Good storysteemCreated with Sketch.

in #story9 years ago

ချဉ်ဖတ်
(================)
(မဖတ်ခင် ကြို ပြောပါရစေ ခင်မျာ
ဒီ ဝတ္ထုလေး(story)လေး အရမ်းကောင်းလို့ ပြန(်Share) ပြီး ရေးတင်တာပါ။သင်ဟာ စာဖတ်ပျင်းတဲ့ သူ တစ်ယောက် ဆိုရင်တောင် အချိန်ခဏလောက်ပေးပြီးဖတ်စေချင်တဲ့ ဆန္ဒ (Wisdon)ကျွနိုပ်မှာ ကိန်းဝပ်နေပါတယ် ။ ဖတ်ပြီးရင် သင့်ရင်ထဲ တစ်ခုခု ကျန်ခဲ့မှာပါ။)

"ပြေးးးးထားးကွ"

"ပြေးထား"

"ပြေးးပြေးးးး ပြေးးကွ"

"မြန်မြန်လေးလေ ကွာ"

"ပြေးးးဟေ့ ပြေးးး"

"ပြေးကွ"

ရွှေချိုင်းးရွာလေးရဲ့ အခြေခံပညာ အလယ်တန်းကျောင်းရှေ့ မှ အသံများးဆူညံစွာ ထွက်ပေါ်လာသည်။

ကျောင်းသားလေးတွေ ပြေးနေကြတဲ့ အပြေးပြိုင်ပွဲလေးတစ်ခု။ ကျောင်းအုပ်' ဆရာ' ဆရာမတွေ' အတန်းဖော် ညီးအစ်ကို မောင်နှမတွေရဲ့ အားပေးမှု့နံ့အတူ ကျောင်းသားလေးတွေ ပြေးနေကြတယ်။

ပန်းတိုင် ဝင်ခါနီးပါပြီ………

ထိပ်ဆုံးမှ ပြေးနေသောကျောင်းသား နှစ်ယောက်ထဲမှ တစ်ယောက်က အတန်းထဲမှာ နာမည်ကြီး စာအတော်ဆုံး ဆရာ ဆရာမတွေ အချစ်တော် မောင်ထက်မြတ်(နာမည်နဲ့ လိုက်အောင် တော်သောကျောင်းသားလေး)။
သူ့ဘေးမှာ ကပ်ပြေးနေတာကတော့ တစ်ကျောင်းလုံးရဲ့ ချဉ်ဖတ်လေး ရှင်းအောင်ထက်ပြောပြရရင် စာလဲ မတော်ဘူးးး ဆရာ ဆရာမတွေ အမြင်ကပ်ဆုံး (မျက်စိ ဆံပင်မွှေးစူး) ကျောင်းသား မောင်ချဉ်ဖတ်။

"ချဉ်ဖတ်" လားး သူက ခိုင်းရင် လုပ်ချင်မှ ထလုပ်တက်လို့လေ။ ဒါပေမဲ့ သူငယ်ချင်းတွေကတော့ အရမ်းချစ်ကြတယ်။ သူ့နာမည် အရင်းက မောင်ကြည်လင်။

လူနဲ့ နာမည်နဲ့ သိပ်မလိုက်ဖတ် လူပုံစံက
အသားက ခပ်ညိုညို…… မျက်နာလေးထောင့်နဲ့။
သူ့ရဲ့ထူးခြားတဲ့ အမူရာကတော့ အမြဲပြုံးနေတက်သူ။
သို့သော်…ပြသနာကောင်လေး ဂြိုလ်ကောင်လေး
နာမည် အရင်းတောင် ပျောက်နေပြီ…… ချဉ်ဖတ် "တဲ့။

လူအုံ ပရိက်သက်ကြီးထဲမှာ အသံထွက်ကျယ်လှောင်ဆုံးးက……………

"ထက်မြတ်ကွ ………ပြေးးးးပြေးးး… မင်းနိုင်ရမယ်"

ကျောင်းသားလေး တစ်သိုက်ကတော့………

"ချဉ်ဖတ် ပြေးထားးပြေးး…ဒီကောင့်ကို အနိုင်ယူလိုက်စမ်း ချဉ်ဖတ်ရ………"

ထိုစဉ်…
မထင်မှတ်ထားတဲ့ အဖြစ်ပျက်တစ်ခု………

မောင်ထက်မြတ် ခြေခေါက်လဲပြီးး တလိမ့်ကောက်ကွေး ပစ်ကျသွားးကာ ကျွမ်းတွေပင် လေးငါး ပတ်လောက် လိမ့်ထိုးသွားးတယ် ထင်ရတယ်။

