ရုံးပိတ်ရက် အတွေ့အကြုံလေး

in #myanmar6 years ago

တနေ့က စဥ့်ကိုင်ကို အလည်လိုက်သွားတယ်။
စဥ့်ကိုင်က အမချွေးမရဲ့ရွာပါ။ အမ+ အကို နှင့်
တူဇနီးမောင်နှံမိသားစုတို့ရဲ့ ရွာက သက်ကြီးရွယ်အို ဘိုးဘွားတွေကန်တော့ပွဲ ကို လိုက်သွားတာပါ။ ကျမအမက နှစ်ဖက်မိဘတွေ ဆုံးပါးသွားပြီ ဆိုတော့
သီတင်းကျွတ်မှာ ကန်တော့ဖို့ မိဘတွေမရှိကြတော့ဘူးလေ။ ဒါနဲ့ သူ့ချွေးမရွာက သက်ကြီးရွယ်အိုတွေကို ကန်တော့ဖို့ စိတ်ကူးရပါတယ်။

image

image

စိတ်ကူးရတော့ ကျမကိုလိုက်မလားမေးတော့ လိုက်တာပေါ့။ ကိုယ်က ခရီးလေးဖြစ်ဖြစ်ထွက်ချင်နေတာ။ အစက ပုဂံသွားဖို့စိတ်ကူးလဲ အခုတော့ တစစီ ပျောက်။ မနက် (၇) နာရီလောက် အိမ်ကထွက်ကြ
တယ်။ ကိုးနာရီလောက်ရောက်သွားတယ်။ ရွာ
ရောက်တော့ အမခမည်းခမက်တွေက ကန်တော့ခံဘိုးဘွားများကို တိုက်ဖို့ ကြာဇံဟင်းတွေချက်ထား
တယ်။

image

တူတော်မောင်က ဘိုးဘွားတွေကို ကန်တော့ဖို့
မြင့်မြင့်ခင်ဘီစကစ်၊ မရွေးနဲ့ လျှာပေါ်ဝဲတွေ တစ်ဖာစီဝယ်လာခဲ့တယ်။ ရွာရောက်တော့ ကျမတို့ တူဝရီး တွေ ဘိုးဘွားတွေကန်တော့ဖို့ မုန့်တစ်ထုပ်စီနဲ့ အလှူ
ငွေ တစ်သောင်းစီထုပ်ကြတယ်။ ရောက်လာနဲ့
ဘိုးဘွားတွေကို အရင်ကြာဇံဟင်းတိုက်တယ်။ ဘိုးဘွားတွေစုံတော့ ကန်တော့ကြပါတယ်။ အဘွားနှစ်ဦးက မလာနိုင်ပါဘူး။ ကျမကတော့ သူတို့ကုသိုလ်
အလှူမှာ မှတ်တမ်းတင်ပေးရတာပေါ့။

image

image

image

ကန်တော့ပြီးသွားတော့ ဘိုးဘွားတို့ရဲ့ဆုပေးသံ
ကြောင့် ကြည်နူးရပါတယ်။ တစ်ရွာထဲနေကြပေ
မယ့် အခုလို စုစုဝေးဝေးတွေ့ကြဖို့ ခဲယဉ်းလို့ စကား တွေပြောမကုန်ဖြစ်နေတဲ့ ဘိုးဘွားတွေကိုကြည့်ရတာ ပျော်စရာပါ။ အခုလိုတွေ့နိုင်အောင် ကန်တော့
ကြတဲ့ အမတို့မိသားစုကိုလည်း ကျေးဇူးအရမ်းတင်တဲ့အကြောင်း အသက်အကြီးဆုံးအဘိုးက အထူး
တလည်ပြောတဲ့အခါ ကျမတို့လည်း ကိုယ့်အလှူ
အတွက် ဝမ်းသာရပါတယ်။

