အဓိကတရားခံ

in #myanmar6 years ago (edited)

မောင်မြသည် ကျန်းမာသန်စွမ်းသော လူတစ်ဦး ဖြစ်သည်။ကလေးဘဝမှ လူလတ်ပိုင်း အသက်၃၀ကျော်အထိ မောင်မြသည် ကျန်းမာဖြတ်လတ်စွာ နေထိုင်နိုင်ခဲ့လေသည်။သို့သော် မောင်မြ အသက်၃၅နှစ် ကျော်သည့်အချိန်တွင် ရောဂါဝေဒနာ ထူပြောသည်။သွေးတိုးဆီးချိုနှင့် ကျောက်ကပ်စသော ရောဂါဝေဒနာများ ဖြစ်ပေါ်လာသည်။

ထိုသို့ မောင်မြ ခန္ဓာကိုယ်ရောဂါဝေဒနာများ ဖြစ်ပေါ်လာသည်ကို သိသော ဦးနှလုံးသည် သူ၏တပည့်လက်သား သွေးများဖြင့် ခန္ဓာကိုယ်တစ်ခုလုံးရှိ ခန္ဓာကိုယ် အစိတ်အပိုင်းများအား မောင်မြ ခန္ဓာကိုယ်နှင့်ပက်သက်၍ အစည်းအဝေးပွဲတစ်ခုပြုလုပ်ရန် အကြောင်းကြားလိုက်လေသည်။နောက်တစ်နေ့တွင် အကြောင်းကြားခြင်းခံရသော အစာအိမ်,ကျောက်ကပ်,အူ,အရေပြား,အဆုတ်,မျက်လုံး,နှာခေါင်း,လက်,ခြေ,ပါးစပ်,နားရွက် စသော ခန္ဓာကိုယ်အစိတ်အပိုင်း အသီးသီးတို့မှာ တစ်ခုပြီးတစ်ခု အစည်းအဝေးပွဲသို့ ရောက်လာကြလေသည်။

ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီး ရောက်ရှိသောအခါ ဦးနှလုံးကနေပြီး မောင်မြခန္ဓာကိုယ်တွင်ဖြစ်ပွားနေသော ရောဂါဝေဒနာများနှင့် ပက်သက်၍ အားလုံးဝိုင်းဝန်းဆွေးနွေးကြရန် တိုက်တွန်းနှိုးဆော်လိုက်လေသည်။ထိုအခါ ခန္ဓာကိုယ် အစိတ်အပိုင်းအသီးသီးမှာ ထင်မြင်ချက်များ ပေးကြလေသည်။ထိုအထဲမှ ကိုဝမ်းဗိုက်ကနေပြီး အဓိကကတော့ မောင်မြက အစားမရှောင်တာ။ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအစာတွေ စားတယ်။မသန့်တာတွေလည်း စားတယ်။ပြီးတော့ ကွမ်းယာလည်း စားတယ်ဗျာ။ဒီလို ဘာမှမရှောင်ဘဲ ကိုယ်ကြိုက်တာ အကုန်စားနေမှတော့ ဖြစ်ပြီပေါ့ဗျာ။

ထိုစကားကို ကြားသော် ကိုကျောက်ကပ်ကလည်း " ဟုတ်တယ်ဗျ,သူက ကျုပ် အခြေအနေကောင်းအောင် ရေလည်း များများမသောက်ပေးဘူး။အငန်တွေကလည်း တော်တော် စားတယ်။ဒီကြားထဲ ကျုပ်လိုကျောက်ကပ်အတွက် မကောင်းပါဘူးလို့ပြောကြတဲ့ ဒညင်းသီးတွေလည်း တယ်စားတယ်ဗျာ။ကျုပ်တော့ သိပ် စိတ်ညစ်တယ်ဗျာ။ဒီလူနဲ့တော့ "

ထိုအခါ မရေပြားကလည်း "ဟုတ်တယ်ရှင့်,သူက ကျွန်မအရေပြားနဲ့ဓါတ်မတည့်တဲ့ ပင်လယ်စာတွေလည်း သိပါစားတာပဲ" "သူအဲ့ဒီ့လို စားလွန်းလို့ ကျွန်မအရေပြား အလှပျက်ပြီး အဖုအပိန့်တွေထွက်ရတာတော့ မပြောပါနဲ့တော့ရှင်"

