Keeping Yangon's streets clean(er)

in #yangon6 years ago

Keeping Yangon's streets clean(er)
Municipal workers and facilities are struggling to cope with Yangon’s rapidly growing rubbish output and civic-minded volunteers are stepping in to help keep the city’s neighbourhoods clean and tidy.
စည်ပင်သာယာနှင့် အဖွဲ့အစည်းများသည် ရန်ကုန်မြို့၏ များပြားလာသော အမှိုက်ထွက်ရှိမှုကို ကိုင်တွယ်နိုင်ရန် ရုန်းကန်နေရသည်။ နိုင်ငံသား ပီသသော လုပ်အားပေးများက ရန်ကုန်မြို့ကို သန့်ရှင်းသာယာအောင် ကူညီလုပ်ဆောင်ပေးလျှက် ရှိသည်။
By SU MYAT MON | FRONTIER
စုမြတ်မွန် ရေးသားသည်။
FOR THE past eight years, Daw Tin Tin Win has commuted each day from Shwepyithar Township in outer northwestern Yangon to inner suburban Sanchaung Township, where she provides a private rubbish disposal service.
လွန်ခဲ့သော ၈ နှစ်အတွင်း ဒေါ်တင်တင်ဝင်းသည် ရန်ကုန်မြို့ အနောက်မြောက်ဘက်တွင်ရှိသော ရွှေပြည်သာ မြို့နယ်မှ စမ်းချောင်းမြို့နယ်သို့ လာရောက်လာ ပုဂ္ဂလိက အမှိုက်သိမ်းသော အလုပ်ကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
“I collect the garbage for people who are not able to dispose of it themselves and take whatever money they are willing to pay me,” said Tin Tin Win, who is in her late 40s.
ကျွန်မက လူတွေက ကိုယ်တိုင်သွားရောက် မပစ်နိုင်တဲ့ အမှိုက်တွေကို လိုက်ယူပစ်ပေးပြီး သူတို့ စေတနာရှိသလောက်ပေးတဲ့ ပိုက်ဆံကို ယူပါတယ်ဟု အသက် ၄၀ ကျော် နှောင်းပိုင်းကို ရောက်ရှိနေသော ဒေါ်တင်တင်ဝင်းက ပြောသည်။
She previously worked as a trash collector for Yangon City Development Committee but left because the pay was too low.
သူမသည် ယခင်က Yangon City Development Committee တွင် အမှိုက်သိမ်းသော ဝန်ထမ်းအဖြစ် လုပ်ဆောင်ခဲ့ပြီး လစာနည်းပါးသောကြောင့် ထွက်လာခဲ့ခြင်း ဖြစ်သည်။
“The salary was not enough to cover family expenses but since I started this work my daily income is a little better,” she said.
လစာက မိသားစု အသုံးစရိတ်အတွက် မလောက်ဘူး။ ဒီအလုပ် ပြောင်းလုပ်တော့မှ နေ့စဥ်ဝင်ငွေ ပိုကောင်းလာတယ်ဟု သူမက ဆိုသည်။
Tin Tin Win’s role as a freelance rubbish collector puts her in conflict with the YCDC. It has confiscated her carts three times and never returned them, despite repeated requests.
အမှိုက်သိမ်းသော အလုပ်ကြောင့် ဒေါ်တင်တင်ဝင်းသည် YCDC နှင့် မကြာခဏ ပဋိပက္ခ ဖြစ်ရသည်။ YCDC သည် သူမ၏ အမှိုက်သိမ်းလှည်းကို ၃ ခါ သိမ်းဆည်းခဲ့ပြီး အထပ်ထပ် ပြန်တောင်းသော်လည်း ပြန်မပေးပေ။
However, it’s been a while since a cart has been seized. “I think it is because the YCDC cannot handle the amount of garbage in Yangon,” she said.
သို့သော် ယခုအခါတွင် လှည်းအသိမ်းမခံရသည်မှာ ကြာပြီဖြစ်သည်။ ကျွန်မ ထင်တာတော့ YCDC ကလည်း များပြားလာတဲ့ အမှိုက်တွေကို လိုက်မသိမ်းနိုင်တော့လို့ ဖြစ်မယ်ဟု သူမက ဆိုသည်။
Unintended incineration
Much of the rubbish collected in Yangon is dumped at the sprawling Htein Bin landfill site in outer northwestern Hlaing Tharyar Township, where a fire earlier this year that took weeks to bring under control and sent dozens of nearby residents to hospital with respiratory problems.
