ကလေးနှင့်မှတ်ဥာဏ်steemCreated with Sketch.

in #partiko6 years ago (edited)

ပြီးခဲ့တဲ့တစ်ခေါက်က "ကလေးနှင့်ယုံကြည်မှု"ဆိုပြီး စာလေးတစ်ပုဒ် ရေးခဲ့ပါသေးတယ်။ကိုယ်တိုင်ကြုံတွေ့ရတဲ့ ဖြစ်ရပ်လေးတစ်ခုကို steemitမိသားစုဝင်များ ဗဟုသုတရ ရန် အလို့ငှာ တင်ပြခဲ့ခြင်းဖြစ်ပါတယ်။

အခုခါမှာတော့ "ကလေးနှင့်မှတ်ဥာဏ်"ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ တင်ပြပါရစေ။ကလေးတွေဆိုတာက မြင်မြင်သမျှ အသစ်အဆန်းတွေပဲလေ။အသစ်အဆန်းမှန်သမျှကိုလည်း မိဘတွေက ပြောပြတယ်။ဒီဟာလေးကတော့ ဘယ်လိုခေါ်တယ်။ဒါလေးကတော့ ဘယ်လိုခေါ်တယ်ဆိုပြီး ပြောပြတယ်။သူတို့စိတ်ထဲမှာ မှတ်သားလိုက်တာကတော့ သူတို့ရဲ့ သင်္ကေတလေးနဲ့ပဲ မှတ်သားလိုက်မှာပါ။

ငယ်စဉ်တုန်းက အရေအတွက် တစ်ခုရှိတာကို ဒါဘယ်လောက်လဲလို့မေးတဲ့အခါ တစ်ခုဆိုပြီးဖြေတဲ့ကလေးနည်းပါတယ်။လက်လေးတစ်ချောင်းသာ ထောင်ပြကြမှာပါ။ဒါဟာ သူတို့ရဲ့သင်္ကေတလေးပေါ့။အခုလည်းရှေးတုန်းကမှတ်သားကြတဲ့ အရေအတွက်ပုံစံလေးကို ဖော်ပြပါရစေ။

"တစ်ပြူး တစ်လံ ညောင်ကန် ထမ်းပိုး အချိုး"ဆိုပြီး မှတ်သားကြပါတယ်။ထိုအမှတ်အသားမှ "တစ်ပြူး"ဆိုတဲ့ အမှတ်အသားပေါ်ပေါက်လာပုံကို တင်ပြပါရစေ။ရှေးအခါက ကလေးတွေက ယာထဲကိုင်းထဲတွင်သာ အနေများကြပါတယ်။ထို့ကြောင့် လှည်း စပါး နွား စတာတွေက သူတို့နှင့်မစိမ်းပါဘူး။ကျောင်းတွင်သင်ကြားပေးသော ပညာထက် မိဘများကသင်ကြားပေးသော ပညာကပိုပါတယ်။

"တစ်ပြူး"ဆိုသော ဝေါဟာရမှာလည်း မိဘများက သားသမီးကိုသင်ကြားပေးသော စကားလုံးသာဖြစ်ပါတယ်။မိဘက လှည်းဘီးနှစ်ခု ကို ညွှန်ပြ၍ တစ်ပြူးဟု ဆိုလေသည်။တစ်ဖန် နွားနှစ်ကောင်ကို ညွှန်ပြ၍ တစ်ပြူးဟု ဆိုပြန်သည်။ထိုအခါ ကလေးငယ်၏စိတ်တွင် တစ်ပြူးဆိုသော အရာသည် ပစ္စည်းနှစ်ခုကို ပေါင်းစပ်ထားသော အရာကို ခေါ်ကြောင်းမှတ်သားသွားလေသည်။ထို့ကြောင့် အစုံလိုက် အစုံလိုက်ရှိသော အရာတိုင်းကို သူတို့၏စိတ်တွင် တစ်ပြူးဟု မှတ်လိုက်ပြီဖြစ်သည်။

ကောက်နုတ်ချက်။ ။ဆရာမြကေတုရေးသော ကလေးမှတ်ဥာဏ်တစ်ပြူးတစ်လံမှ ။

Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။

Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.
written by :@hnineikhaing
MSU NO-003
received_236425950252219.jpeg

#myanmar
#msu

Posted using Partiko Android

Sort:  

တစ်ပြူးကတော့ဟုတ်ပါပြီ။ ကျန်တာတွေအကြောင်းလဲ ရေးဦးလေ။

ဟုတ်ကဲ့ ဆက်လက်ဖော်ပြပါ့မယ်ရှင့်😁

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.029
BTC 76214.38
ETH 3070.66
USDT 1.00
SBD 2.61