Relationship

in #esteem8 years ago

ချစ်သစ္စာလေး မပျယ်စေလို
image
ချစ်သူတွေဆိုတာလည်း လူသားတွေဖြစ်တာကြောင့် အမှားနဲ့မကင်းနိုင်ကြပါဘူး။

အရေးကြီးဆုံးက တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိပြီး ခွင့်လွှတ်တတ်ဖို့ပါ။ ချစ်သူနှစ်ဦးကြား ယုံကြည်မှုတွေ ပြိုကွဲသွားမယ်ဆိုရင် ကိုယ့်ရဲ့လက်တွဲဖော်က သူတစ်ပါးအပေါ်မှာလည်း ယုံကြည်မှုထားနိုင်မှာ မဟုတ်ပါဘူး။ ယုံကြည်မှုတည်ဆောက်ဖို့ လိုအပ်တဲ့အချက်လေးတွေကို ပြောပြပေးလိုက်ပါတယ်။

ပထမဦးဆုံးအနေနဲ့ သင့်ကိုယ်သင် ယုံကြည်မှု ဆိုတာဘာလဲလို့ ပြန်မေးကြည့်ပါ။ သင့်စိတ်ကခံယူထားတဲ့ ယုံကြည်မှု ဆိုတဲ့အဓိပ္ပာယ်မှာ လာတွေပါဝင်လဲဆိုတာသုံသပ်ပါ။ တစ်စုံတစ်ယောက်အပေါ်မှာ သင်ယုံကြည်မှု ဆိုတာကို ဘာနဲ့တိုင်းတာပြီးတည်ဆောက်တာလဲ စဉ်းစားပါ။

ဒါတွေကိုသေချာတွေးမိပြီး သင်ကိုယ်တိုင် ယုံကြည်မှုရဲ့ အဓိပ္ပာယ်ကို နားလည် သဘောပေါက်ပြီဆိုရင် သင့်ရဲ့လက်တွဲဖော်အပေါ် ယုံကြည်မှု ထားနိုင်ဖို့ အောင်မြင်သွားပါပြီ။

ယုံကြည်မှုဘယ်လိုတည်ဆောက်ရမလဲ တခြားသူတွေကို လိုက်မေးနေမယ့်အစား ကိုယ့်ရဲ့လက်တွဲဖော်နဲ့ သာ ဆွေးနွေးပြီး နှစ်ယောက်အတူတူ လိုချင်တဲ့အရာ ကိုသာအဓိကထား တည်ဆောက်ပါ။

တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရရှိနိုင်ဖို့ အချင်းချင်းလက်ခံပေးပါ….ရိုးသားမှုရှိဖို့သာ ဆွေးနွေးတိုင်ပင်ပါ။

ကိုယ့်ရဲ့လက်တွဲဖော်ကို ကတိပေးထားတဲ့ အရာမှန်သမျှတည်နိုင်အောင် ကြိုးစားပါ။ အကြောင်းတစ်ခုခု ကြောင့် ကတိပျက်ခဲ့မယ်ဆိုရင် သူနားလည်လက်ခံလာနိုင်အောင် ရိုးသားစွာနဲ့ရှင်းပြပြောဆိုပါ။

နှစ်ဦးသားဆက်ဆံရေးမှာ ယုံကြည်မှုတည်ဆောက်တယ်ဆိုတာက တစ်ဦးပေါ်တစ်ဦး ဂရုတစိုက်ကြင်နာတာ၊ ကိုယ့်ရဲ့လက်တွဲဖော် အပေါ်မှာရိုးသားတာ လိမ်လည်လှည့်စားခြင်းမရှိတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် ယုံကြည်မှုတည်ဆောက်တယ်ဆိုတာ ကိုယ်ဘယ်သူနဲ့အတူတူရှိရှိ သင့်အဲဒီလူအပေါ်မှာ ဘယ်လောက် ရိုးသားဖြောင့်မတ်လဲဆိုတဲ့ ပေတံနဲ့ တိုင်းပြီး တည်ဆောက်ကြတာဖြစ်ပါတယ်။

Written..@lwutlatt
Photo..Google

Coin Marketplace

STEEM 0.05
TRX 0.32
JST 0.080
BTC 66435.29
ETH 1797.41
USDT 1.00
SBD 0.44