ရန်ကုန်မြို့မှ အမှိုက်အများစုကို အနောက်မြောက်ဘက်ရှိ လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံတွင် စွန့်ပစ်ခြင်း ဖြစ်သည်။ ထိုအမှိုက်ပုံတွင် ပြီးခဲ့သောနှစ် အစောပိုင်းက သီတင်းပတ် အတန်ကြာအောင် မီးလောင်ကျွမ်းခဲ့ရာတွင် အနီးအနားမှ ဒေသခံ ဒါဇင်နှင့်ချီပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာဖြင့် ဆေးရုံတက်ခဲ့ရသည်။
Among them was the wife of U Htay Win, 57, who was affected by smoke inhalation from the fire, which began on April 21 and had engulfed 60 hectares of the 98ha landfill when it was finally brought under control on May 14.
၎င်းတို့ထဲတွင် အသက် ၅၇ နှစ်အရွယ် ဦဌေးဝင်း၏ ဇနီးလည်း ပါဝင်သည်။ သူမသည် အမှိုက်ပုံ မီးထလာင်ကျွမ်းမှုမှ မီးခိုငွေ့များကို ရှူရှိုက်ခဲ့ပြီး ဆေးရုံတက်ခဲ့ရခြင်း ဖြစ်သည်။ အမှိုက်ပုံသည် ဧပြီလ ၂၁ ရက်နေ့တွင် စတင်လောင်ကျွမ်းခဲ့ပြီး ၉၈ ဟက်တာရှိသော အမှိုက်ပံ ၆၀ ဟက်တာခန့်ကို လောင်ကျွမ်းသွားခဲ့ခြင်း ဖြစ်သည်။ မေလ ၁၄ ရက်ရောက်မှ မီးကို အပြီးသတ် ငြိမ်းသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
The fire was started by spontaneous combustion and fuelled by methane produced by the rubbish in the landfill, which was established in about 2002 on land confiscated by the military government in 1996 and 1997.
မီးသည် အမှိုက်ပုံမှ ထွက်ရှိသော methane ဓါတ်ငွေ့များကြောင့် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ ယင်းအမှိုက်ပုံကို ၁၉၉၆ - ၉၇ ခုနှစ်တွင် စစ်တပ်က သိမ်းယူခဲ့သော မြေပေါ်တွင် ၂၀၀၂ ခုနှစ်တွင် စတင်အမှိုက်ပုံအဖြစ် စွန့်ပစ်ခဲ့ကြခြင်း ဖြစ်သည်။
There was no landfill when Htay Win moved to Hlaing Tharyar in 1997. “It appeared about five or six years later and has gradually grown bigger and bigger because there is no other place to dump the city’s rubbish,” he said.(pic)
၁၉၉၇ ခုနှစ်တွင် ဦးဌေးဝင်း လှိုင်သာယာမြို့နယ်သို့ ပြောင်းရွှေ့လာချိန်တွင် ယင်းအမှိုက်ပုံ မရှိသေးပေ။ ထို့နောက် ၅ နှစ်ခန့်အကြာမှ ပေါ်ပေါက်လာပြီး တဖြည်းဖြည်း ကြီးမားလာခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်မြို့တွင် တခြားအမှိုက်ပစ်စရာ နေရာမရှိသောကြောင့် ဖြစ်မည်ဟု ဦးဌေးဝင်းက ဆိုသည်။
Htay Win has become oblivious to the stench of the dump, but Frontier found it intolerable when visiting his home. He said he expected to have to move one day to make way for the expansion of the dump.
ဦးဌေးဝင်းသည် အမှိုက်ပုံ၏ အနံ့ဆိုးကို ကျင့်သားရနေပြီ ဖြစ်သည်။ Frontier က သူ၏ နေအိမ်သို့ သွားရောက် လည်ပတ်ခဲ့သောအခါတွင် အနံ့ကို မခံနိုင်ခဲ့ပေ။ သူက ပြောကြားရာတွင် အမှိုက်ပုံ ချဲ့ထွင်ရန်အတွက် သူတို့သည် တစ်နေ့တွင် ဖယ်ပေးရနိုင်ကြောင်း ပြောသည်။
“As the city grows, so does the pile of rubbish,” he said. “One day I think I’ll have to move out of here. Already they are moving nearby cemeteries to make more room.”
မြို့ကြီးက ကြီးမားလာတော့ အမှိုက်ပုံကလည်း ကြီးလာတယ်။ တစ်နေ့ကျရင် ဒီနေရာက ပြောင်းရွှေ့ရနိုင်တယ်။ အခုဆိုရင် အမှိုက်ပုံ တိုးချဲ့ဖို့ အနီးအနာက သုသာန်တွေကို ဖယ်ရှားနေပြီဟု သူက ဆိုသည်။
Htein Bin is one of two major dumps in Yangon, and is where waste from the city’s northern and western districts ends up. Rubbish from the east and south goes to Dawei Chaung in North Dagon Township, while Dala and Seikgyikanaungto south of the Yangon River have their own basic facilities.
