နမူနာ ပြိုင်ပွဲဝင် စာမူ post (@aggamun)

in #thinkitopposite6 years ago

image

အော် အဖွားရယ် ကျွန်တော်ကလေ ဒီရွှေခွက်ကို ပစ်ချချင်လို့ ပစ်ချခဲ့တာ မဟုတ်ပါဘူး။ လိုချင် လွန်းအား ကြီးသွားလို့ ပစ်ချသလို ဖြစ်သွားတာပါ။ ဒီခွက်နဲ့ ထိုက်တန်တဲ့ အဖိုးအခ ကို ကျွန်တော် မြန်မြန် ရအောင် ရှာရမှာ ဖြစ်တဲ့ အတွက် အလျင်စလို လုပ်မိသလို ဖြစ်သွားတာပါဗျာ။ ပြီးတော့ ခွက်စုတ်လို့ ပြောတာကလည်း သူများတကာ ကို မရောင်းမိအောင် လို့ ကြိုတင် ကာကွယ်တဲ့ သဘောနဲ့ လေ အဖိုးမတန်ပါဘူး လို့ ပြောခဲ့ရတာပါ။

တကယ်လို့ ကျွန်တော် မပြောခဲ့ရင် နောက်လာမဲ့ ဈေးသည်ကို ထပ်ရောင်းဖို့ ကြိုးစားနေမှာ စိုးလို့ ပါ အဖွားရယ်။ အခု ဒီမှာ ဒီရွှေခွက်နဲ့ ထိုက်တန်တဲ့ ငွေစ တွေရလာပါပြီ။ ကျွန်တော် ဝယ်တော့မယ်လေ။ ဒါပေမဲ့ ခွက်က မရှိတော့ ဘူးမလား။ ဒီမှာ အဖွား ကျွန်တော် ပြောပြမယ်။ အဖွားတို့ကို ဒီကောင် ဘယ်လို ညှက်ချ သွားတယ် ဆိုတာ ကျွန်တော် တွက်ပြပါ့မယ်။ ဒီကောင့် အကြောင်း ကျွန်တော့ လောက် အဖွားတို့ မသိပါဘူး။ ဒီကောင်က လူရည် အရမ်း လည်ပါ့။

ကဲ ပြော အဖွား ဟို ကောင့်ကို ရောင်းလိုက်တာက အသပြာ ဘယ်လောက်လည်း ? ဟုတ်ပြီ တစ်ထောင်ပဲထား။ တကယ့် ရွှေခွက် တန်ဖိုးက အသပြာ တစ်သိန်းဗျ။ ကြည့်စမ်း အဖွားတို့ကို ဟိုကောင်က တစ်ရာပုံ ပုံ တစ်ပုံ တည်းနဲ့ ရွှေခွက် ကို အဖွားတို့ ဆီက ရသွားတာပဲ။ ဒီကောင်က လူလည် တွေ့လား။ ဒါပေမဲ့ နှုတ်ချိုတော့ အဖွားတို့က အဟုတ်ချည်း ထင်နေတာ။ ဒါတောင် ဒီကောင် လမ်းစရိတ်ဆိုပြီး ယူသွားတာ မပါသေးဘူး။ ချိန်ခွင်ရယ် အလေးရယ် လွယ်အိတ်ရယ် ကိုလည်း ရသလောက် ပြန်ယူသွားသေးတယ်။ အောင်မလေး အဖွားရယ် တွေးကြည့်ပါဦး ဘာများ ကျန်တော့လို့လည်း။

ကျွန်တော် ပြန်လာတာကို သာ စောင့်လိုက်ရင် အဖွားတို့ ဒီထက် မကလည်း ရမယ်။ ဟော ဟို ကလေးမလေး ဆိုရင်လည်း ကစားစရာ ရွဲ ကို လိုသလောက် ရမယ်။ ဒါအပြင် တကယ့် ရွှေ အစစ် လိုချင်တယ် ဆိုလည်း အကြိုက် ဝယ်ပေတော့။ နေ စရိတ် စား စရိတ် ဘာပူစရာ လိုတော့ မလဲ။ အိမ် အသစ်ဝယ်မယ် ဆိုလည်း ဝယ်လို့ရပြီ မဟုတ်လား။ ကျွန်တော် ပြန်လာတာကိုပဲ စောင့်လိုက်ပါတော့လား အဖွားရယ်။ ဒီကောင် ကလည်း ဒီကောင်ပဲဗျ။ ရွှေခွက်မှန်း သိတာနဲ့ ချူတော့တာပဲ။ ရွှေခွက်သာ မ ဟုတ်ကြည့်ပါလား။ ကျွန်တော့ ထက်တောင် သူက ပိုသောင်းကျန်း သွားမှာ မြင်ယောင်သေး။

ခုတော့ အဖွားတို့က ဟိုကောင် တော်ကီ ပစ် သမျှ လှိမ့်ယုံ။ စိတ်ကောင်း ရှိလိုက်တာ စိတ်ကောင်း ရှိလိုက်တာ ဆိုပြီး နေ။ ဟိုကောင်က ငွေလေး မစို့ မပို့ ပေး။ ခုလောက်ဆို ကွယ်ရာမှာ အဖွားတို့ကို ဘယ်လောက်များ ဟား နေလိုက်မလဲ။ အလကား အထည်ကြီး ပျက် သူဋ္ဌေး ငတုံး မြေး အဖွားတွေ ဆိုပြီးတော့လေ။ ကဲ ကဲ ဟိုကောင်ကို မီလို မီငြား လှေဆိပ် လိုက်သွား ကြည့်လိုက်ဦးမယ်။ ကျွန်တော့ ပစ္စည်းလေးတွေ ခဏ ကြည့်ထားပေး ဟုတ်ပြီလား။ အော် နေဦး ဒီကောင် အကြောင်း ကျွန်တော်သိတယ်။ သူက စကားပြောရင် ခြေပါလက်ပါ နဲ့။ ဒီ ချိန်ခွင် ရိုးလေးတော့ လိုရ မည်ရ ယူသွားဦးမှ။

ကဲ သွားလိုက်လိုက်မယ်ဗျ။

ဟုတ်ဒါကတော့ ကျွန်တော့ ပြိုင်ပွဲ အတွက် နမူနာ စာမူ ပေါ့ဗျာ။ မေ့သွားမှာ စိုးလို့ ပြန်နွေးလို့ ရအောင် ဇာတ်ကြောင်း ကို ပုံတင်ပေးလိုက်ပါတယ်။

image

image


Give my love to you all ,Steemians. 😍 😍 😍
written by : @aggamun
MSU NO - 022
IMG_20150727_002933.jpg


#myanmar
#msu

Sort:  

နမူနာပြိုင်ပွဲဝင်စာမူပုံစံဆိုတော့ ပြိုင်ပွဲအကြောင်းလေးရှင်းပြပေးပါလားbro

Posted using Partiko Android

မနက်ဖြန် ဒီအချိန် ဒီနေရာ

Posted using Partiko Android

Coin Marketplace

STEEM 0.25
TRX 0.26
JST 0.040
BTC 96535.56
ETH 3443.45
USDT 1.00
SBD 1.55