image

image

နေ့လည်ကျ ကျမတို့ကို ထမင်းကျွေးပါတယ်။
ငါးရံ့ဟင်း၊ ဝက်သားချက်၊ မှိုချက်၊ လက်ဖက်သုပ်နဲ့ ဟင်းတွေစုံပါတယ်။ ထမင်းမစားခင် ပိန်းဥပြုတ်၊ နွားနို့နဲ့ တခြားမုန့်တွေစားထား ထင်ပါရဲ့။ ဟိုး..အရင်တခါစားတုန်းကလောက်မမြိန်ဘူး။ ပြီးခဲ့တဲ့သင်္ကြန် အလည်သွားတုန်းကတော့ လူကလဲများ၊ ဗိုက်ကလဲဆာနေတာနဲ့ တွယ်လိုက်ကြတာ။ ဟင်းလိုက်ရတာကို အကွက်မလည်ဘူး။

စားသောက်ပြီးတော့ အိမ်မလာနိုင်တဲ့ အဘွားနှစ်ဦး ကိုရွာထဲသွားကန်တော့ကြတယ်။ အဘွားတစ်ဦးက သတိတွေလွတ်ပြီး စကားတောင်မပြောတတ်တော့ ပေ။ အသက်က ၉၀ နီးပြီ။ သမံတလင်းပေါ် ဘာ
အခင်းမှမပါပဲအိပ်နေသည်။ ကျမတို့လာမှ သမီးဖြစ်သူက နှိုးပြီး ကုလားထိုင်ပေါ်ချီတင်ပေးသည်။
ကန်တော့ကြတော့ သမီးဖြစ်သူက ”သာဓုလို့ပြောယလိုက်လေ” လို့ပြောတော့ အဲ့အတိုင်းပဲပြန်ပြော
သည်။ သာဓုပါလို့ မခေါ်တတ်တော့ပေ။

image

နောက်တစ်ဦးကတော့ စကားမပြောပဲ အမူအယာ
တွေလုပ်ပြသည်။ သားဖြစ်သူက လျှာပေါ်ဝဲမုန့်ကို
ချက်ချင်းဖောက်၍ကျွေးသောအခါ ခဏအတွင်း
သုံးခုကုန်လေသည်။ သားကိုလည်း ဖဲ့၍ကျွေးသေးသည်။ ကန်တော့ပြီး၍ ကျမတို့ပြန်မယ်လုပ်တော့မှ အားယူ၍ ”နေပူမိမယ် ပြန်တော့” ဆိုပြီး ပြောသည်။
ထိုအခါမှ ကျမလည်း မျက်ရည်များကျမိသည်။
ကျမအမေကို သတိရ၍ဖြစ်သည်။

image

image

ထို့နောက် ကျမတို့လူစုလည်း အမခမည်းခမက်မိသားစုကို နှုတ်ဆက်ပြီး ပြန်လာကြသည်။ အပြန်
တွင် တူဖြစ်သူက ကျမကို ဘယ်သွားချင်သေးလဲ
မေးသည်။ ကျမက မက္ခရာမြို့ဟောင်းသွားချင်
သည် ဆို၍ လိုက်ပို့သည်။ ထိုမြို့ဟောင်းကို ကျမယအမရော၊ တူ၊ တူမတွေပါမရောက်ဖူးသေး၍ သွားစေလိုခြင်းဖြစ်သည်။

image

မက္ခရာမြို့ဟောင်းမှအပြန် အချိန်ရှိသေး၍ အင်းဝ
မြို့ဟောင်းသို့ ဆက်လည်ကြသည်။ ကျမတို့
တစ်တွေ မယ်နုအုဋ်ကျောင်းတွင် ဓာတ်ပုံရိုက်မဝ ဖြစ်ရသည်။ ထိုမှတဖန် ဗားကရာကျောင်းတိုက်၊
လောကသရဖူဘုရားနှင့် အနီးအနားဝန်းကျင်ရှိ
ဘုရားများသို့ သွားရောက်ဖူးမျှော်ကြသည်။