ထိန်ပင်အမှိုက်ပုံသည် ရန်ကုန်မြို့ရှိ အဓိက အမှိုက်ပုံကြီး ၂ ခုထဲမှ တစ်ခု ဖြစ်သည်။ ရန်ကုန်မြို့ မြောက်ပိုင်းနှင့် အနောက်ပိုင်း ခရိုင်များမှ အမှိုက်များ စုပုံရာနေရာ ဖြစ်သည်။ ရန်ကုန်မြို့ အရှေ့ပိုင်းနှင့် တောင်ပိုင်း ခရိုင်များမှ အမှိုက်များကို မြောက်ဒဂုံမြို့နယ် ထားဝယ်ချောင်းတွင် စုပုံသည်။ ရန်ကုန်မြစ် တောင်ပိုင်းရှိ ဒလနှင့် ဆိပ်ကြီးခနောင်တို မြို့နယ်များတွင် ကိုယ်ပိုင်အမှိုက်ပုံ ရှိကြသည်။
Dr Aung Myint Maw, deputy head of the YCDC’s Environmental Conservation and Cleaning Department, acknowledged that the city’s rubbish facilities were rapidly filling up, but refused to answer how many years of capacity remained, or whether he was worried about the city’s waste management facilities.
YCDC ၏ Environmental Conservation and Cleaning Department ဒုတိယ အကြီးအကဲ ဒေါ်တာ အောင်မြင့်မော်က ပြောကြားရာတွင် ရန်ကုန်မြို့၏ အမှိုက်ပုံများသည် လျင်မြန်စွာ ပြည့်လာနေသည်ဟု ဆိုသည်။ သို့သော် နောက်ထပ် ဘယ်နှစ်နှစ် ဆက်လက်အမှိုက် လက်ခံနိုင်စွမ်း ရှိလိမ့်မည်ကို ဖြေကြားခဲ့ခြင်း မရှိပေ။ ရန်ကုန်မြို့၏ အနာဂတ် အမှိုက်စွန့်ပစ်ရေးအတွက် စိတ်ပူပန်လားဟု မေးမြန်းချက်ကို ဖြေကြားခဲ့ခြင်း မရှိပေ။
“You shouldn’t write about that,” he said. “It’s our job to deal with it.”
ခင်ဗျားအနေနဲ့ ဒီအကြောင်းကို ထည့်သွင်းရေးသားဖို့ မလိုပါဘူး။ အမှိုက်တွေကို နိုင်အောင်သိမ်းရမှာက ကျွန်တော်တို့ အလုပ်ပါဟု သူက ဆိုသည်။
He said that, in order to reduce the amount of waste that ends up in landfill, YCDC was working with Japan’s JFE Engineering Corporation to generate electricity from garbage at Shwepyithar.
သူက ပြောကြားရာတွင် အမှိုက်ပုံတွင် ရောက်ရှိလာသော အမှိုက်ပမာဏကို လျှော့ချနိုင်ရန် YCDC သည် ဂျပန်နိုင်ငံ JFE Engineering Corporation နှင့် ပူးပေါင်းပြီး ရွှေပြည်သာမှ အမှိုက်များဖြင့် လျှပ်စစ်ထုတ်လုပ်နိုင်အောင် လုပ်ဆောင်လျှက် ရှိသည်ဟု ဆိုသည်။
Asked if there were enough YCDC garbage collectors, Aung Myint Maw was also reluctant to answer but indicated that the department needed more resources and personnel.
YCDC တွင် အမှိုက်ကောက်သော ဝန်ထမ်း အလုံအလောက် ရှိလားဟု မေးသောအခါတွင်လည်း အောင်မြင့်မော်သည် ဖြေကြားချင်ပုံ မရပေ။ ဌာနအနေဖြင့် ရင်းမြစ်များနှင့် ဝန်ထမ်းများ လိုအပ်နေသေးသည်ဟု ဆိုသည်။
He expressed hope that the YCDC law passed on June 28 would result in an improvement once the public became more aware of its provisions, which outline a range of offences and penalties that include prison time.
သူက ပြောကြားရာတွင် ဇွန်လ ၂၈ ရက်က ပြဌာန်းလိုက်သော YCDC ဥပဒေသည် အများပြည်သူများ သိရှိလိုက်နာကျင့်သုံးပါက တိုးတက်ကောင်းမွန်မှုများ ရရှိမည်ဟု ဆိုသည်။ ယင်းဥပဒေတွင် အမှိုက်ကို မဆင်မခြင် ပစ်ခြင်းအတွက် ထောင်ဒဏ် အပါအဝင် ပြစ်ဒဏ်များ ချမှတ်နိုင်သည်။
But unless the public knows the rules, they will be very hard to enforce, he added.