ပြိုင်ဘက်မရှိ တစ်ဦးတည်းသော ပန်းတိုင်ဝင်ဖို့ အခွင်လမ်း ချဉ်ဖတ်ရလိုက်လေပြီ။ ကြိမ်းသေ ချဉ်ဖတ် အောင်နိုင်ပြီ ။

အားပေးနေတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဆရာ ဆရာမများဆီမှ ထွက်ကျလာသော အသံ………

"ဟာ" "ဟင်"

"ကျွတ်"

"ဟာ" ""ဟင်"
ဆိုသော အသံကြီးကို လွန်စွာ ကျယ်လှောင်စွာ ထွက်ပေါ်လာခဲ့တယ်။

အများစုက မောင်ထက်မြတ်ကိုသာ အနိုင်ရစေချင်စိတ် ကြီးစိုးနေချိန် မထင်မှတ်ပဲ အရှုံးနဲ့ တွေ့ရမည်ကို လွန်စွာပင် နှမြှောတမ်းသ၍ ထွက်ကျလာသောအသံ။

"ဟင်"

"ဟင်"ဆိုသောအသံက ပိုကျယ်လောင် ထွက်ပေါ်လာခဲ့တယ် ။
ဘယ်သူမှ မထင်မှတ်ထားတဲ့ အပြုမှုကို မြင်ကွင်းတစ်ခုကို သူတို့ တွေ့လိုက်ရ၍ ဖြစ်တယ်။

ပစ်လဲကျသွားသော မောင်ထက်မြတ်ကို ချဉ်ဖတ်ကဆွဲပွေ့လိုက်လို့ပါပဲ။

အားလုံးစိတ်အထင်မှာတော့ ချဉ်ဖတ်တစ်ယောက် ပျော်ပျော်ကြီးး ပန်းတိုင်ဝင်တော့မှာပေါ့။
ပန်းတိုင်ဝင်ဖို့ကလဲ ကိုက်(၁၀၀)သာ လိုတော့တာပါ။

မောင်ထက်မြတ်ကို ဆွဲပွေ့ထူကာ ပြိုင်ပွဲအပြင်ထွက်လာသူကတော့ ကျောင်းရဲ့မကောင်းသတင်း နာမည်ကြီး ချဉ်ဖတ် ဖြစ်နေသည်ကအထူးအဆန်း ဖြစ်နေကြပါတယ်။

"ဟိုကောင်တွေ လာကြလေကွာ
ဒီကောင့်ကို ဆေးခန်းလိုက်ပို့ရမယ် ဒဏ်ရာက သိပ်မများပေ့မဲ့ သွေးထွက်တော့ ဆေးသိပ့်ဖို့ ဆေးခန်းပို့ရလိမ့်မယ်"

"ချဉ်ဖတ်အသံပါ"

ပရိက်သက်ကြားမှ အခန်းဖော်တွေ
ချဉ်ဖတ်သူငယ်ချင်းတွေ ပြေးထွက်လာကြပြီး ညည်းညူနေသော မောင်ထက်မြတ်ကို ဆေးခန်းပို့ရန် ဝိုင်းထမ်းပိုးသယ်ကာ ထွက်သွားကြတယ်။

ထိုကြားထဲမှ ပြေးလိုက်လာသူကတော့ အလွန်ပင်စိုးရိမ်မျက်နာနဲ့ အတန်းပိုင်ဆရာမ ဒေါ်မြင့်သက် ပဲဖြစ်ပါတယ်။
ကျောင်းအလံတိုင်အောက် အုပ်ခုံလေးလေးပေါ်မှာ ထိုင်ရင်း ကျန်နေရစ်ခဲ့သူကတော့ ချဉ်ဖတ်။

ဆေးခန်းကို သူလိုက်မသွားခဲ့ပါဘူးး။ မောနေသော်လည်း ခပ်အေးအေးပုံစံနဲ့ အလံတိုင်ကို မှီပြီး ရေအိုးစဉ်က ခပ်လာတဲ့ ရေကို စိတ်ပြေနပြေ မော့သောက်နေပါတယ်။

"ချဉ်ဖတ်………လာ ထိုင်လေကွာ"

"ဟာ မင်းတို့ကော ဆေးခန်းလိုက်မသွားဘူးလား"

"ထားလိုက်စမ်းပါကွာ မသေနိုင်ပါဘူးး အသက်နဲ့ အဝေးကြီး "

"ဒါနဲ့ မင်းဘာကြောင့် ပန်းမဝင်တာလဲ ကိုယ့်လူ"

"အခုတော့ မင်းတို့နောက်က ငပုကောင် ပန်းဝင်ပြီးး ပထမ ရသွားတယ်ကွ"

