အမှားနည်းအောင်(@chitnaingoo)

in #esteem7 years ago

လူတိုင်းလူတိုင်းမယ် အလုပ်လုပ်နေတာဘဲ ဖြစ်ဖြစ် စကားများများပြောနေရတာဘဲဖြစ်ဖြစ် ခေါင်းဆောင်လုပ်လုပ် နောက်လိုက်လုပ်လုပ် အမှားဆိုတာ ရှိကြစမြဲပေ။ မမှားသော ရှေ့နေ မသေသောဆေးသမားဟု စကားပုံတောင် လူတိုင်းပြောစမှတ်ရှိပေလို့ တတ်နိုင်သမျှ တော့ အမှားနည်းအောင် ကြိုးစားနေကြပေတော့သည်။
ငါသိတယ် ငါကျွမ်းပါတယ် ဆရာမလိုပါဘူးလို့ မိမိစိတ်ထဲမယ် ကိန်းအောင်းလာပြီဆိုပါလျင်တော့ အဲစိတ်ကို သိသိချင်းပြင်ဖို့ ကြိးစားလုပ်ဆောင်စေချင်ပါတယ်။
နောင်တဆိုတာ နောင်မှသိတာမလို့ ပြုပြင်လို့ ရသော အချိန်မယ်သာ စတင်မှရပေသည်မို့ သတိလေးဖြင့် ဆင်ချင်ရမည့် အရာတစ်ခုဆိုလည်း မမှားနိုင်တော့ပေ။

image

အရာရာတိုင်းဟာ အတန်းပညာနှင့် တိုင်းတာလို့မရနိုင်ပေ။ ပတ်ဝန်းကျင်ကပေးသော သင်ခန်းစာအသိများကို သတိလေးနှင့် လိုတာယူသုံး မလိုတာ ချန်ထားနိုင်မယ်ဆိုလည်း မျှတမယ်လို့ ထင်မိလေတာပါဘဲ။
လောကကြီးက ယူစရာတွေ မကုန်နိုင်ပေ။ ကိုယ်နိုင်သလောက်ဘဲ ဥာဏ်ကူသုံးပြီး ယူတတ်ဖို့ဘဲ လိုတာပါဘဲလေ။
တော်တဲ့ တတ်တဲ့ သူတွေ ပါရမီရှင်တွေလည်း အများကြီးရှိနေပေသည်။ ကိုယ်တတ်တာကို မသိသူတွေကို မျှဝေပေးခြင်းကလည်း အားလုံးကို အမှားနည်းအောင် ပြုပြင်ပေးလို့ ကုသိုလ်တွေမလိုချင်လည်းရပေမည်မဟုတ်လား။
သိသူကဖော်စား မသိသူတွေက ကျော်လွှားသွားကြရင်း မွေးလိုက်သေလိုက်နဲ့ သံသရာလည်နေတဲ့ လူ့ဘဝကြီးက စဉ်းစားလေ ကျယ်ပြန့်လေလေ ဖြစ်လေသည်။ မသိနိုင်သော အရာကို သိလိုချင်ကြတာဟာ လူသားတွေပါဘဲ။
မမြင်နိုင်သော သတ္တဝါ တွေ မြင်နိုင်သော သတ္တဝါတွေ စုပေါင်းသံသရာလည်နေသော စကြာဝဠာကြီးတစ်ခုမယ် အတွေးပေါင်းစုံ စမ်းသပ်မှုမျိုးစုံ ဘာသာအယူ မျိုးစုံနဲ့ အမှားတွေဖယ်ရှားနိုင်ဖို့ လောကကို အံတုနေသူတွေကြည့်ပါဘဲလေ။
ဘာဘဲဖြစ်ဖြစ် မိမိမွေးဖွားရာ ဒေသ လူမျိုး အယူ ယုံကြည်မှုတစ်ခုလေးကိုသာ အမှန်ထင်နေမယ်ဆိုပါလျင်လည်း ကျန်တာတွေက အမှားများဟု ယူဆသူတွေလည်း များလှပေတော့သည်။
အမှားအမှန်ကို ခွဲခြားဖို့ထက် အမှားနည်းအောင် နေထိုင်တတ်မည်ဆိုပါလျင် လူတော်တစ်ယောက် ဖြစ်လိမ့်မည်။
ကိုယ်မမွေးခင်ကတည်းက တည်ရှိနေတာတွေကို ကိုမသိနိုင်သလို သိတာတွေလည်း အမှန်လို့ တသက်မှတ်တည်းလည်း မဆုံးဖြတ်သင့်ပေ။
အမှားဟာ တကယ်တော့ နောက်မှသိကြတာတွေ ဖြစ်လေသည်ဟု ယူဆမယ်ဆိုပါလျင်လည်း မှန်ပါ့မလားလို့ တွေးကြည့်ဘူးပါသလား။
တကယ်တော့ အရှိတရားဟာ ဘယ်တော့မှ မပြောင်းနိုင်သလို ခန့်မှန်းယူဆကြတာလေးတွေက ကွဲပြားနေပေသည်။
ဥပမာ. . .

ဝါးလုံးတစ်လုံးကို အလယ်ကထားကြည့်ပါ။ ဘယ်ကလူက ကြည့်လည်း ဝါးခြမ်း ဘဲမြင်ရသလို ညာကလူကကြည့်လည်း ဝါးခြမ်းဘဲ မြင်ရပေမည်။ အမှန်တရားက ဝါးလုံးဖြစ်နေသည်။
ကဲ
အားလုံးကို ခြုံငုံကြည့်ဖြစ်အောင် ကြည့်နိုင်ပါလျင် အမှားနည်းပေမည် မဟုတ်ပါလော။

Sort:  

ကိုယ်တိုင်ရေးသော post ဖြစ်လေသည်။ အခုလို ချိတက် လာထိနေတာက အမှားဖြစ်လေတော့သည်။
အဲဒီတော့ အားလုံးက အမှန်နှင့် အမှားကို မခွဲခြားတတ်တော့ပေ။
လူ့လောကဟာ
အမှားတွေကို အမှန်ထင်
အမှန်တွေကို အမှားအဖြစ် သတ်မှတ်နေသမျှ
အခု steemit ပျက်စီးဖို့
အချိန်သိပ်မကျန်တော့ပေ

steemit no
steemit no
image
[email protected]
09402737417

Coin Marketplace

STEEM 0.09
TRX 0.32
JST 0.033
BTC 111300.49
ETH 4011.40
USDT 1.00
SBD 0.61