မိခင်များအတွက်ပါ

in #esteem6 years ago

Child_1.jpg
လူတိုင်းအတွက် ကျန်းမာရေး သည် အရေးကြီးပါသည်။
ကျန်းမာရေး အသိဆိုတာ ကြိုတင်လေ့လာထားရမည့်အရာဖြစ်သည်
မိခင်လောင်းများအတွက်လိုက်နာရန် အချို့ ဖေါ်ပြလိုက်ပါတယ်
ကိုယ်ဝန်ဆောင်ချိန်တွင် ကြုံတွေ့ရတတ်သည့် အခက်အခဲနှင့် အန်တရာယ်များကို လျှော့ပါးစေ၇န်
ယင်းအခက်အခဲနှင့် အန်တရာယ်များပေါ် ပေါက်လာတော့မည့် ရှေ့ပြေး လက်ခဏာများကို သိရှိ
ထားသင့်ပါသည်။ ကိုယ်ဝန်ဆောင်မိခင်များတွင် ကိုယ်အလေးချိန်မတက်တော့ခြင်း ခြေထောက်များ
ယောင်အမ်းလာခြင်း ခေါင်းကိုက်ခြင်း အော့အန်ခြင်း မျက်ခွံ မျက်ခမ်းအတွင်းသားများ ဖြူဖျော့လာ
ခြင်းစသည့် လက်ခဏာများ ပေါ်လာလျှင် ချက်ချင်း နီးစပ်ရာ နားလည် တက်ကျွမ်းသည့် ကျန်းမာ
ရေးဝန်ထမ်းများထံမှ အကူအညီကို ရယူသင့်ပါသည်။
ကိုယ်ဝန်ဆောင်သည့် အခါတိုင်း ကလေးကို မည်သည့်နေရာတွင် မည်သူနှင့်မွေးဖွားပေးသင့်ကြောင်း
ကို ကျန်းမာရေး ၀န်ထမ်းထံမှ အကြံဥာစ်တောင်းသင့်ပါသည်။ မွေးဖွားရာတွင် ခက်ခဲနိုင်မည်
သို့မဟုတ် အန်တရာယ်ရှိနိုင်မည် ဟု သိရှိပါက သားဖွားခန်း သို့မဟုတ် ဆေးရုံတွင် မွေးဖွားရန်လိုအပ်
ပါလေသည်။အရပ်ထဲက လက်သည်နှင့် မွေးဖွားခြင်းကိုတော့ ရှောင်ရှားသင့်ပါသည်။
ကိုယ်ဝန်ဆောင်များ ကြုံရတတ်သည့် အခက်အခဲနှင့် အန်တရာယ်လက်ခဏာများကို ကိုယ်ဝန်ဆောင်
များကိုယ်တိုင်သာမက ခင်ပါန်းသည်များနှင့် မိသားစုဝင်များပါ သိရှိထားရန် အရေးကြီးပါသည်။ သို့မှ
သာ လိုအပ်သော စောင့်ေ၇ှာက်မှုများ ပေးနိုင်မည်ဖြစ်ပြီး ကျန်းမာေ၇းဝန်ထမ်းများထံ အချိန်မှီသွား
ရောက်ပြသနိုင်မည်ဖြစ်ပါသည်။
ကိုယ်ဝန်မဆောင်မီ အခက်အခဲများ အန်တရာယ်ရှိနိုင်သည့် လက်ခဏာများကို အနည်းငယ်ဖော်ပြ
ပေးလိုက်ပါမည်။ ကျန်ရှိသော အချက်အလက်များကို နောင်များမှ ဆက်လို့ရေးသားပါမည်။
အချက်များစွာထဲမှ အချက်အချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါလေသည်။
နံပါတ်တစ်အနေနဲ့ကတော့ နောက်ဆုံး ကလေးမွေးဖွားပြီးနောက် နှစ်နှစ်ပင်မခြားသေးခြင်းများ
နံပါတ်နှစ်အနေနဲ့ကတော့ မိခင်လောင်းသည် အသက် ဆယ့်ရှစ်နှစ်အောက် ငယ်နေခြင်းဒါမှမဟုတ်
အသက်သုံးဆယ့်ငါးနှစ် အထက်ကြီးနေခြင်း
နံပါတ်သုံးအနေနဲ့ကတော့ မိခင်လောင်းသည် ကလေး လေးယောက်ဒါမှမဟုတ် လေးယောက်ထက်
ပိုပြီး မွေးထားပြီးသူဖြစ်နေခြင်းများ
နံပါတ်လေးကတော့ ယခင်ကလေး နို့ညှာကို မွေးခဲ့ရာတွင် ကလေးရဲ့ ကိုယ်အလေးချိန်မှာ နှစ်ကီလို
ဂရမ် လေးပေါင်ခွဲထက် လျော့နည်းနေခဲ့ခြင်းများ
ထိုသူ တို့သည် ကိုယ်ဝန်ဆောင်သည့်အခါတွင် အခက်အခဲရှိနိုင်သူများ ဖြစ်ပါလေသည်။
ထိုသို့အခက်အခဲရှိနိုင်သည့်အတွက် ကျန်းမာရေှးဌာနသို့ စောလျှင်စွာ သွားရောက်ပြီး လိုအပ်သောကျန်းမာရေး
စောင့်ရှောက်မှကို ယူသင့်ပါသည်။
@nightgirl
photo-google image

Sort:  

Post a lot of great. I think your post has been great.

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 64572.94
ETH 2630.79
USDT 1.00
SBD 2.82