"မင်းပြောတော့ ပထမဆု ပေးတဲ့ လွယ်အိပ်လေး ရချင်တယ်ဆို"

ချဉ်ဖတ် ဘာမှ မပြောပဲ ပြုံးးပြုံးးလေး နေနေတယ်။

ထိုစဉ် သူတို့အနာကို (PT) ဆရာ ဆရာဦးညိမ်း ရောက်လာပါတယ်။

"ချဉ်ဖတ်"

"ခင်မျာ ……ဆရာ"

အနားကို ဆရာရောက်လာသောကြောင့်သူတို့အားလုံး လတ်ပိုက်ပြီး ကုန်းထလိုက်ကြတယ်။

"မင်းလို ကောင်မျိုးးမှာ ဒီလို စိတ်ဓာတ်ရှိတာ ငါရော
အားလုံးရောပါ အတော်အံ့သြသွားတယ်ကွ"

မင်းကောင်တော့ ခြေစစ်ခေါက်လို့ မထနိုင်တော့ဘူးတဲ့။

"ဒါနဲ့ မင်းပန်းဝင်ခါနီးး ပန်းမဝင်ပဲနဲ့ ဘာကြောင့် မောင်ထက်မြတ်ကို သွားထူရသလဲ"

"ရီဝေသော မျက်ဝန်းငယ်လေးနဲ့ ဆရာကို ကြည့်ပြီ…

"ဘာမှ မဟုက်ပါဘူးဆရာရယ် ကျွန်တော့ကို ဖေထေက ပြောဖူးတယ်…

"အနိုင်ဆိုတာ တကယ်တော့ လွယ်လွယ်လေးနဲ့ ရယူနိုင်တယ်တဲ့ ။ အရှုံးးဆိုတာကိုသာ လူတွေက အလွယ်မရချင်တာတဲ့"

"ကျွန်တော်က ဆုံးဖျက်ပြီးသားပါ ဆရာ"

"ပန်းဝင်ခါနီးရင် အလျော့ပေးပြီး ဒီကောင့်ကို အနိုင်ပေးဖို့"

"ဒီကောင်က ကျောင်းထဲမှာ စာအတော်ဆုံး
လူချစ်လူခင် အပေါများဆုံးးး စာစီစာကုံးပြိုင်ပွဲလဲ သူပဲပထမ ဒီလိုလူဆီမှာ အရှုံးဆိုတာကို လက်ခံနိုင်အား မရှိနိုင်သေးဘူးလို့ ထင်တယ် ဆရာ"

ဒါ့ထက်

"ကျွန်တော်လိုကောင် နိုင်ပြန်ရင်လဲ မကောင်းပြန်ဘူးလေ"

"ထက်မြတ်နိုင်ဖို့ အားပေးနေတဲ့သူတွေ
မျော်လင့်နေတဲ့ မျော်လင့်ချက်နဲ့ လူအားလုံးကို စိတ်အကြီးကျယ် ပျက်သွားစေမှာပေါ့"

"အဖေက ပြောတယ်!

"လောကမှာ သူတစ်ပါးကို ကျေနပ်စေတာ
ပျော်ရွှင်စေတာဟာ ကောင်းတဲ့လုပ်ဆောင်ခြင်း လူတိုင်းမလုပ်နိုင်ဘူးတဲ့ ဆရာ"

တကယ်တော့ ဆရာရယ်…

ကျွန်တော်က အမြဲ ရှုံးနေကြပါ
သူများတွေ အမြင်မှာ ကျွန်တော်ရှုံးနိုမ့်နေတာကိုက သူတို့အတွက် ကျေနပ်စရာ ဖြစ်နေမှာပါ!

"အဲ့ဒါကိုက ကျွန်တော့ အတွက်တော့ အနိုင်ပဲ ဆရာ"

ပြောပြီး ဆရာရှေ့မှ ခေါင်းငုံက ထွက်သွားသော ချဉ်ဖတ်ခေါ် မောင်ကြည်လင်ရဲ့ နောက်ကျောကို ဆရာလုပ်သူမှာ ငေးကြည့်နေရင်း……

တွေးမိတာက…………

ဒီလို(၈)တန်းကျောင်းသားအရွယ် ကလေးတစ်ယောက်ရဲ့ စကားတွေကို သူ့နားနဲ့ ဆက်ဆက်ကြားခဲ့တာကိုပင် ဘယ်လိုနားလည်ရမှန်းမသိ ……… အံ့သြဆွံ့အစွာ ကျန်ခဲ့ပါတော့တယ်။ ဒီလိုစကားတွေကို ဆရာဖြစ်သူ ကျောင်းးသားတွေဆီမှ တစ်ခါမှ မကြားဖူးခဲ့ပါ။