ထိုသို့ ခန္ဓာကိုယ် အစိတ်အပိုင်းများက မောင်မြ အစားအသောက် မဆင်မခြင် စားသည့်အတွက် ရောဂါရသည့်အကြောင်းများ ဝိုင်းဝန်းပြောဆိုကြရာ နောက်ဆုံး ဦးနှလုံးက မောင် ပါးစပ်ကိုခေါ်ပြီး

"ဟေ့ကောင် ပါးစပ်" "မင်းက စားကောင်းတိုင်း စွတ်မစားနဲ့လေ" "သူများတွေအတွက်လည်း ကြည့်ဦးကွ" "ခု မင်းမဆင်မခြင် စားချင်တိုင်းစွတ်စားလို့ သူများတွေ(အခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေ) ဒုက္ခရောက်နေရပြီကွ"

"ဟာ...ဦးနှလုံး" "အဲ့ဒီ့လို မတရားမစွပ်စွဲပါနဲ့ဗျာ"

"အဓိကတရားခံက ကျွန်တော်မဟုတ်ဘူး" "ကျွန်တော်က အခိုင်းခံပါ" "ကျွန်တော့်ကို သူကခိုင်းလို့ ကျွန်တော်ပါးစပ် လှုပ်ရှားပြီး စားသုံးနေရတာပါ" ကျွန်တော်မှ မဟုတ်ဘူး အခြား လျှာ,သွား,အာခေါင်စတဲ့ ကောင်တွေလည်း ဘဝတူတွေပဲဗျ" "သူခိုင်းလို့လုပ်နေရတာ"

"ဟေ ဟုတ်လား" "မင်းတို့ကို ခိုင်းနေတဲ့သူက ဘယ်သူလဲကွ"

"စိတ်...လေဗျာ"

"အဲ့ဒီ့စိတ်ဆိုတဲ့ကောင် ခိုင်းလို့ ကျွန်တော်တို့ အလုပ်လုပ်နေရတာဗျ" "စိတ်ကစားခိုင်းရင် ကျွန်တော် ပါးစပ်က စားရတယ်ဗျာ" "စိတ်ကခိုင်းရင် သွားအုပ်စုက ဝါးရတယ်ဗျာ" " စိတ်ကခိုင်းရင် လျှာက အရသာခံရတယ်ဗျာ" "အဲ့ဒီ့စိတ်ဆိုတဲ့ ကောင်က ခိုင်းလို့ ကျွန်တော်တို့လုပ်နေရတာပါ" "အဓိကတရားခံက စိတ်ဆိုတဲ့ ကောင်ပါဗျာ"

Photo credit- http://www.jbsa.mil/News/Photos/igphoto/2000939791/

Author-myothuzar,MSC-033

Sort:  

စာရေးတော်လိုက်တာ

ဟုတ်ကဲ့။ကျေးဇူး ပါ အန်တီ။

ကျန်းမာ ပညာပေးလေး စာဖွဲ့သွားတာ ကောင်းပါပေတယ်

ဟုတ်ကဲ့။ကျေးဇူးပါ။

တကယ်ကို အားကျမိတဲ့ အရေးသားလေးပါပဲဗျာ

တစ်ခါတစ်လေ ideaရသွားလို့ပါ။ကျေးဇူးတင်ပါတယ်။

ကိုယ့်စိတ်ကို နိုင်ရင်ရတယ်

ဟုတ်ပါတယ်။ကိုယ့်ကျန်းမာရေးအတွက် မစားသင့်တဲ့အစာကို မစားပဲ ထိန်းချုပ်နိုင်ရပါမယ်။

ကိုယ့်စိတ်ကိုယ်မနိုင်လို့ တစ်ချို့ဆိုဝတုတ်ကြီးတွေဖြစ်နေပီ

ဟုတ်ပ။

ချိတက်က မျက်စိကျနေပြီ စာရေးတာ အရမ်းကောင်းလို့တဲ့

အဲ့ဒီ့ cheetahတွေ့ပြီး စိတ်တောင် ညစ်သွားတယ်။

ချိတက်ဂ်ရဲ့ မဲတော့ပေါက်ဘီဗျာ

ဒီချိတက်မဲမှ လာပေါက်နေတော့ ကံဆိုးတာပဲ။

စာ​ရေး​ကောင်းတယ်​ရှင်​။

ဟုတ်ကဲ့။ကျေးဇူး အမ။

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.029
BTC 76383.30
ETH 3039.98
USDT 1.00
SBD 2.62