လူ့ခွစာ

in #esteem8 years ago (edited)

ပန်းတစ်​ပွင့်​ကို​တောင်​ အတင်းပွင့်​ခိုင်း​စေလို့မရတာ...လူတစ်​​ယောက်​ရဲ့ စိတ်​ခံစားချက်​ ဝါသနာ အယူအဆ​တွေကို အတင်း​မောင်းနှင်​ ​စေခိုင်းတာမျိုးက​တော့ အ​တော်​ ဆိုးတာပဲ...။

လွတ်​လပ်​တဲ့ အ​တွေးအ​ခေါ်အယူအဆ​တွေကို ​ဘောင်​ခတ်​ထားတဲ့ ပုံစံခွက်​ထဲ ထည့်​ချင်​တာဟာ ဆိုးရွားတဲ့ ချုပ်​ကိုင်​လိုမှု တစ်​ခုပဲ..။

သူ့အယူအဆကို နားမလည်​ရင်​ ကိုယ့်​အယူအဆနဲ့ကိုယ်​ နားလည်​ဖို့ ကြိုးစားသင့်​တယ်​။
လူတိုင်းက ကိုယ်​မှန်​တယ်​ထင်​တာကို ဆုပ်​ကိုင်​​နေကြ​လေ့ရှိတယ်​ဆိုတာ နားလည်​ဖို့​ပေါ့..။

သူ့စိတ်​အတိုင်း သူလုပ်​မယ်​။ သူလုပ်​တဲ့အတိုင်း သူဖြစ်​မယ်​။ သူဖြစ်​တဲ့အတိုင်း သူခံစားမယ်​။ ကိုယ်​လုပ်​တာကိုယ်​ဖြစ်​မယ်​။ ကိုယ်​ဖြစ်​တာ ကိုယ်​ခံစားရမယ်​..။
ရှင်းရှင်း​လေးပါပဲ..။

ကိုယ်​က အချိုကိုကြိုက်​​နေတိုင်း အချဉ်​ကြိုက်​​နေသူကို မင်းအချဉ်​မကြိုက်​နဲ့ဆိုတဲ့ လူမျိုးကို ဘယ်​သူမှ သ​ဘောကျ​နေမှာ မဟုတ်​ဘူး( ​စေတနာလို့ သတ်​မှတ်​ဖို့ခက်​တဲ့ အမိန့်​​ပေးတာမျိုး​ပေးတာမျိုး)။

ကော်​ဖီခါးခါးကြိုက်​သူကို နို့များများထည့်​လိုက်​ပါလားလို့ သွား​ပြောရင်​ ဘာလဲဟဆိုတဲ့ တုန့်​ပြန်​မှုမျိုးကိုပဲ ရပါလိမ့်​မယ်​။
ကိုယ့်​သက်​ဆိုင်​ရာ အရပ်​က​နေ ကိုယ့်​ဖက်​က အကြံ​ပေးတာမျိုးက လက်​ခံနိုင်​စရာရှိပါ​သေးတယ်​။ဇွတ်​အတင်း သွားပြီးလွှမ်းမိုးတာမျိုးက​တော့ အ​တော်​​ကြောင်​တဲ့ လုပ်​ရပ်​ပဲ ဖြစ်​​နေမှာပါပဲ..။

လူအ​တော်​များများက ကိုယ်​ပိုင်​ လွတ်​လပ်​ခွင့်​ကို ကြိုက်​ကြ​လေ့ရှိတယ်​။ဒါ​ကြောင့်​လည်း အစဉ်​အဆက်​က စည်း​တွေ ​ဘောင်​​တွေကို ဆန့်​ကျင်​ဖို့ ကြိုးစားကြတာ​ပေါ့..။
ထားပါ...

အဲ့ဒီလို လူထဲမှာ ကိုယ်​လည်း ပါတယ်​။
ကိုယ့်​အယူအဆနဲ့ကိုယ်​ ​နေတယ်​..။ ကိုယ့်​အယူအဆဟာ တခြားသူအ​ပေါ် ထိခိုက်​မှုမရှိ​စေ​အောင်​လည်း ​နေတယ်​။အခြားသူ​တွေအ​ပေါ် ထိခိုက်​မှုအနည်းဆုံးဆိုရင်​ မှား​နေရင်​​တောင်​ လက်​ခံနိုင်​လို့ရ​လောက်​မယ့်​ အယူအဆလို့ပဲ ထင်​ပါတယ်​။
ဒါကိုမှ မဟုတ်​​သေးပါဘူး..ငါနဲ့ အယူအဆ မတူ​သေးဘူး။ အဲ့ဒီ​တော့ မှားတယ်​လို့ သတ်​မှတ်​ချက်​မျိုးနဲ့ ငါ့အယူအဆအတိုင်း လက်​ခံပါ..ငါ့အယူအဆလို လိုက်​ယူဆပါ ဆိုရင်​...
အ​တော်​ ချဉ်​​စော်​နံမိမှာပါ...

ကိုယ်​က လွှမ်းမိုးချုပ်​ကိုင်​မှုကို မကြိုက်​တတ်​တဲ့ ဂွစာတစ်​​ကောင်​မို့လို့ လို့ပဲ ဆိုပါမယ်​..။

ရှင်းရှင်း​ပြောမယ်​..
ကိုယ့်​အယူအဆ ကိုယ့်​ခံယူချက်​​တွေမှာ သကာအုပ်​ဖို့ မကြိုးစားနဲ့..
ကိုယ်​က အချိုမကြိုက်​ဘူး.....
ဘာအရသာမှ မရှိရင်​ ​နေပါ​စေ...ပလိန်းပဲ ကြိုက်​တယ်​...
ကိုယ့်​အကြိုက်​ကို ကိုယ့်​ဘာသာကြိုက်​​နေဖို့ပဲ ကြိုးစား​နေတယ်​...
ကိုယ်​ဖြစ်​ကိုယ်​ခံထဲမှာ ကိုယ့်​ဘာသာ​နေတယ်​....

ဒါပါပဲ....

I'm ATM.
MSU 021

Photo socure link.https://steemit.com/esteem/@ayethatmon/lu-khysa-e3d8380272f6d
image

Coin Marketplace

STEEM 0.04
TRX 0.31
JST 0.087
BTC 58543.63
ETH 1568.89
USDT 1.00
SBD 0.38