ဒီလို ကလေးမျိုးးမှာ ဒီလောက်မြင်မားတဲ့ အတွေးအခေါ် ရှိနေတယ်ဆိုတာ ပိုလို့ပင် အံ့သြမိစရာ တစ်ခုပါ။

တစ်ခြားဆရာတွေကို ဒီစကားးတွေ ပြန်ပြောပြရင် ယုံကြပ့ါမလား…… အတွေးးများစွာဖြင့် ရပ်နေရင်း………………
_

_

_
မောင်ထက်မြတ် ကျောင်းပြန်တက်တဲ့နေ့ပေါ့။
အပြေးပြိုင်ပွဲမှာ ပထမ ရသွားတဲ့ ငပုလို့ နာမည်ပြောင်ခေါ်တဲ့ မောင်ကျော်စိန်လည်း လွယ်အိပ်တကားကားနဲ့
ကျောင်းတက်လာတဲ့ နေ့ပေါ့
အချိန်က အတန်းပိုင်ဆရာ ဒေါ်မြင့်သက် အတန်းချိန်-

"သားလေး မောင်ထက်မြတ် သက်သာလား"
"လမ်းကို ဖြေးဖြေးလျောက်နှော် အတက်/အဆင်း သတိထား သိလား"

အချစ်တော် မောင်ထက်မြတ်ကို ကရုဏာအပြည့်နဲ့ မှာ နိဒါန်းခြွေနေတာပါ။

ထိုစဉ်…

"ဆရာမ ဝင်ခွင့်ပြုပါ"

အသံကြောင့် ကျောင်းသူကျောင်းသားတွေ အခန်းပေါက်ဝကို လှမ်းကြည့်မိကြသည်။ အခန်းဝတွင် ရပ်၍ ဝင်ခွင့်တောင်းနေသူကတော့ ချဉ်ဖတ်………

"ဟိုအကောင်! ဟင်" ဒီနေ့ကော ကျောင်းနောက်ကြပြန်ပြီလားး။
မင်းနဲ့တော့ အတော်ခက်ထာပဲ တော်တော်လေး လွန်နေပြီ။ ဘာစည်းကမ်းမှ မသိ မလိုက်နာ

"နင့်လိုကောင်က ကျောင်းတက်နေဖို့မကောင်ဘူး"

"သွားးးသွားးး……ဝင်ထိုင်"

ကပိုကရို့နဲ့ ချဉ်ဖတ် နောက်ဆုံးတန်းကခုံကို အပြေးတစ်ပိုင်းနဲ့ ဝင်ထိုင်ဟလိုက်ပါတယ်။ ချွေးးတွေ ချွဲနေသော ချဉ်ဖတ်မှာ ဝတ်ထားသောပုဆိုးစကို ဆွဲပြီ မျက်နှာ သုပ်လိုက်ပါတယ်။

"မင်းးးဘာဖြစ်လို့ နောက်ကျနေတာလဲ"

"ဒီလိုပါပဲကွာ"

ထိုစဉ် အခန်းထဲကို ကျောင်းစောင့်ကြီး ကိုပေါက် ပြေးဝင်လာပြီး………

"ဆ ဆ ဆရာ………ဆရာမ"
ဆရာမ အိမ် မီးလန့်လို့တဲ့………………

"ဟင် ဟုက်လားးး!
တော်တော်ပါသွားလားရှင့်"

ထိုင်ရာမှ ထလာပြီး လွန်စွာ သောကရောက်သွားသော ပုံစံဖြစ်နေသော ဆရာမကို ကျောင်းသား ကျောင်းသူများ ဝိုင်းကြည့်နေကြပါတယ်။

"ဘာမှ မစိုးရိမ်ပါနဲ့တော့ ဆရာမ
မီးက ဘာမှ မလောင်သွားပါဘူးး။ ကျောင်းသားလေး တစ်ယောက်တွေ့ပြီး အတင်းဝင် မီးသက်သွားလို့ မီးငြိမ်းသွားပါတယ်………

"ဟူးးးးးးဘုရားးမလို့!

