အောင်​မြင်​မှုနဲ့​ကျော်​ကြားမှု

in #esteem6 years ago

အောင်​မြင်​​ ကျော်​ကြားမှု
ဖြုန်းခနဲဆို ​အောင်​မြင်​မှုနဲ့ ​ကျော်​ကြားမှုက တူတယ်​လို့ ထင်​စရာရှိ​ပေမယ့် တကယ်​တမ်း ​လေး​လေးနက်​နက်​ပြန်​​တွေးကြည့်​ရင်​ မတူညီတာကို ​တွေ့ရမှာပါ။
လူအ​တော်​များများက ​ကျော်​ကြားမှုကို ပိုမက်​​မော​နေတတ်​ကြပြီး ​ကျော်​ကြားမှုကိုပဲ ​အောင်​မြင်​မှုလို့လည်း ထင်​မှတ်​​နေတတ်​ကြပါတယ်​။

ဒါဆို ​အောင်​မြင်​မှုကိုအရင်​ဆုံး စဉ်းစားကြည့်​ကြရ​အောင်​..
ကျွန်​မတို့ကိုယ်​တိုင်​ရဲ့ ​နေ့စဉ်​လုပ်​​နေကြတဲအလုပ်​​တွေထဲမှာက အစ ​အောင်​မြင်​မှု​တွေပါဝင်​​နေ​လေ့ရှိပါတယ်​။ဆိုပါစို့ ကျွန်​မစာအုပ်​တစ်​အုပ်​ကို ဖတ်​တယ်​။ဖတ်​​နေရင်းနဲ့ ​နေ့စဉ်​နိစ္စဓူဝလုပ်​ရမယ့်​ အလုပ်​​တွေ​ပေါ်လာတယ်​။ အချိန်​မရှိ​တော့ဘူး။ စာအုပ်​ကလည်း ထူ​နေ​သေးတယ်​။ ဒီ​နေ့ဒီစာအုပ်​ကို ပြီး​အောင်​ဖတ်​မယ်​လို့လည်း သန္တိတ်​ဌာန်​ချထားတယ်​။ ကိုယ်​ကမပြီးနိုင်​​တော့ဘူးလို့ ထင်​မှတ်​ထားမိတဲ့ စာအုပ်​ကို အဲ့ဒီ​နေ့မှာတကယ်​ပဲပြီး​အောင်​ဖတ်​နိုင်​လိုက်​တယ်​။
အဲ့ဒီအခါ ကျွန်​မတို့ဟာ စိတ်​လက်​​ပေါ့ပါး​ကျေနပ်​သွားတဲ့ခံစားမှုမျိုးကို ခံစားကြရ​လေ့ရှိပါတယ်​။ ဒါဟာ ​အောင်​မြင်​မှုတစ်​ခုပါပဲ။ကိုယ့်​လုပ်​ရပ်​အ​ပေါ်ကိုယ်​​ကျေနပ်​ခွင့်​ရခြင်းက ​အောင်​မြင်​မှုတစ်​ခုပါပဲ။ကိုယ်​လုပ်​လိုက်​တဲ့ အလုပ်​တစ်​ခုရဲ့ ကိုယ်​မှန်းထားတဲ့ အဆင့်​တစ်​ခု အတိုင်းအတာတစ်​ခုအထိ ပြီး​မြောက်​သွားခြင်းက ကိုယ့်​ရဲ့​အောင်​မြင်​မှုပါ။
ကျော်​ကြားမှု​တွေက​တော့ အဲ့ဒီ​အောင်​မြင်​မှု​နောက်​မှာ ကပ်​ပါလာတဲ့အရာတစ်​ခုပါပဲ။ကိုယ့်​​အောင်​မြင်​မှုကို လူအများက အသိအမှတ်​ပြုလက်​ခံလိုက်​ခြင်းက ​ကျော်​ကြားမှုပါ။
အောင်​မြင်​မှုနဲ့​ကျော်​ကြားမှုက ​တူတယ်​ထင်​ရ​ပေမယ့်​ တကယ့် ခံစားမှုက မတူလှပါဘူး။အောင်​မြင်​မှုက ကိုယ့်​ကို စိတ်​​ကျေနပ်​မှု ကိုယ့်​ကိုယ်​ကိုယ်​ ယုံကြည်​မှု​တွေ ဖြစ်​​စေပြီး ​ကျော်​ကြားမှုက​တော့ သာယာ​ပျော်​ရွှင်​မှုနဲ့ ​ဝမ်းသာ​ကျေနပ်​မှု​တွေကို ​ပေး​လေ့ရှိပါတယ်​။
အောင်​မြင်​မှုက ကိုယ့်​ကိုယ်​ကိုယ်​တိုးတက်​​စေပြီး​တော့ ​ကျော်​ကြားမှုက​တော့ တစ်​ခါတစ်​​ခေ လူ့စိတ်​ကို လှည့်​စားပြီး ​အောက်​​ခြေလွှတ်​သွား​စေတတ်​ပါတယ်​။

