မိုးတွင်းကျန်းမာစွာနေထိုင်ချင်တယ်ဆို

in #myanmar7 years ago (edited)

အာဟာရဖြစ်တဲ့ စားစရာရော၊ သောက်စရာမှာပါ ကောင်းမွန်တဲ့အရသာရှိပြီး မိုးတွင်းကာလမှာ
အဖျားအနာကင်းစွာ နေထိုင်နိုင်ဖို့အတွက် ကူညီပေးပါတယ်။

ဒါကြောင့် ခုလိုမျိုး စိုစွတ်တဲ့ရာသီမှာ သင့်ခန္ဓာကိုယ်ကြံ့ခိုင်ပြီး သန်စွမ်းစေဖို့အတွက်
စားသောက်သင့်တဲ့အမည်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

စားသုံးသင့်တဲ့အစားအစာ လေးမျိုး

၁။ မှို

မှိုဟာ လူကြိုက်များတဲ့ စားစရာအမည်တစ်မျိုးပဲ ဖြစ်ပါတယ်။ အရသာကောင်းပြီး နေရာတိုင်းမှာ
အလွယ်တကူ ၀ယ်ယူလို့ရနိုင်တာမို့ ဟင်းချက်စရာအမည်တွေထဲမှာ ထည့်ရောပြီးချက်စားဖို့
အကြံပေးပါရစေ။ မှိုဟာ ကိုယ်ခံစွမ်းအားအတွက် အရေးပါတဲ့ ဗီတာမင်ဒီဓာတ်အတွက်
အကောင်းဆုံးအရင်းအမြစ်ပါပဲ။ ဒီတော့ မှိုကို သူ့ချည်းပဲ ကြော်စားစား၊ ဟင်းအဖြစ်ပဲချက်ချက်၊
အခြားအမည်တွေနဲ့ ရောလို့ပဲဖြစ်ဖြစ် ချက်စားလိုက်ကြပါလို့။

၂။ ကြက်စွပ်ပြုတ်

ကြက်စွပ်ပြုတ်ဟာ တုပ်ကွေးဖြစ်လာနိုင်ခြေကို တိုက်ဖျက်ပေးဖို့အတွက် အကောင်းဆုံးစားစရာ
တစ်မည်ပဲ ဖြစ်ပါတယ်။ ရာသီဥတုအေးနေချိန်မှာ သူက ခန္ဓာကိုယ်ကို နွေးထွေးနေအောင်
ကူညီပေးပါတယ်။ စွပ်ပြုတ်တစ်ပန်းကန်ဟာ သင့်အတွက် ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေကို
ပေးစွမ်းနိုင်တယ်ဆိုတာ မမေ့ပါနဲ့။ ကယ်လီဖိုးနီးယားရှိ နို့ထွက်ပစ္စည်းထုတ်လုပ်ရေး ကောင်စီရဲ့
အဆိုအရ ကြက်သားမှာ ကိုယ်ခံအားစနစ်ကို တိုးမြင့်စေဖို့အတွက် စွမ်းအားမြင့်တဲ့ ဒြပ်တစ်မျိုးဖြစ်တဲ့
ဇင့် ပါဝင်တယ်လို့ သိရပါတယ်။ ဒီတော့ မိုးသံလေးကို နားထောင်ပြီး ကြက်သားစွပ်ပြုတ်လေး
တစ်ပန်းကန်လောက် သောက်လိုက်ကြပါလို့။

၃။ ကြက်သွန်ဖြူ

သင့်ရဲ့စားစရာတွေထဲ ကြက်သွန်ဖြူကို ပိုပိုသာသာလေးထည့်ဖို့ ဘယ်တော့မှမမေ့ပါနဲ့။ ဒီတော့
ကြိုက်တယ်ဆိုရင် ကြက်သွန်ဖြူကို မနက်ခင်းပိုင်းစားစရာတွေမှာပါ ထည့်သွင်းစားသောက်ဖို့
အကြံပေးပါရစေ။ ကူးစက်ရောဂါနဲ့ စိတ်ဖိစီးမှုတွေဖြစ်ခြင်းကနေ ကာကွယ်ပေးဖို့အတွက်
ကိုယ်ခံစွမ်းအားကို အားကောင်းစေတဲ့ ဒြပ်တစ်မျိုးဖြစ်တဲ့ selenium ဟာ ကြက်သွန်ဖြူထဲမှာ
ပါဝင်တယ်လို့ ကယ်လီဖိုးနီးယားရှိ နို့ထွက်ပစ္စည်းထုတ်လုပ်ရေးကောင်စီက ဆိုထားပါတယ်။

၎။ ဟင်းခတ်အမွှေးအကြိုင်များ

Rosemary ၊ Oregano ၊ စမုန်ဖြူ၊ ငရုတ်ကောင်း၊ နနွင်းမှုန့်၊ ကြက်သွန်ဖြူနဲ့ ချင်းတို့လို
ဟင်းခတ် အမွှေးအကြိုင်တွေဟာ အစားအစာတွေကို အရသာပိုကောင်းစေရုံတင်မကဘဲ
အစားအစာထဲက ဘက်တီးရီးယားတွေကိုလည်း သေစေပါတယ်။ ဒီအကျိုးကျေးဇူးကိုရဖို့အတွက်
ဟင်းထဲကို ကြိုက်နှစ်သက်ရာ အမွှေးအကြိုင်တွေ ထည့်ချက်လိုက်ရုံပါပဲ။