"ခုပဲ ဆရာမတူလေး လာပြောပြလို့ ဆရာမဆီ လာပြောပြတာပါ"

"ကဲ……ကဲ… အိမ်စာတွေ ပေးလိုက်ထာ လာထပ်လှည့်
မထပ်တဲ့သူ မပြီးတဲ့သူ မထပ်တဲ့သူ ကိုယ့် အစိတ်နဲ့ကိုယ် ရှေ့ထွက်လာခဲ့"

"ရှေ့မှာ လတ်လာမြှောက်ထားး"

ရှေ့ဆုံးမှ ထွက်လာသူက ချဉ်ဖတ်ပါ။
ဆရာမလဲ ချဉ်ဖတ်ကို မြင်တဲ့လအခါ အိမ်စာတွေ မလုပ်လာရသလားဆိုပြီး ကျောင်းနောက်ကျတဲ့ ကိစ္စကော ရောပြီး ဒေါသထွက်သွားပါတယ်။

"ဟဲ့…ကြည်လင် နင်အိမ်စာတွေ မလုပ်ခဲ့ပြန်ဘူးလားး"

"ဆ ဆရာမ ……
ဒီတစ်ခါတော့ လုပ်ခဲ့ပါတယ် ဒါပေမဲ့
စာအုပ်က ဘယ်မှာ ကျကျန်ခဲ့လည်း မသိဘူးးဆရာမ
မတွေ့လို့ လာ~အပြစ်ခံတာပါ"

"နင်ဟာလေ ………ငါ့တောင်လာလိမ့်နေတယ်ပေါ့
နင့်အကြောင်း ငါမသိဘူးများမှတ်နေလားးးဂြိလ်ကောင်ရဲ့………

"လာခဲ့!
"နင့်လိုကောင်ကို အရေခွံ ဆုပ်ပစ်မှ ရမယ်"

ခုံပေါ်မှ ကြိမ်လုံးကို လှမ်းယူပြီး ရိုက်ရန်ပြင်လိုက်ပါတယ်။

"ခဏ……ခဏ ဆရာမ ………ခဏ
ရိုက်ထာတော့ ရိုက်ပါ ဆရာမ ဒါပေမဲ့ ကျွန်တော် မလိမ်ပါဘူးး
အိမ်စာတကယ် လုပ်ခဲ့ပါတယ်…………

"စာအုပ်ကလဲ တက် ပျောက်သွားလို့ပါ
အဖေက ပြောဖူးတယ် …အပြစ်ဆိုတာ ရှိရင်တော့ ခံရမယ်တဲ့။ အပြစ်သက်သာအောင်တော့ ဘယ်တော့မှ မလိမ်ရဘူးတဲ့ ။ အဲ့လိုလုပ်ထာက ယောက်ျားကောင်းတို့ရဲ့ အလုပ် မဟုက်ဘူးတဲ့ ဆရာမ"

"ဒီကောင်ကတော့……
ခွေးပါစပ်က နတ်စကားထွက်နေတယ်"

"ကဲဟယ်………လိမ်ချင်အုံးးးး ကဲဟယ်……ညာချင်အုံးးးကဲကယ် …………ကဲဟယ်"

ကြိမ်ငါးချက်ကို ချဉ်ဖတ် အပြုံးးမပျက်ဘဲ ခံယူလိုက်ပါတယ်။အရိုက်ခံရတဲ့အတွက် လက်မြောက်စရာ မလိုတော့ပဲ ခုံမှာ ပြန်ဝင်ထိုင်လိုက်ပါတယ်။
ချဉ်ဖတ်ရဲ့ ထူးခြားချက်မှာ အပြုံးးမပျက်ခြင်းပါပဲ။

ညနေ ကျောင်းဆင်းပါပြီ။
ဆရာမ ဒေါ်မြင့်သက်လည်း မနက်က ကြားထားတဲ့ ကိစ္စကြောင့် အိမ်ကို အလောတကြီးပြန်လာခဲ့ပါတယ်။
အိမ်ကို ရောက် ရောက်ခြင်း ထိုင်နေတဲ့ မိခင်ကြီင်္းကို ဘယ်လိုက ဘယ်လို ဖြစ်တယ်ဆိုတာ မေးမိပါတော့တယ်။

ဆရာမတို့အိမ်ဟာ လမ်းဘေးမှာ ရှိနေတာပါ။
ခြံစည်းရိုးနဲ့လည်း အိမ်ဟာ သိပ်မလှမ်းပါဘူး။ဖြစ်ပုံကို မိခင်ကြီး ရှင်းပြသည်က……………

"သမီးရယ် ……အမေက ဘုရားမီး ပူဇော်ပြီ နောက်ဖေးမှာ ဟင်းအိုးသွားကြည့်တာ။
အဲဒါ ဘုရားမီးက ပြုပ်ကြပြီး အောက်က ဘုရားရှိခိုးရင် ထိုင်နေကြ ပိတ်စ အခင်းပေါ်ကျပြီး မီးထလောင်တာပဲ သမီးးရယ်…………"
"အဲဒါနဲ့ လမ်းက ဖျက်သွားတဲ့ ကျောင်းသားလေး တစ်ယောက်က တွေ့သွားလို့ အိမ်ပေါ် အတင်းတက်လာပြီး သူ့လွယ်အိပ်နဲ့ မီးကို ရိုက်သက်ထာပေါ့ မီးက မငြိမ်းတော့ အနီးက သောက်ရေအိုးကို မ;ပြီး ငြိမ်းလိုက်တယ်လေ"