ဆယ်​တန်း​ကျောင်းသားတစ်​​ယောက်​ ဆယ်​တန်း​အောင်​မြင်​ခြင်းက ​ကျောင်းသားတစ်​​ယောက်​ရဲ့ ​အောင်​မြင်​မှုဖြစ်​ပြီး တစ်​နိုင်​ငံလုံးမှာ အဆင့်​ဘယ်​​လောက်​ တစ်​​ကျောင်းလုံးမှာအဆင့်​ဘယ်​​လောက်​ဆိုတာ​တွေက ​အောင်​မြင်​မှုကို လူ​တွေက အသိအမှတ်​ပြု​ပေးလိုက်​တဲ့ ​ကျော်​ကြားမှုပါ။

အောင်​မြင်​မှုက သိုသိပ်​​နေတတ်​ပြီး ​ကျော်​ကြားမှုက​တော့ လူ​တွေ ပိုပြီး မက်​​မောခံကြရပါတယ်​။ကျွန်​မတို့​တွေဟာ ကိုယ့်​​အောင်​မြင်​မှုကို သတိထားဖို့ထက်​ လူအများကြားမှာ ထင်​​ပေါ်​ကျော်​ကြားမှုကို ပိုပြီး မက်​​မောကြ​လေ့ရှိတယ်​။ဒါဟာ မိမိအ​ပေါ် လူအများရဲ့ အသိအမှတ်​ပြုခံချင်​စိတ်​​တွေ​ကြောင့်​ ဖြစ်​လာရခြင်းပဲ ဖြစ်​ပါတယ်​။

အလုပ်​တိုင်းမှာ ​အောင်​မြင်​မှုရှိ​ပေမယ့်​ အလုပ်​တိုင်းမှာ ​ကျော်​ကြားမှု​တော့ မရှိနိုင်​ပါဘူး။ကျော်​ကြားမှုတိုင်းကလည်းမက်​​မောဖို့ ​ကောင်း​နေတာချည်းမဟုတ်​ပါဘူး..။
ကျွန်​မတို့ ကိုယ်​တိုင်​​ ဒီလို စာတစ်​ပုဒ်​​ရေးပြီးတဲ့အခါ စိတ်​ထဲ​ တာဝန်​တစ်​ခု ​လျော့သွားသလို ​ကျေနပ်​သွားခြင်းဆိုတဲ့ ​အောင်​မြင်​မှု​နောက်​မှာ ငါ​ရေးတဲ့စာကို ဘယ်​သူ​တွေ ​ဝေဖန်​​ပေးလဲ ဘယ်​သူ​တွေ မှတ်​ချက်​​ပေးသလဲဆိုတဲ့ အသိအမှတ်​ပြုခံချင်​စိတ်​ဆိုတဲ့ ​ကျော်​ကြားမှုကို လိုချင်​စိတ်​​​တွေက ​အောင်​မြင်​မှု​နောက်​က ​ကျော်​ကြားမှုကို ​မျှော်​လင့်​ခြင်းတစ်​ခုပါပဲ..။
ဒါဟာ အ​သေးစား ​အောင်​မြင်​မှုရဲ့ အ​သေးစား​ကျော်​ကြားမှုကို ​မျှော်​လင့်​ခြင်းပါပဲ။
ကမ္ဘာ​ကျော်​ပုဂ္ဂိုလ်​ကြီး​တွေရဲ့ တီထွင်​ဆန်းသစ်ခြင်း ​အောင်​မြင်​မှု​တွေက​တော့ ​ကျော်​ကြားခြင်း ကြီးကြီးမားမား ရရှိသွားကြခြင်းပဲ ဖြစ်​ပါတယ်​။
အောင်​မြင်​မှုတိုင်းက လူသိချင်​မှ သိပါလိမ့်​မယ်​။ဒါ​ပေမယ့်​ ​ကျော်​ကြားမှုတိုင်းက​တော့ လူသိဖို့ လိုပါတယ်​။ လူ​တွေကြားမှာ အသိအမှတ်​ပြု​ခံရခြင်းကိုမှ ​ကျော်​ကြားခြင်းလို့ သတ်​မှတ်​ကြလို့ပဲ ဖြစ်​ပါတယ်​။

ဘာပဲဖြစ်​ဖြစ်​ ကျွန်​မတို့ကိုယ်​တိုင်​ ​ကျော်​ကြားမှုကို လိုချင်​ရင်​ ​ကိုယ့်​အလုပ်​တိုင်းရဲ့​အောင်​မြင်​မှု​တွေကို အ​လေးထားသင့်​တယ်​လို့ ထင်​မြင်​ယူဆမိပါ​ကြောင်း.....

( လွတ်​လပ်​စွာသ​ဘောထား ကွဲလွှဲနိုင်​ကြပါသည်​)

I'm ATM.
image
@ayethatmon
MSU 021
Photo credit

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by ayethatmon from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Try try .....

အင်းဂလိတ်​စာ မတတ်​ဘူးဟ😁

တစ်သဘော ထဲပါ ပဲခင်ဗျ
အခက်ခဲဆုံး အပိုင်းဖြစ်တဲ့ လက်တွေ့ ကျင့်သုံးဖို့ ကြိုးစားနေပါတယ်

ဟုတ်​ကဲ့ပါ ​ကျေးဇူးပါပဲ

အောင်​မြင်​ပြီး ​ကျော်​ကြားနိုင်​ပါ​စေဂျ😊

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.029
BTC 67055.43
ETH 2467.97
USDT 1.00
SBD 2.51