ကျန်းမာရေးဂရုစိုက်ကြပါ

in #myanmar6 years ago


မင်္ဂလာပါ။ ခုလို နေပူလိုက်မိုးရွာလိုက်ရာသီဥတုကြီးမှာ နေရထိုင်ရတာလည်း ပူလောင်အိုက်စပ်ပါတယ်။ ကျွန်တော့်အဆောင်မှာတော့ ပူတယ်ဗျ။ ရုံးပိတ်ရက်ဆို အဆောင်က ကိုယ့်အခန်းထဲမှာမနေနိုင်ပါဘူးဗျာ။ အပြင်ထွက်ပီး လမ်းလျှောက်နေတာကပိုပီးတော့ အေးအေးလူလူနေလို့ရတယ်ဗျ။ အခုလို ပူအိုက်တဲ့ရာသီဥတုမှာ နေပူထဲသွားရင် အကာအကွယ် အနေနဲ့ ဦးထုပ်ဆောင်းသွားသင့်ပါတယ်ဗျ။ အဝတ်အစားအနေနဲ့ အပေါ်ထပ် ပါးပါးလေးတွေထပ်သွားသင့်ပါတယ်။ နေပူဒဏ်ကို အပြည့်အဝမဟုတ်တောင် အတော်အသင့်ကာကွယ်ပီးသားဖြစ်ပါလိမ့်မယ်။ နောက်တစ်ခုက ရေများများသောက်ပေးပါ။ ကိုယ်ခန္ဒာက အပူတွေ အေးငြိမ်းစေဖို့အတွက်ပါ။ နေပူပူထဲကို မဖြစ်မနေသွားရမယ်ဆိုရင်လည်း မိမိလုပ်ဆောင်စရာရှိတာကို မြန်မြန်မှန်မှန်လုပ်ဆောင်ပီးတော့မိမိရဲ့အိမ်ကို မြန်မြန် ပြန်လာသင့်ပါတယ်။ အဲ့လိုပြန်လာပီးရင်တော့ ရေကိုချက်ချင်းမသောက်လိုက်ပါနဲ့။ ခဏနားလိုက်ပါ။ နောက်ပီး ရေခဲရေကိုမသောက်ပါနဲ့။ အိမ်ကိုပြန်ရောက်ပီး အရိပ်ထဲမှာ အနားယူနေတဲ့အချိန် ၁၅ မိနစ်လောက်ကြာမှ ရေသောက်ပါ။ အပူမရှပ်အောင်လို့ပါ။ နေပူထဲကပြန်လာလာချင်း ရေချက်ချင်းသောက်ရင်တော့ အခန့်မသင့်ရင် အပူရှပ်တာတို့ ဦးနှောက်သွေးကြောပြတ်တာတို့ဖြစ်တတ်ပါတယ်ဗျ။

ညနေခင်းတွေဆိုရင် လမ်းလျှောက်ပေးပါ။ ကိုယ်လက်လှုပ်ရှားမှုကနေမှ ခန္ဒာကိုယ်ထဲက အပူတွေကို အပြင်ကိုထုတ်လွတ်ပါ။ လမ်းလျှောက်တာတို့ အားကစားလုပ်တာတို့ကို ညနေ နေအေးတဲ့အချိန်လုပ်ဆောင်ပါ။ ပီးရင်တော့ ရေမိုးချိုးပီး အနားယူ ညစာစားပါ။ မနက်ခင်းပိုင်းမှာလည်း ကိုယ်လက် လှုပ်ရှားမှုလုပ်ဆောင်ပီးမှသာ ရေချိုးသင့်ပါတယ်။ အပူတွေများများထွက်သွားပီးတော့မှ နေရထိုင်ရတာ ပေါ့ပါးသွားမှာပါ။

ကျွန်တော်ဘာလို့ ဒီအကြောင်းတွေရေးနေရတာလည်းဆိုရင်တော့ အားလုံးကို ကျန်းမာစေချင်လို့ပါ။ ဘာမှမဖြစ်စေချင်လို့ပါ။ ရာသီဥတုကတော့ ကျွန်တော်တို့တွေ ထိန်းချုပ်လို့ရတဲ့ အရာမဟုတ်တာကြောင့် မိမိကိုယ်တိုင်ပဲ ဂရုစိုက်နေထိုင်ရမှာပါ။ “အသက်ဥာဏ်စောင့် ဥစ္စာ ကံစောင့်” ဆိုသလိုပါပဲ။ မိမိကျန်းမာရေးကို မိမိလေ့လာသင်ယူထားသမျှနဲ့ သတိထားနေထိုင်ရမှာပါဗျ။ မသိနားမလည်သေးဘူးဆိုရင်တောင် သိတတ် နားလည်သူများရဲ့ အကြံပေးမှုကို မှတ်သား လိုက်နာသင့်ပါတယ်ဗျ။ “ငါ့ဘာသာ နေချင်သလိုနေနေတာ ဘာမှမဖြစ်ဘူး အပိုတွေ” လို့ ဆိုစေအုံးတော့ ယခုအချိန်မဖြစ်ရင်တောင် အကြိမ်ရေများလာတဲ့အခါ ပိုထိခိုက်လာမှာပါဗျ။ သစ်ပင်ကြီးကိုတောင် တစ်ချက်ချင်း ခုတ်ပီး ဖြိုလှဲလို့ရပါတယ်။ လူတစ်ဦးရဲ့ ကျန်းမာရေးလည်း ထိခိုက်ပါများလာရင် နာမကျန်းဖြစ်ပီး ပျက်စီးနိုင်ပါတယ်ဗျ။