"အမေလည်း ကြောက်ပြီး ကြောင်ကြည့် ကြည့်နေမိတယ် အဲ့ဒီကလေးက မီးလဲ ညိမ်းရော ကျောင်းနောက်ကျမှာဆိုးလို့ ခွင့်ပြုပါအုံးဆိုပြီးး ဆင်းပြေးသွားပါလေရော။

"သူသာ မလာခဲ့ရင် ခုဆို အမေတို့အိမ် ပြာပုံဖြစ်နေလောက်ပြီ အဲ့ဒါနဲ့ ဘုရားစင်နားက ဘီဒိုအောက်က သူ့စာအုပ်လေး လွင့်ကျ ကျန်ခဲ့လို့ အမေကောက်ယူထားတယ်"

"ဟင်"

"အမေဖြစ်သူက ရှေ့စာပွဲပေါ်မှ ခပ်နွမ်းနွမ်း စာအုပ်လေးကို ယူ၍ သမီးဆရာမကို လှမ်းပေးလိုက်တယ်!

"ရော့သမီး¡
ဆရာမလဲ လှမ်းယူပြီး စာအုပ်ဖုံးပေါ်မှ နာမည်ကို ကြည့်လိုက်သောအခါ ရင်ထဲမှာ ကျောင်းတုန်းက မောင်ချဉ်ဖတ် ပြောခဲ့ပုံများ
ချဉ်ဖတ်ကို ရိုက်ခဲ့ပုံများကို ပြန်မြင်ယောင်ပြီး ရင်ထဲမှာ မီးတွေ တောက်လောင်သွားသလားတောင် ထင်လိုက်မိပါတယ်…………

စာအုပ်ဖုံးပေါ် ရေးထားတာက
မောင်ကြည်လင်
ROOM-B
GRADE-9

ဆရာမလည်း စာအုပ်ကို အတင်း ဇောနဲ့ လှန်ကြည့်မိလိုက်ပါတယ်။ မျက်ဝန်းအိမ်မှ မျက်ရည်တွေ လိမ့်ဆင်းကျလာလေပါရောလားး။
နောက်ဆုံး စာမျက်နှာမှာ
သူမ အိမ်စာအဖြစ် ပေးလိုက်သော (Essay)အား သေသပ်စွာရေးထားသည်ကို တွေ့လိုက်ရပါတယ်။

ရုပ်ရှင်ပြကွက်လို မျက်လုံးအာရုံထဲမှာ အဖြစ်ပျက်တွေကပြန်လည်မြင်ယောင်လာပါတယ်။

သူအမှန်တွေ ပြောခဲ့တာကို ဒေါသစိတ်နဲ့မယုံခဲ့ဘူး။
ဒေါသကြောင့်အားပျင်းပျင်းနဲ့ ရိုက်ခဲ့မိတဲ့ ကြိမ်ငါးချက်ကို တွေးမိပြီး မျက်ရည်တွေဝဲပြီး ပိုကျလာမိတယ်…………

သူ့အခန်းထဲ ရောက်လာတဲ့ ကာလတစ်လျောက်လုံး မျက်နှာသာ တစ်ခါမှ မပေးမိဖူးသော ကျောင်းသားလေး။
စကားကြီးစကားကျယ်တွေ ပြောလွန်းလို့ အမြဲအမြင်ကပ်မိသော ကျောင်းသားလေး။ အမြဲ ပြုံးးနေတာကို ရိသလို လုပ်တယ် ထင်မိပြီးးမျက်မုန်းကျိုးးးခံရခဲ့သော ကျောင်းသားလေး။

တကယ်တော့ ………သူကတကယ့်လူတော်လေးပါ။
ပြီးခဲ့တဲ့ တစ်ပက်က အပြေးပြိုင်ပွဲမှာ သူပထမ အလွယ်လေးရယူနိုင်သော်လည်း ပန်းမဝင်ပဲ သူငယ်ချင်းကို ပြေးကူခဲ့တယ်။ ခုလဲ ကျောင်းမှာ ပြောပြရင် ရလျက်နဲ့ နေရာမယူဘူးး နာမည်ကောင်တောင် မယူခဲ့ဘူးး။ ကျောင်းအလုပ်တွေ ခိုင်းသမျှလဲတစ်ခါမှ မငြင်းခဲ့ရှာဘူး။

