အစည်းအဝေး

in #myanmar7 years ago

အစည်းအဝေးမှာ စကားပြောတဲ့အခါ
အားလုံးကို မင်္ဂလာပါ ကျွန်တော်အခုရေးမဲ့ အကြောင်း
အရာလေးကတော့ အစည်းအဝေးမှာ စကားပြောတဲ့အခါ
ဆိုတဲ့ အကြောင်းအရာလေးပါ ကျွန်တော်အဖိုးရဲ့
ပညာပေး လိုက်နာကျင့်သုံးရမယ်လို့ ပြောထားတယ့်
ဆုံးမစကားတွေကို ကျွန်တော်မှတ်မိသလောက်
စာဖွဲ့ ပြီး ရေးသားပြမှာပါ အမှားပါခဲ့ ရင်လဲခွင့်လွတ်
ပေးကြပါလို ကျွန်တော်ပြောပရစေ ခဗျာ။
@@@@@@@

  1. ပြောစရာဆိုစရာရှိ့ပါက စောစောပိုင်းကပင် စတင်ပြောဆိုပါ
    သို့ မှသာ မိမိရဲ့ ကြိုတင်ပြင်ဆင်ထားမှုနဲ့ မိမိရဲ့
    ပါဝင်ဆင်နွဲမှုတို့ ကိုအများက သိထားမှာဖြစ်ပါတယ်

2 .ပြောစရာဆိုစရာ အခါသင့်၍ အခွင့်သာတိုင်း
အချက်ပိုင်ပိုင် ဝင်ရောက်ဆွေးနွေးပါ။

  1. အစည်းအဝေးအတွက် အကျိုးရှိစေမယ့်အချက်အလက်
    များကို အခါအားလျော်စွာ ပွင့်လင်းရင်းနှီးစွာဖြင့် တင်ပြပါ။
    မေးခွန်းများပါတဲ့ အချက်အလက်များကိုလည်း
    အခါအားလျော်စွာ ပွင့်လင်းရင်းနှီးစွာဖြင့် တင်ပြပါ။

  2. မိအိပါဝင်ဆင်နွဲမှုကို မေးခွန်းများမေး၍ တစ်မျိုး
    အကိုးအကားအထောက်အထားများ တင်ပြ၍ တစ်ဖန်
    အကြံဥာဏ်များပေး၍ တစ်နည်း နှီးနှောဝေဖန်မှုများ
    ပြု၍တစ်ကွက် အချက်အလက်များပြ၍ နည်းအဖုံဖုံဖြင့်
    အစုံစုံ တင်ပြပါ။

  3. စကားပြောရာ၌ အချိန်ရှည်လျားစွာယူ၍ မပြောသင်ပါ။
    လိုရင်းကို တိုရှင်းစွာဖြင့် ပြောသင့်ပါသည်။မကြာခဏထ၍
    အချိမ်အနည်းငယ်စီသာ ယူ၍ပြောသင့်ပါသည်။

  4. တစ်စုံတစ်ဦးရဲ့ မေးမြန်းချက်ကို ရှင်းလင်းဖြေဆိုပြီးပါက
    အစည်းအဝေး၏ အချိမ်မကုန်စေရန်အတွက် ရှေ့အစီအစဉ်
    တစ်ခုသို့ ကူးပြောင်းနိုင်ရန် စီစဉ်ပါ။

  5. ပြဿနာဖြေရှင်းရေးအတွက် ဆွေးနွေးသော
    အစည်းအဝေးမျိုးတွင် ပြဿနာကို တင်ပြနေသည့်
    ပထမပိုင်းဖြေရှင်းရေးကိစ္စများအတွက် ငြင်းခုန်ဆွေးနွေး
    မှုများမပြုပါနှင့် ပြဿနာကို ရှင်းလင်းအောင် တင်ပြစေပြီးမှာသာ မိမိအမြင်ကို ပွင့်လင်းစွာ တင်ပြပါ။