သို့သော် ဥပဒေအကြောင်းကို အများပြည်သူက မသိရှိပါက အရေးယူရန် ခက်ခဲမည်ဟု သူက ဆိုသည်။
“The prohibitions and punishments in the new YCDC law are strong – that’s why YCDC is trying to improve knowledge and compliance,” Aung Myint Maw told Frontier.(pic)
YCDC ဥပဒေ အသစ်မှာ တားမြစ်ချက်များနှင့် ပြစ်ဒဏ်များသည် ပြင်းထန်ထိရောက်ကြောင်း ထို့ကြောင့် ထိုဥပဒေကို အများပြည်သူ သိရှိလိုက်နာအောင် ကြိုးစားလုပ်ဆောင်နေသည်ဟု အောင်မြင့်မော်က Frontier ကို ပြောသည်။
An effective garbage collection and disposal system was the municipality’s task but residents also needed to take responsibility and be more disciplined about rubbish disposal, Aung Myint Maw said.
ထိရောက်တဲ့ အမှိုက်သိမ်းစနစ်ကို လုပ်ဆောင်ရမှာက YCDC ရဲ့ တာဝန်ပါ။ ဒါပေမဲ့ အများပြည်သူကလည်း တာဝန်သိပြီး စည်းကမ်းလိုက်နာဖို့ လိုအပ်ပါတယ်ဟု အောင်မြင့်မော်က ဆိုသည်။
The YCDC wanted to provide more of the big dumpster bins that serve some neighbourhoods but faced resistance from residents who did not want them outside their homes because of the smell.
YCDC သည် ရပ်ကွက်များတွင် အကြီးစား အမှိုက်ကန်များကို ပိုမိုချထားလိုသည်။ သို့သော် ရပ်ကွက်တွင် နေထိုင်သူများက မိမိတို့ အိမ်ရှေ့တွင် အမှိုက်ကန် လာထားမည်ကို မလိုလားကြကြောင်း အနံ့ဆိုးကြောင့် ဖြစ်သည်ဟု ဆိုသည်။
Residents lending a hand
Rain or shine, a group of Sanchaung residents gathers every Sunday to help keep the township’s streets clean and tidy.
စမ်းချောင်းမြို့နယ်မှ အဖွဲ့တစ်ခုသည် မြို့နယ်အတွင်း လမ်းများ သန့်ရှင်းစေရန် တနင်ဂနွေနေ့တိုင်း စုပေါင်း လုပ်အားပေးကြသည်။
Ko Zaw Win Khaing, a 42-year-old resident of the township’s Shan Kone Street, is a founding member of the Shan Kone Street Sunday Cleaning Group. He also helped found the Clean Yangon Campaign, which launched last year. Both groups comprise community-minded volunteers who pick up litter in public places.
ရှမ်းကုန်းလမ်းတွင် နေထိုင်သော အသက် ၄၂ နှစ်အရွယ် ကိုဇော်ဝင်းခိုင်သည် ရှမ်းကုန်းလမ်း တနင်ဂနွေ သန့်ရှင်းရေး အဖွဲ့ကို တည်ထောင်သူ ဖြစ်သည်။ သူသည် ပြီးခဲ့သော နှစ်က တည်ထောင်ခဲ့သော Clean Yangon Campaign ကို တည်ထောင်ရာတွင် အကူအညီ ပေးခဲ့သည်။ ယင်းအဖွဲ့ဝင်များသည် မိမိ၏ အသိစိတ်ဖြင့် လုပ်အားပေး အမှိုက်ကောက်သူများ ဖြစ်ကြသည်။
Zaw Win Khaing said the Sanchaung group formed in 2012 in response to a growing litter problem in the township. Since 2014 the group has met every Sunday from 7am and 10am.
ဇော်ဝင်းခိုင်က ပြောကြားရာတွင် မြို့နယ်အတွင်း အမှိုက်ပြဿနာ ကြီးထွားလာသောကြောင့် စမ်းချောင်း အမှိုက်ကောက် အုပ်စုကို ၂၀၁၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ၂၀၁၄ ခုနှစ်မှစပြီး ထိုအဖွဲ့သည် တနင်ဂနွေနေ့တိုင်း မနက် ၇ နာရီမှ ၁၀ နာရီအထိ အမှိုက်ကောက်ကြသည်ဟု ဆိုသည်။
“Regardless of the weather, we don’t fail to do our work,” he said, adding the group has attracted the support of nearly 70 volunteers, including some expatriates.