နောက်နေ့ တစ်ရက် နံနက်ခင်းး
ကျောင်းခေါင်းလောင်းသံ ကြောင့်
ကျောင်းသား ကျောင်းသူတွေ အတန်းထဲဝင်ပြ နေရာယူကြပါတယ်။ ဆရာမ ဒေါ်မြင့်သက် ဒီနေ့ကျောင်းကို ခပ်စောစော ရောက်လာပြီး အခန်းထဲကိုလည်း ခပ်စောစော လာခဲ့ပါတယ်။
စိတ်ကတော့ စောနေမိပါတယ်………
ကျောင်းသားတစ်ယောက်ကို အလွန်တွေ့ချင်နေမိပြီး ကျောင်းသားတွေကို ခဏ ခဏ လှမ်းကြည့်နေမိတယ်။

သူရှာနေတဲ့ ချဉ်ဖတ် ကျောင်းကို ရောက်မလာသေးပါ။ ကျောင်းတက်ခေါင်းလောင်း ထိုးပြီး၍ နိုင်ငံတော်သီချင်းဆို ဘုရားရှိခိုးပြီးသည်ထိ ချဉ်ဖတ်လေး ရောက်မလာသေးပါဘူး။
စာသင်ဖို့ပင် စနိုင်ပြီ ဖစ်သော်လည်း ဆရာမ တစ်ယေက် ကြည်လင်(ချဉ်ဖတ်)လေးကို မျှော်နေမိ၍ စာမသင်ဖြစ်သေးပါ။

ဖိနပ်သံ ကြားလိုက်ရပါတယ် ပြေးလာနေတဲ့ အသံတစ်ခု……………

"ဆရာမ ဝင်ခွင့်ပြုပါ"

"အခန်းဝမှ ဝင်ခွင့်တောင်းနေသော အသံကြောင့် လှမ်းကြည့်မိလိုက်သော အခါ…………

"ဟင်"

"ဆရာမ ထိုင်နေရာမှ အတင်းထပြေးသွားမိသည်။ကျောင်းသားတွေလဲ "ဟာ" ခနဲဖြစ်ပြီး မတ်တက်တွေ ထရပ်ကုန်ကြတယ်။
အခန်းဝတွင် ခေါင်းမှာ ပတ်တီး အဖွေးသားနဲ့ ပြုံးးနေသော မောင်ကြည်လင်။

ဒါမှ မဟုက် အများကခေါ်သော မောင်ချဉ်ဖတ် ကို တွေ့လိုက်ရ၍ဖြစ်သည်။

"သားရယ် ဘာဖြစ်လာတာ လဲ ဟင်
ခေါင်းမှာလဲ ပတ်တီးကြီးနဲ့ပါလားးး"'

ဆရာမ ကရုဏာ သက်နေတဲ့ မြင်ကွင်းကို မအံ့သြဘဲ ခပ်ပြုံးပြုံးးနေနေပါတယ်။

"ဘာမှ မဖြစ်ပါဘူးဆရာမ ခေါင်းနည်းနည်း ပေါက်သွားတာပါ"

မနက်က အစောကြီး အမေ့ကို ဈေးထကူပြီး ဆိုင်ဖွင့်ပေးနေတာ ဘယ်ကလာတဲ့ ခဲလဲ မသိဘူး ဆရာမရယ် အဲ့ဒါ လာမှန်ပြီး ပေါက်သွားလို့ပါ"

"သားရယ် ဖြစ်မှ ဖြစ်ရလေ။
မင်းလို စိတ်ကောင်းရှိတဲ့ လူကိုတောင် ခဲနဲ့ ချောင်းပစ်တဲ့သူ ရှိသလားးး"

"ဆရာမ"

"ဘာလဲ မောင်ထက်မြတ်"

ထက်မြတ်ခေါ်သံကြောင့် အားလုံ သူ့ဆီ အကြည့်တွေ ရောက်သွားပါတယ်။ ထက်မြတ်မှာ မျက်နှာငယ်လေးနဲ့ဖြစ်နေပါတယ်။

"ဆရာမ"

"ချဉ်ဖတ်ကို လေးခွနဲ့ ချောင်းပစ်ထာ သားပါ"

"ဟင်"