သောက်သုံးသင့်တဲ့ သောက်စရာ ငါးမျိုး

၁။ ချင်းလက်ဖက်ရည်

ချင်းဟာ မအီမသာဖြစ်ခြင်းနဲ့ ပျို့ချင်အန်ချင်ဖြစ်ခြင်းတို့အတွက် သောက်သုံးသင့်တယ်လို့
လူသိများပါတယ်။ ပါးပါးလှီးထားတဲ့ ချင်းအဖတ်လေးတွေကို ၁၀ မိနစ်လောက်ပြုတ်လိုက်ပြီး
သံပရာသီး၊ ပျားရည်တို့နဲ့ စိတ်ကြိုက် အရသာရအောင် ပြင်ဆင်လိုက်ရင် ချင်းလက်ဖက်ရည် ရပါပြီ။

၂။ ရေနွေးကြမ်း

ရေနွေးကြမ်းထဲမှာ ခန္ဓာကိုယ်အတွက်ကောင်းမွန်တဲ့ antioxidant နဲ့ ဗီတာမင်ဓာတ်များစွာ ပါဝင်ပြီး
နေ့စဉ်သောက် သုံးဖို့အတွက် ကောင်းမွန်ပါတယ်။ တုပ်ကွေးဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်ဖို့အတွက်
ရေနွေးကြမ်းဟာ အထူးကောင်းမွန်ပါတယ်။ ရေနွေးကြမ်းပူပူဟာ အရသာကောင်းမွန်လှတာကြောင့်
လူအများကြိုက်နှစ်သက် ကြပြီးသားပါ။ ဒီတော့ ရနံ့လေး ပိုမွှေးသွားအောင်နဲ့ ဘက်တီးရီးယား
ပိုးမွှားတွေကို တိုက်ဖျက်နိုင်ဖို့အတွက် ပျားရည်ထည့်ရောပြီးတော့လည်း သောက်သုံးနိုင်ပါတယ်။

၃။ လိမ္မော်ရည်

လိမ္မော်သီးထဲမှာ ဖျားနာခြင်းမှ အထူးသဖြင့် တုပ်ကွေးမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့
ကိုယ်ခံစွမ်းအား စနစ်အတွက် အရေးပါတဲ့ ဗီတာမင်စီပြည့်ဝစွာ ပါဝင်ပါတယ်။ ဒါပေမဲ့
လတ်လတ်ဆတ်ဆတ် လိမ္မော်ရည်မျိုးကိုသာ သောက်သုံးပါ။ ကြာရှည်ခံအောင်
အသင့်ဖျော်စပ်ထားတဲ့ ဖျော်ရည်ထဲမှာတော့ သကြားတွေအများကြီး ပါဝင်တာမို့
မသောက်သုံးသင့်ပါဘူး။ အကြံပြုချင်တာကတော့ အိမ်မှာဖျော်ရည်လုပ်တဲ့အခါ လတ်ဆတ်ပြီး
သန့်ရှင်းဖို့ပါပဲ။

၎။ ခရမ်းချဉ်သီးဖျော်ရည်

အနီရောင်ခရမ်းချဉ်သီးမှာ ညေအငသထငိညေအ နဲ့ ဗီတာမင်စီဓာတ်တို့ပါဝင်ပါတယ်။
သူ့ရဲ့စွမ်းပကားကတော့ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေတာပါပဲ။ သူ့ရဲ့အရသာကိုတော့
လူအများကြိုက်ကြမှာပါ။ ဒီတော့ ဖျော်ရည်လုပ်သောက်မယ်ဆိုရင် လိမ္မော်သီး၊ ဖရဲသီးတို့လို
သစ်သီးမျိုးတွေအပြင် မုန်လာဥလို ဟင်းသီးဟင်းရွက်တွေပါ ထည့်ရောပြီး ပြုလုပ်နိုင်ပါတယ်။

၅။ ဒိန်ချဉ်

လူတွေရဲ့ခန္ဓာကိုယ် ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေတဲ့ ဘက်တီးရီးယားတွေဟာ ဒိန်ချဉ်ထဲမှာ
ပါဝင်ပါတယ်။ ဒီတော့ မနက်ခင်းပိုင်းစာအတွက် သစ်သီးဖျော်ရည်တွေ ဖျော်သောက်တဲ့အခါ
ကြိုက်နှစ်သက် တယ်ဆိုရင် ဒိန်ချဉ်ပါထည့်ပြီး ရောဖျော်နိုင်ပါတယ်။ ဒိန်ချဉ်ဟာ စားလို့ကောင်းတဲ့
သရေစာတစ်မျိုးဖြစ်တဲ့အပြင် အလွယ်တကူလည်း ၀ယ်လို့ရနိုင်တာမို့ စားကောင်းတာလေးစားပြီး
ကျန်းမာရေးအတွက် အထောက်အကူပြု အောင်လုပ်ရတာ ပျော်စရာကြီးပါလို့။

Combiphar.com

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.026
BTC 57396.91
ETH 2446.23
USDT 1.00
SBD 2.41