မိုးလေဝသ အခြေအနေ ဘယ်လိုရှိသည်ဖြစ်စေ သူတို့သည် အမှိုက်ကောက် မပျက်ကြကြောင်း အဖွဲ့သည် လူကြိုက်များလာသောကြောင့် အဖွဲ့ဝင် ၇၀ အထိ တိုးပွားလာခဲ့သည်ဟု ဆိုသည်။
Zaw Win Khaing expressed disappointment that many people, regardless of whether they were rich or poor, did not appreciate the importance of civic pride and helping to keep their community clean and tidy.
ဇော်ဝင်းခိုင်က ပြောကြားရာတွင် လူအများအပြားသည် ချမ်းသားသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ နိုင်ငံကြီးသား ပီသမှုကို ဂုဏ်မယူတတ်ကြကြောင်း မိမိ၏ ပတ်ဝန်းကျင်ကို သန့်ရှင်းစေရန် ကူညီဖို့ စိတ်ကူးမရှိကြကြောင်း ဆိုသည်။
Although the authorities have a duty to collect and dispose of rubbish, residents also need to take responsibility, he believed.
အာဏာပိုင် အဖွဲ့အစည်းတွေက အမှိုက်တွေကို လိုက်သိမ်းပြီး စွန့်ပစ်ပေးဖို့ တာဝန်ရှိတယ် ဆိုပေမယ့် ဒေသတွင်းမှာ နေထိုင်သူတွေကလည်း တာဝန်သိဖို့ လိုအပ်သည်ဟု သူက ဆိုသည်။
“The government is usually blamed when there is flooding, but residents need to understand the cause and effect: When a drain is filled with garbage and it rains, flooding results.”
လူတွေက ရေကြီးတဲ့အခါ အစိုးရကို အပြစ်တင်ကြတယ်။ လူတွေက အကြောင်းနဲ့ အကျိုးကို နားလည်ဖို့ လိုအပ်တယ်။ ရေမြောင်းတွေက အမှိုက်တွေနဲ့ ပိတ်ဆို့နေရင် မိုးရွာတဲ့အခါ ရေကြီးမှာပဲဟု သူက ဆိုသည်။
He said prominent public figures such as President U Win Myint and State Counsellor Daw Aung San Suu Kyi should do more to promote proper rubbish disposal.
သူက ပြောကြားရာတွင် အများပြည်သူ လူကြိုက်များသော နိုင်ငံရေးသမားများဖြစ်သည့် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့သည် အမှိုက်များကို စည်းကမ်းတကျ စွန့်ပစ်ကြစေရန် ပိုမိုဆော်သြသင့်သည်ဟု ဆိုသည်။
“When they talk about it, it is more effective than us talking about it a million times,” he said.
သူတို့တွေက ပြောရင် ကျွန်တော်တို့ အခါတစ်သန်း ပြောနေတာထက် ပိုမိုထိရောက်နိုင်တယ်ဟု သူက ဆိုသည်။
He believed there was little awareness among Yangon residents about the importance of not littering.
သူက ပြောကြားရာတွင် ရန်ကုန်မြို့တွင် နေထိုင်သူများသည် အမှိုက်ကို စည်းကမ်းတကျ စွန့်ပစ်ခြင်း၏ အရေးပါပုံကို ကောင်းစွာမသိကြကြောင်း ဆိုသည်။
“We can see that rubbish collection and cleaning is a huge burden for YCDC, so we need to more strictly enforce our laws,” he said, adding that Yangon Region Chief Minister U Phyo Min Thein was the “most responsible”.(pic)
အမှိုက်တွေကို လိုက်သိမ်းရတာက YCDC အတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်နေပါတယ်။ ဒါကြောင့် ဥပဒေတွေကို ပိုမိုတင်းကျပ်စွာ အရေးယူပေးဖို့ လိုပါတယ်။ ဒါတွေက ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှာ တာဝန်ရှိပါတယ်ဟု သူက ဆိုသည်။
Mr Park Changsik, a 65-year-old South Korean who works as a teacher at the Exodus Korean Language Centre in Sanchaung, is one of the expatriate members of the Shan Kone Street Sunday Cleaning Group.
အသက် ၆၅ နှစ်အရွယ် ကိုရီးယာလူမျိုး Mr Park Changsik သည် Shan Kone Street Sunday Cleaning Group တွင် ပါဝင်သော နိုင်ငံခြား အဖွဲ့ဝင် ဖြစ်သည်။ သူသည် စမ်းချောင်းမြို့နယ်ရှိ Exodus Korean Language Center တွင် ဆရာအဖြစ် လုပ်ကိုင်နေသူ ဖြစ်သည်။
Park, who came to Yangon in 2009 and has lived in Sanchaung since 2011, joined the cleaning group three years ago.