အားလုံးမှင်တက် အံ့သြသွားကြပါတယ်
ထိုစဉ်………ချဉ်ဖတ်က-

"သူငယ်ချင်း ထားလိုက်ပါကွာ"
မင်းမပြောပြလဲ ငါသိပြီးသားပါ ထားလိုက်စမ်းပါ
မေ့သာ မေ့ထားလိုက်စမ်းပါ။ ငါ ဘယ်သူ့မှ အပြစ်မတင်ပါဘူးကွာ ငါ့မှာခံသင့်တဲ့ အကြောင်းကံ ရှိ လို့ ငါခံရတာပါကွာ။ မင်းနဲ့ ဘာမှ မဆိုင်ပါဘူးး ထိသွားတာလဲ နည်းနည်းလေးပါ ဘာမှ မဖြစ်ပါဘူးး။
"မင်းဘာမှ ဆက်မပြောပါနဲ့ တော့ ထိုင်ပါတော့"

အားလုံးပိုလို့ပင် အံ့သြသွားကုန်ပါတယ်
ခပ်ပြုံးးပြုံးးးလေးနဲ့ နောက်ဆုံးတန်းကို ဝင်ထိုင်လာသော လူထူးဆန်းလေး ချဉ်ဖတ်ကို ဝိုင်းကြည့်နေမိကြပါတယ်။

ကိုယ့်ကို ခေါင်းပေါက်အောင် လေးခွနဲ့ ချောင်းပစ်ခံရတာတောင် ခပ်အေးအေးပုံစံဖြင့် အပြစ်လုပ်သူကိုတောင် အပြစ် မမြင်ပါလားး။

"ထက်မြတ်"

ဆရာမရဲ့ ဒေါသသံ စွက်ဖတ်နေသော အသံကြောင့် ထက်မြတ် လန့်သွား ကာ ထိုင်ရာမှ ထလိုက်ပါတယ်။

"မင်း ဘာလို့ မောင်ကြည်လင်ကို လေးခွနဲ့ ချောင်းပစ်ရတာလဲ မင်းကွာ မတော်လို့ မျက်လုံးမှန်သွားရင် ဘယ့်နှယ့် လုပ်မလဲ ဟိုက ရဲသွားတိုင်ရင်လည်း နင်ပဲ အဖမ်းခံရမှာ"

"ဟုတ် သားမှားသွားပါတယ် ဆရာမ
ပြေးပွဲနေ့က သူဝင်တိုက်လိုက် လို့ သား လဲကျသွားတယ် ထင်ပြီး လေးခွနဲ့ ချောင်းပစ်မိတာပါ ဆရာမ"

"မင်းကတော့လေ သူသာအကျင့်မကောင်းရင် နင်လဲသွားတာ မထူပဲ ပန်းတိုင်ဝင်ပြီး ပထမ ရယူမှာပေါ့
ခုတော့ သူ့ကြောင့် နင် ဆေးခန်းကို မြန်မြန်ရောက်ထာလေ"

"ဆရာမ သားကို စကားနည်းနည်း ပြောခွင့်ပေးပါလား "
နောက်မှ ချဉ်ဖတ် လှမ်း၍ပြောလိုက်ခြင်းဖြစ်သည်

"သူ့ကို အပြစ်မတင်ပါနဲ့တော့ ဆရာမ
တကယ်တော့ သား အပြစ်တွေပါ
ကိုယ့်ကို အမြင်မကြည်ဖြစ်နေတဲ့သူကို
အမြင်ကြည်အောင် ပြောတာနဲ့မရနိုင်ဘူးတဲ့
အချိန်မခါနဲ့ အလုပ်ကပဲ ဖြေရှင်းပေးနိုင်တယ် တဲ့"
ဒါကြောင့် ဘာမှ ရှင်းမပြမိတဲ့ သားအပြစ်တွေပါ~~~

"ပြီးတော့ ကိစ္စတစ်ခုကို ပြီးသွားတဲ့အခါ ပြီးတဲ့ အပေါ်မှာ မျက်နှာသာ ဝင်မယူရဘူးးတဲ့"!

"ကိုယ်ကောင်းကြောင်း ကိုယ်တိုင်ဝင်ပြောပြီး မျက်နှာသာရအောင် ဘယ်တော့မှ မလုပ်မိစေနဲ့တဲ့။
ဒါကြောင့် ကိစ္စအားလုံးကို ထားလိုက်ပါဆရာမ

"သားအားလုံးကို ခွင့်လွတ်နိုင်သလို
အားလုံးကိုလည်း နားလည်ပေးနိုင်ပါတယ် ဆရာမ"

                (The End)

စာဖတ်ချင်သူများအတွက် ပြန်လည် မျှဝေ ရေးသားပါသည်။
Htet Wai Yan
(ဖြစ်ရပ်မှန် ဇာတ်လမ်း)
(စိတ္တံ ဒါနံ သုခါ ဝဟ)
Credit Copy

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.084
BTC 62609.27
ETH 1670.67
USDT 1.00
SBD 0.42