ
လဲ(တကယ်တော့၂၀၁၂ကမ္ဘာပျက်မှာကိုဖောပြီး
လုပ်စားခဲ့ကြသူတွေက စီးပွားရေးသမားတွေပါ)
တကယ်တမ်းမာယာတွေဟောခဲ့တဲ့ ၂၀၁၂က
သက္ကရာစ်မဟုတ်ပါဘူး။ အမှတ်အသား20-12
အဖြစ်သာဟောခဲ့တာပါ။ဒါကိုဘယ်သကောင့်
သားကဖြန့်ခဲ့လဲမသိ ရုပ်ရှင်တွေပါရိုက်ခဲ့ကြတယ်။
မာယာတွေရဲ့ T tabletကျောက်စာမှာဒီဟော
ကိန်းမပါခဲ့ပါဘူး။ 20-12ကိုအဂၤလိပ္သခ်ာၤဂ
ဏာန်းအဖြစ်ကျောက်စာထဲကယူဆပြီးလုပ်စားခဲ့
ကြခြင်းပါ။မာယာတွေသုံးခဲ့တဲ့သချာင်္အင်္ကရာတွေ
ထဲ123မဟုတ်မှမဟုတ်တာ။မာယာတွေဆီက
တူးလို့ရတဲ့ကျောက်တုံး၅၀၀၀ကျော်ထဲဘယ်တခု
မှာမှဒီအကြောင်းကို၂၀၁၂လို့ဟောခဲ့မူမပါပါဘူး။
တန်၂၀လောက်ရှိတဲ့ကျောက်တုံးတွေကိုတောင်
စီပီးပိရမစ်လုပ်ခဲ့ကြတဲ့သူတွေက ဒါမျိုးပေါ့ပေါ့
လျော့လျော့သမိုင်းတွေဘယ်ချန်ထားခဲ့ပါမလဲ။
ကျောက်တုံးဆိုလို့ ပိရမစ်နည်းပညာကျောက်စီမူ
ဟာယနေ့ထိအဖြေရှာမရတဲ့အထဲကတခုပါ။
တလက်မမှဟာကွက်မရှိတဲ့ဒီကျောက်စီမူကိုရဖို့
ကျောက်ဖြတ်စက်ကြီးတွေနဲ့မှအတိအကျရနိုင်
မယ်။ဒါပေမယ့်မာယာတွေကဘာစက်ပစ္စည်းမှ
မရှိခင်ထဲကလုပ်ခဲ့ကြသူတွေပါ။ ငယ်ငယ်ကအိပ်
ရာဝင်ပုံပြင်သာသာသိခဲ့ရတဲ့မာယာလူမျိုးတွေကို
ဂြိုလ်သားတွေခေါ်သွားတာတွေ စစ်ကြောင့်
သဘာဝဘေးကြောင့် ဘာကြောင့်ညာကြောင့်နဲ့
ခန့်မှန်းပြောကြားမူတွေကလွဲရင် ကျတော်တို့
ကမ္ဘာကြီးရဲ့ ဥာဏ်ပညာအမြင့်ဆုံး အဖြေရှာမရ
တဲ့အမွေအနှစ်တွေကိုချန်ထားခဲ့ကြတဲ့ မာယာ
ဘိုးဘေးတွေဟာ ဘယ်လိုပျောက်ကွယ်သွားခဲ့ရ
လဲဆိုတာတော့ ယနေ့အချိန်ထိမသိရှိနိုင်ပဲရှိနေ
ပါသေးတယ်။
image
Ref : Mayans History Book
Secret of Egypt
Encyclopedia Mayans
( Oxford Press Blog )

[ ဒါကျတော်သိသလောက်မာယာလူမျိုးအ
ကြောင်းပါ။ ကမ္ဘာ့သမိုင်းကိုနှံ့စပ်စွာမသိရှိတဲ့အ
တွက် လိုအပ်ချက်များပါနိုင်ပါတယ်။ ကျတော့်
ထက်သိတဲ့ပိုလေ့လာအားကောင်းတဲ့ဆရာတွေ
အကိုအမတွေလောက်မသိနိုင်လို့ လိုအပ်ချက်
များပါရင်နားလည်ပေးနိုင်မယ်လို့မျော်လင့်ပါ
တယ်။
#Via သန့်ဇင်ဝင်း
CD ##ထက်ဝန

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 66441.00
ETH 3217.31
USDT 1.00
SBD 4.22