Mr Park သည် ရန်ကုန်သို့ ၂၀၀၉ ခုနှစ်တွင် ရောက်ရှိလာပြီး ၂၀၁၁ ခုနှစ်တွင် စမ်းချောင်းမြို့နယ်တွင် စတင်နေထိုင်ခဲ့သည်။ လွန်ခဲ့သော ၃ နှစ်ကတည်းက ထိုသန့်ရှင်းရေး အဖွဲ့ဝင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။
“I was impressed to see them helping to keep the city clean because they love their city,” he told Frontier.
သူတို့က သူတို့မြို့ကို ချစ်ကြလို့ မြို့ကို သန့်ရှင်းအောင် လုပ်ဆောင်နေတာကို မြင်ရတာ ကျွန်တော် သဘောကျတယ်ဟု သူက Frontier ကို ပြောသည်။
He said the situation in Myanmar was similar to what it had been in South Korea five decades ago, and the main cause in both countries was people who dispose of rubbish carelessly.
မြန်မာနိုင်ငံက အခြေအနေသည် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က တောင်ကိုရီးယားတွင် ဖြစ်ခဲ့သော အခြေအနေနှင့် ဆင်တူသည်ဟု သူက ဆိုသည်။ အဓိက ပြဿနာက လူတွေ စည်းကမ်းမဲ့ အမှိုက်ပစ်ကြတာပဲဟု သူက ဆိုသည်။
“When I came here, I saw the same situation and that’s why I became involved in this group to make the city clean,” Park said.
ကျွန်တော် ရန်ကုန်ကို ရောက်လာတော့ အဲလို အခြေအနေကို တွေ့ရတယ်။ ဒါကြောင့် မြို့ကို သန့်ရှင်းအောင် ဒီအဖွဲ့ထဲ ဝင်ခဲ့တာပါဟု ဆိုသည်။
Civic minded citizens
Ko Zayar Htun, 35 is a member of Clean Yangon, which focuses on collecting waste in public areas and visiting schools to promote its campaign.
အသက် ၃၅ နှစ်အရွယ် ကိုဇေယာထွန်းသည် Clean Yangon အဖွဲ့ဝင် ဖြစ်သည်။ ယင်းအဖွဲ့သည် အများပြည်သူ နေရာများတွင် အမှိုက်လိုက်ကောက်ခြင်း ကျောင်းများသို့ သွားရောက်ပြီး ပညာပေးခြင်းများကို လုပ်ဆောင်သည်။
Clean Yangon, which is supported by nearly 50 community organisations and about 1,000 volunteers, aims to promote a clean city, reduce littering, encourage citizens to be more litter conscious and reduce the impact of garbage on the environment.
Clean Yangon အဖွဲ့ကို အရပ်ဘက် အဖွဲ့အစည်း ၅၀ ခန့်က ထောက်ပံ့ပေးထားပြီး လုပ်အားပေးသူ ၁၀၀၀ ခန့် ရှိသည်။ ၎င်းသည် သန့်ရှင်းသော မြို့တော် ဖြစ်လာစေရန် စည်းကမ်းမဲ့ အမှိုက်ပစ်မှုကို လျှော့ချရန် အမှိုက်နှင့် ပတ်သက်ပြီး အသိပညာပေးရန် ပတ်ဝန်းကျင် အပေါ်တွင် အမှိုက်၏ အကျိုးသက်ရောက်မှုကို လျှော့ချရန် လုပ်ဆောင်နေသည်။
“We do activities in public areas because we want to make people more aware that we are collecting the rubbish that others have thrown away,” Zayar Htun told Frontier.
ကျွန်တော်တို့က အမှိုက်ကောက်တဲ့ အလုပ်ကို အများပြည်သူ နေရာတွေမှာ လုပ်ပြတယ်။ တခြားသူတွေ စည်းကမ်းမဲ့ ပစ်သွားတဲ့ အမှိုက်တွေကို ကျွန်တော်တို့ လိုက်ကောက်နေတာ သိစေချင်လို့ဟု ကိုဇေယာထွန်းက ပြောသည်။
A year after the Clean Yangon campaign was launched, he acknowledges that much more needs to be done to create the awareness needed to reduce littering.
Clean Yangon စီမံကိန်းကို စတင်အပြီး တစ်နှစ်အကြာတွင် စည်းကမ်းမဲ့ အမှိုက်ပစ်မှုကို လျှော့ချရန် အသိပညာပေးမှုများ လုပ်ဆောင်ရန် လိုအပ်နေသေးသည်ဟု သူက ဆိုသည်။
Zayar Htun said YCDC needs to take legal action in response to littering and the careless disposal of rubbish, levying fines and even jailing the worst offenders.