အမှန်တကယ်တော့ အင်းဝမြို့ဟောင်းတွင်
လည်ပတ်စရာများလှသည်။ အေးအေးဆေးဆေး
အချိန်ယူ၍ အင်းဝခေတ်ကောင်းစားစဉ်က
ရှေးခေတ်လူတွေ၏ လူနေမှုဘဝကို ပြန်လည်
မြင်ယောင်ခံစားကြည့်ချင်ပါသော်လည်း ညနေစောင်း၍ နေလုံးပျောက်နေပြီဖြစ်သဖြင့် အိမ်သို့ပြန်လာ
ခဲ့ရပါသည်။

image

image

Author @nweoomon
Photo @nweoomon
MSC.265
27.10.2018

Sort:  

Happy trip ပါ ညီမရေ😁

Posted using Partiko Android

ဟုတ်ပါတယ် မမကြည်
ပျော်လဲပျော်၊ ကုသိုလ်လဲရတဲ့ ခရီးလေးပါရှင်

ရုံးပိတ်ရက် ခရီးစဉ်လေးပေါ့နော် ပျော်ခဲ့ရဲ့ လားအမရေ

အရမ်းပျော်တယ်မောင်လေးရေ ဒီရက်ပိုင်း ပိတ်ရက်တွေမှာ ခရီးတိုလေးတွေထွက်ဖြစ်လို့ ခုမှ ပိုစ့်တင်ရတာ

မက္ခရာ မြို့ဟောင်း ဘယ်နားက သွားရလဲဗျ

Posted using Partiko Android

စဥ့်ကိုင်အလွန်မှာပဲ၊ သွားလို့လွယ်ပါတယ်။ လမ်းညွန်ဘုတ်တွေလဲရှိတယ်။ ရန်-မန်းကားလမ်း အရှေ့ဖက်ခြမ်းမှာ။ မေးကြည့်ကြည့်ပါရှင်

မ​ရောက်​ဘူး​သေးဘူး ​ရောက်​ချင်​မိ​သေးတယ်​ဗျာ 😊😊
esteem-myanmar သုံး​ပေးလို့ ​ကျေးဇူးပါ

Posted using Partiko Android

သွားရတာမခက်လို့ တခေါက်လောက် သွားကြည့်စေချင်ပါတယ်ရှင်

ကုသိုလ်လဲရ ဝမ်းလဲဝ ဓာတ်ပုံတွေလဲရိုက်ရ
Steemit မှာလည်း စာရေးရ အမယ် ကိုက်သဟ 😁

စရိတ်ကလည်းဖရီးဆိုတော့ ဘာပြောဖို့လိုသေးလဲ 😁😁

Congratulations! This post has been upvoted from the communal account, @minnowsupport, by nweoomon from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

🌼🌼🌼🌼🌼

ကောင်းမွန်လှသောကုသိုလ်ပါ

Posted using Partiko Android

ဟုတ်ကဲ့
ကျေးဇူးတင်ပါတယ်ရှင်

ဗုဒ္ဓံ ပူဇေမိ

Posted using Partiko Android

မင်္ဂလာပါရှင်

ကုသိုလ်လည်းရပြီး ခရီးလေးလည်းထွက်ဖြစ်သွားတဲ့ ပိတ်ရက်လေးတွေပဲပေါ့။အဲဒီနေရာလေးတွေ မရောက်ဖူးသေးဘူးခင်ဗျာ။

ရုံးပိတ်​ရက်​ အ​တွေ့အကြုံ​လေးဆို​တော့ ​ကောင်းတာ​ပေါ့ဗျာ

ဟုတ်ကဲ့ဒီရက်ပိုင်းခရီးတိုလေးတွေများတယ်

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 61779.77
ETH 2434.59
USDT 1.00
SBD 2.62