  6. ဝိဝါဒကွဲပြားဖွယ်ရာ ငြင်းခုံဖွယ်ရာကိစ္စများကို
    ဆွေးနွေးကြသောအခါ ခေါင်းအေးအေးထား၍ ယဉ်ကျေးစွာနှင့်
    လိမ္မာပါးနပ်စွာဖြင့် တင်ပြဆွေးနွေးပါ။ဒေါသတကြီး
    ပြောကြားနည်းများကို မည်သည့်အခါမှ မပြုလုပ်ပါနှင့်။

9.မိမိ၏ တင်ပြချက်မှာ သဘာဝကျပါစေ အတွေးအခေါ်
မှန်ကန်ပါစေ အထောက်အထား သာဓကများပြည့်စုံပါစေ။

  1. အများနားလည်လွယ်သော စကားလုံးအသုံးမနူန်းများ
    ကိုသာ သုံးပါ အများနားမလည်ဟု ယူဆသောအချက်များကို
    သေချာစွာ ရှင်းပြပါ စကားပြောရာ၌ ရှင်းလင်းပီသပြတ်သာပါစေ။

  2. မိမိ၏ ပြောကြားချက်ကို အများက နားလည်မလည်
    အမြဲတစေ အကဲခတ်နေပါ လေ့လာနေပါ အများနားလည်မှသာ မိမိတင်ပြချက်သည် ထိရောက်မည်ဖြစ်သည်။

  3. မိမိ၏ တင်ပြချက်ကိုအများက နားလည်သဘောပေါက်
    ပြီးပါက ပရိသတ်ကမိမိအားထောက်ခံရန် ဆွဲဆောင်ပြောကြားမှုမျိုးကို လိမ္မာပါးနပ်စွာဖြင့် ပြောကြားပါ။

  4. အများကမိမိ၏ပြောပြချက်ကို စိတ်ပါဝင်စားလာအောင်
    ဆွဲဆောင်နိုင် နည်းများအနက်တစ်ခုမှာ "ကျွန်တော်"ဟူသော
    စကားလုံးထက် "ကျွန်တော်တို့ " ဟူသောစကားလုံးကို
    အသုံးပြု၍ လူကြီးမင်းတို့ မိတ်ဆွေများတို့ ဟူသော
    စကားလုံးများကို အသုံးပြုရမည်ဖြစ်ကြောင်း သတိပြုရမည်။
    အစည်းအဝေးတစ်ခုလုံး တက်ရောက်သူအားလုံးအား
    ကိုယ်စားပြုသော အသုံးအနှုန်းများကိုသာ အသုံးပြုရန်
    သတိပြုကြရမည်။

  5. မိမိ၏တင်ပြရန် အချက်များရှိပါက လက်ရှိစကားပြောနေသူ ပြောကြားပြီးလျှင် ပြီးချင်း
    ချက်ချင်းထ၍ပြောပါ မိမိက အထနှေးနေပါက အခြားသူ
    တစ်ဦးက သူ၏ယူဆချက်ကို ဝင်ရောက်၍ ပြောကြားသွားပါလျှင် မိမိအဖို့ နစ်နာနိုင်ပါသည် သို့ သော်
    တစ်စုံတစ်ဦး စကားပြောနေခြင်းကို ကြားဖြတ်ဝင်ရောက်ပြောကြားခြင်း အနှောက်အယှက်ပေးခြင်းမျိုးကိုမူ လုံးဝ မပြုလုပ်ရပါ။
    ကဲ ကျွန်တော်လဲ ဒီလောက်ဘဲ မှတ်မိသလောက်ရေးသား
    ပြခဲ့ပါတယ်ဗျာ တစ်ချို တစ်ဝက်ကိုတော့ ကျွန်တော်လဲ
    မမှတ်မိတော့ဘူးလေ။ image
    အားလုံးကို ကျေးဇူးတင်ပါတယ် zawzawhtwe
    @zzawzawhtwe
    MSC_161

Sort:  

Sneaky Ninja Attack! You have been defended with a 1.12% vote... I was summoned by @zzawzawhtwe! I have done their bidding and now I will vanish...Whoosh

This post has received a 4.16% upvote from @lovejuice thanks to @zzawzawhtwe. They love you, so does Aggroed. Please be sure to vote for Witnesses at https://steemit.com/~witnesses.

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.027
BTC 60654.57
ETH 2343.25
USDT 1.00
SBD 2.48