ဇေယာထွန်းက ပြောကြားရာတွင် YCDC သည် စည်းကမ်းမဲ့ အမှိုက်ပစ်သူများကို ဒဏ်ငွေများ တပ်ခြင်း ဆိုးဆိုးရွားရွား ပစ်သူများကို ထောင်ချသည်အထိ လုပ်ဆောင်သင့်သည်ဟု ဆိုသည်။
The campaign has mobilised its volunteers for 16 highly visible clean-up efforts throughout the city, for which it has received support from the YCDC in the form of garbage trucks and municipal workers.
အဖွဲ့သည် ရန်ကုန်မြို့အတွင်း အများပြည်သူ နေရာများတွင် သန့်ရှင်းရေးကို ၁၆ နေရာတွင် လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ ထိုအစီအစဥ်အတွက် YCDC က အမှိုက်ကားများ စည်ပင်ဝန်ထမ်းများကို ထောက်ပံ့ပေးသည်။
The school visits were important for engaging young people and raising awareness, according to Zayar Htun.
ကျောင်းများသို့ သွားရောက် ပညာပေးခြင်းသည် လူငယ်များ အမှိုက်နှင့် ပတ်သက်ပြီး အသိပညာ တိုးပွားလာအောင် လုပ်ဆောင်ရာတွင် အရေးပါသည်ဟု ဇေယာထွန်းက ဆိုသည်။
“When we were young it was different; this is why we are engaging young students,” he said.(pic)
ငယ်ရွယ်စဥ်ကတည်းက အကျင့်ကောင်းတွေ ရရှိလာအောင် လုပ်ပေးတာက ပိုမိုထိရောက်ပါတယ်။ ဒါကြောင့် ကျောင်းတွေမှာ သွားရောက်ပညာပေးတာပါဟု သူက ဆိုသည်။
Teacher Daw May Zin Htet says that if children are taught at an early age not to litter it helps them to develop the life-long habit of disposing of rubbish responsibly.
ကျောင်းဆရာမ ဒေါ်မေဇင်ထက်က ပြောကြားရာတွင် ကလေးတွေကို ငယ်ရွယ်စဥ်မှာ အမှိုက်ကို စည်းကမ်းတကျ စွန့်ပစ်တတ်အောင် သင်ကြားပေးရင် တစ်ဘဝလုံး ထိုအကျင့်ကောင်းက ပါသွားနိုင်တယ်ဟု ဆိုသည်။
“Lessons to promote an anti-littering message need to be taught in the classroom,” said May Zin Htet, who teaches at Hlaing Tharyar’s Basic Education Middle School 10, which has an enrollment of about 1,400.
အမှိုက်ကို စည်းကမ်းတကျ စွန့်ပစ်ဖို့ သင်ခန်းစာတွေကို စာသင်ခန်းထဲမှာ ထည့်သွင်းသင်ကြားပေးဖို့ လိုအပ်ပါတယ်ဟု အမှတ် ၁၀ အခြေခံပညာ အလယ်တန်းကျောင်း လှိုင်သာယာမှ ဆရာမ ဒေါ်မေဇင်ထက်က ဆိုသည်။ ထိုကျောင်းတွင် ကျောင်းသူကျောင်းသာ ၁၄၀၀ ခန့် ရှိသည်။
Zayar Htun said he hoped the new YCDC law passed this year would make an important contribution to improving garbage collection in the commercial capital.
ဇေယာထွန်းက ပြောကြားရာတွင် ပြီးခဲ့သော နှစ်က ပြဌာန်းခဲ့သော YCDC ဥပဒေသစ်သည် ရန်ကုန်မြို့ အမှိုက်သိမ်းစနစ်ကို ပိုမိုထိရောက်အောင် ကူညီပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ဆိုသည်။
He said more garbage bins were needed in downtown areas and outskirt townships such as Hlaing Tharyar where municipal collection and disposal efforts were under pressure.
ရန်ကုန်မြို့ထဲနှင့် စည်ပင်အမှိုက်သိမ်း စနစ်အတွက် အခက်အခဲရှိသော လှိုင်သာယာကဲ့သို့ မြို့နယ်များတွင် အမှိုက်ကန်များ ပိုမိုထားရှိပေးရန် လိုအပ်သည်ဟု ဇေယာထွန်းက ဆိုသည်။
There also needed to be a concerted campaign to reduce the use of plastics, he said. “If we keep going on like this without reducing plastic rubbish, I worry the whole country will eventually resemble a rubbish dump.”