လူတစ်ဦးကျန်းမာရေးအတွက် အဟာရဖြစ်တဲ့အစားအစာတွေစားသောက်ရသလို ထိုက်သင့်တဲ့ အနားယူမှုကိုလည်း ပြုလုပ်ရမှာဖြစ်ပါတယ်။ ဘယ်လိုရာသီဥတုမျိုးပဲဖြစ်ဖြစ် ဂရုစိုက်နေထိုင်ရမှာပါဗျ။

တစ်ခြားလူတွေတော့မသိဘူး ကျွန်တော်ကတော့ မနေ့က နေတော်တော်ပူလို့ လူလည်း တော်တော်ချွေးထွက်သွားတယ်ဗျာ။ အိပ်နေတာတောင်မှ ချွေးတွေ တောက်လျှောက်ကျနေတာအိန်းကျီလည်း ရွှဲနေတာပါပဲ။ အိပ်ယာကနိုးလာတော့ ချွေးတွေသုတ်ပီးတော့ ရေချိုးလိုက်တော့လည်း လန်းသွားတာပဲဗျ။အဲ့ဒီအချိန်မှာ ဘာစဉ်းစားမိလည်းဆိုရင် ကိုရီးယားတွေရဲ့ ချွေးထုတ်ခန်းကိုသွားသတိရတယ်ဗျ။ သတို့တွေဘာလို့ ချွေးထုတ်ခန်းသွားကြသလည်းဆိုတာကို အနည်းအကျဉ်းတော့ နားလည်သဘောပေါက်သလိုရှိသွားတယ်ဗျ။ ဘာလို့လည်းဆိုတော့ ချွေးထွက်သွားတာက လူကို လန်းဆန်းသွားစေတယ်လို့ထင်ပါတယ်။ ချွေးနဲ့အတူ ခွန်အားတွေလည်း ကုန်ခမ်းသွားတဲ့အခါမှာတော့ အဟာရဖြစ်ဖို့ ကြက်ဥပြုတ်ကိုစားသုံးကြပါတယ်။ ကိုယ်တွေလည်း ရေချိုးပီးပီးချင်း ဗိုက်ဆာတယ်ဗျ။ တော်တော်ဆာတာ။ အဲ့ဒါနဲ့ပဲ ထမင်းဆိုင်ပြေးပီး ထမင်းအဝစားလိုက်တယ်။ လိုက်ပွဲ တစ်ပွဲတောင်မှာစားရတယ်။ ခါတိုင်းက တစ်ပွဲတောင် မနည်းကုန်အောင်စားရတာရယ်။ ခုတော့ အများကြီးစားဖြစ်သွားတယ်ဗျ။ အားလုံးလည်း အချိန်ရရင် ချွေးထုတ်ကြပါလို့။


Writer Caesarsupaimin
MSC-025

Sort:  

ချွေး ထွက်များမှ သေး ထွက် နည်းပါမယ်
ကြိုးစားအိပ်ပါ ခေးရေ

တိန်။ ဆောင်ပုဒ်မှားဒယ်။ ချွေးထွက်များမှ သွေးထွက်နည်းတာပါ ငိငိ

ဟုတ်ကဲ့ ဂရုစိုက်ပါ့မယ်ဗျ

ဟုတ်ကဲ့ပါဗျ။ ဂရုစိုက်ပါ။

ချွေးထွက်များအောင် ဘာလုပ်နေတာလဲ ချီတာ သိတယ်နော်

ငင့် ဘယ်​ လို ဘယ်​ လို

cheetah လာတော့ ထီလေးဘာလေးထိုးအူးဗျ

ဟုပ​နော့်

နေသိပ်ကောင်းဘူး ချွေးထုတ်ဦးမှပါဗျ။

ထုတ်​ ပ လိုက်​ ဒ ဂယ်​​ကောင်း တယ်

Congratulations! This post has been upvoted from the communal account, @minnowsupport, by caesarsupaimin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

This post has received a 0.78 % upvote from @drotto thanks to: @caesarsupaimin.

မိုးရာသီ​ရောက်​ရင်​ပိုဂရုစိုက်​ရပါတယ်​ရှင်​။

ထမင်းများများစားပါဘဒို
အစားအသောက်ကလူနဲ့တည့်ပါတယ်။ :p

Yrah. I also do to 😁

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 69624.90
ETH 3615.21
USDT 1.00
SBD 3.73