ဇေယာထွန်းက ပြောကြားရာတွင် ပလပ်စတစ် အသုံးပြုမှုကိုလည်း လျှော့ချနိုင်ရန် စီမံကိန်းများ လုပ်ဆောင်ရမည်ဟု ဆိုသည်။ ကျွန်တော်တို့ ဒီလိုသာ ပလပ်စတစ် ကြွပ်ကြွပ်အိတ်တွေကို အသုံးပြုနေမယ်ဆိုရင် အနာဂတ်မှာ နိုင်ငံက အမှိုက်ပုံကြီးနဲ့ တူသွားလိမ့်မယ်ဟု သူက ဆိုသည်။
Tough penalties
The new YCDC Law enacted on June 28 introduces a range of offences related to littering with some severe punishments.
ဇွန်လ ၂၈ ရက်တွင် ပြဌာန်းခဲ့သော YCDC ဥပဒေသစ်တွင် စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်းနှင့် ပတ်သက်ပြီး ပြစ်ဒဏ်များ အများအပြား ချမှတ်ထားသည်။

At the lower end of the scale, anyone caught throwing litter, spitting betel or dumping animal carcasses or faeces in a public area faces a fine of K30,000 to K50,000.
အသေးဆုံး ပြစ်ဒဏ်အဖြစ် စည်းကမ်းမဲ့ အမှိုက်ပစ်သော ကွမ်းတံတွေးထွေးသော တိရိစ္ဆာန် အသေကောင် တိရိစ္ဆာန် ချေးများ အများပြည်သူ နေရာတွင် စွန့်ပစ်သောလူကို ဒဏ်ငွေ ၃၀ ၀၀၀ မှ ၅၀ ၀၀၀ အထိ တပ်နိုင်သည်။
Those responsible for air, water, sound or land pollution can face a fine of K100,000 to K500,000, as well as a prison term of up to three months. A second conviction brings a possible six-month prison term.
လေထု ရေထု မြေထုနှင့် ဆူညံသံ ညစ်ညမ်းမှုများအတွက် ဒဏ်ငွေ ၁၀၀ ၀၀၀ မှ ၅၀၀ ၀၀၀ နှင့် ထောင်ဒဏ် ၃ လအထိ ချမှတ်နိုင်သည်။ ပြစ်ဒဏ်ကို ၂ ခါ ကျူးလွန်ပါက ထောင်ဒဏ် ၆ လအထိ ချမှတ်နိုင်သည်။
Those convicted of dumping chemicals, electronic goods and other toxic items will face a K100,000 to K500,000 fine, up to one year in prison, or both.
ဓါတုပစ္စည်းများ လျှပ်စစ်ပစ္စည်းများနှင့် တခြား အဆိပ်ဖြစ်စေနိုင်သော ပစ္စည်းများကို စည်းကမ်းမဲ့ စွန့်ပစ်ပါက ဒဏ်ငွေ ၁၀၀ ၀၀၀ မှ ၅၀၀ ၀၀၀ ဖြစ်စေ ထောင်ဒဏ် တစ်နှစ်ဖြစ်စေ နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်။
Those caught removing a YCDC rubbish bin face a K30,000 to K300,000 fine, while anyone found to be destroying a YCDC bin will face a fine of three times the bin’s value, a three-month prison term, or both.
YCDC အမှိုက်ပုံးကို နေရာရွှေ့သော လူသည် ဒဏ်ငွေ ၃၀ ၀၀၀ မှ ၃၀၀ ၀၀၀ အထိ ချမှတ်ခံရနိုင်သည်။ YCDC အမှိုက်ပုံးကို ဖျက်ဆီးသော လူသည် အမှိုက်ပုံး တန်ဖိုး၏ ၃ ဆ ဒဏ်ငွေဖြစ်စေ ထောင်ဒဏ် ၃ လ ဖြစ်စေ နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရနိုင်သည်။
Anyone who burns rubbish will be liable for a K30,000 to K300,000 fine, up to three months in prison, or both.
အမှိုက်များကို မီးရှို့ပြီး လေထုညစ်ညမ်းစေသူသည် ဒဏ်ငွေ ၃၀ ၀၀၀ မှ ၃၀၀ ၀၀၀ ဖြစ်စေ ထောင်ဒဏ် ၃ လ ဖြစ်စေ နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရနိုင်သည်။

Posted using Partiko Android

Sort:  

Thank you so much for being an awesome Partiko user! You have received a 10.21% upvote from us for your 1006 Partiko Points! Together, let's change the world!

✅ Enjoy the vote! For more amazing content, please follow @themadcurator!

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62869.05
ETH 2545.35
USDT 1.00
SBD 2.72