လောက ၏ စေရာ သို့ မဟုတ် ငွေ၏ စေရာ

in #myanmar8 years ago

MyLogoArt20180414084321.png

"ဆင်းရဲတဲ့ကမ္ဘာလေးထဲကနေ ချမ်းသာတဲ့ ကမ္ဘာဆီကိုရောက်ဖို့  ကျွန်တော် ခရီးထွက်လာခဲ့ပြီး လောကကြီး"

ဟုဆိုပြီး တိုးတိုးတိတ်တိတ် ရေရွတ်လိုက်တဲ့သူက မိုးတိမ်
မိုးတိမ်ဆိုတာက အလွန်ကို ချမ်းသာချင်တဲ့ ကောင်လေး
ဒီကောင်လေးက ပညာရေးပိုင်းကလဲ မဖြစ်စလောက် အလုပ်ပိုင်းကြလဲ အလုပ်ကြမ်းလောက်သာ လုပ်တတ် ကိုင်တတ်၏ သို့ သော်
ချမ်းသာကြီးပွားချင်စိတ်က အမြဲစိုးမိုးနေလေသည် ဒါကြောင့် သူနေတဲ့ အိမ်လေးကနေ ကြီးပွားတိုးတတ်ဖို့ အတွက် ခရီးထွက်ခဲ့ခြင်းပင် သူ့စိတ်ထဲမှာတော့ ချမ်းသာခြင်းကို တစ်နေ့ မဟုတ် တစ်နေ့ တွေ့ရှိရမည်ပေါ့

ထို့ နောက်

သူစတင်ရောက်ရှိခဲ့သည် မြို့ကလေးမှာ
ရွှေစာဆိုသော မြို့ကလေးပင် ရွှေစာမြို့ကလေးကိုရောက်ရှိခဲ့ပြီးနောက်
အရင်ဆုံး အရင်းနှီးရဖို့ အတွက်အလုပ် ရှာပြီး ငွေစုရအုံးမည်ဟု တွေးလိုက်မိသည်
ချမ်းသာချင်တဲ့ လူငယ်ပီပီ အရင်းနှီးနည်းနည်းနှင့်အမြတ်များများရမယ့် အခြေခံ စီးပွားရေး လုပ်ငန်းလေးများအား လိုက်လံစူးစမ်း ကြည့်ရှုရမည်ဟု တခါထဲ တွေးထားလေသည်

Screenshot_20180418_104204.png
photo.screenshot.fb.from

ပထမ ဦးစွာ ဒေါ်လှလှ ဆိုသည် မုန့်ဟင်းခါး ဆိုင်လေးအား တွေ့မိလေသည်…

ထို့ မုန့် ဟင်းခါး ဆိုင်လေးသည် လူအတင့်သင့်နှင့် ရောင်းရပုံမြင်လေသည် ဒါကြောင့် မုန့် ဟင်းခါး စမ်းစားရင်နဲ့ အလုပ်လေးဘာလေး ရလို့ရများဆိုပြီး မေးကြည့်ရန် ဆိုင်ထဲ သို့ ဝင်ရောက်လိုက်သည်…

"ဟိုး အဒေါ် မုန့် ဟင်းခါး တစ်ပွဲလောက်ပါဗျ"

"ရမယ် ခဏလေးနော် ကောင်လေး"

"နံနံပင်တို့ မုံလာပွင့် တို့ ထည့်မှာလား"

"ဟုတ် ထည့်မှာဗျ ချဉ်ငံစပ် လေးသာ လုပ်ပေးပါ'

"ရမယ် ရမယ်"

ခဏအကြာတွင်…

"ရပြီးကောင်လေး"

Screenshot_20180418_103317.png
photo.screenshot.fb.from

ဆိုပြီး စားပွဲဝိုင်းလေးပေါ်သို့ လာချပေးလေးသည် မုန့်ဟင်းခါး ရနံလေးသည် မွေးပြန့်၍ နေလေသည် ငါးဟင်းဖတ် ကြေကြေလေးနှင့် ကြက်ဥ အနည်းငယ် ပါပြီး စားသောက်ချင်စဖွယ်ကောင်းလှသည်…

ဗိုက်ကလည်း စားဆိုတော့ စားစားနှင့် နှစ်ပွဲလောက်စားလိုက်သည်

"အဒေါ်"

!ွှပိုက်ဆံ ရှင်းတော့မှာလား လူလေး"

"ဟုတ်အဒေါ် "

ဆိုပြီး တစ်ထောင်တန်လေး ထုတ်ပေးရင်းနဲ့

"အဒေါ်
အဒေါ်တို့ ဆိုင်က အလုပ်သမား မလိုဘူးလားဗျ"

"လိုတော့ လိုတာပေါ့ ငါတူရယ် ဒါပေမယ့် အလုပ်သမားခကြ
အများကြီး မပေးနိင်လို့  နောက်ပြီး အဒေါ်ယောက်ကျား ဆုံးပါးသွားတာ သိပ်မကြာသေးဘူးလေ သူမရှိတော့ အဒေါ်တစ်ယောက်ထဲ ဆိုင်လေးကို ဖွင့်တလဲ မဖွင့်တလဲ နဲ့ကြောင့် မခေါ်ဖြစ်တော့တာ
သားသမီးတွေကလည်း အိမ်ထောင်ကိုယ်ဆီနဲ့ အဒေါ် အလုပ်ကို စိတ်မဝင်းစားကြဘူးကွဲ့ သူ့တို့ဘာသာ သူတို့ ရွာပြန်ပြီး လယ်လုပ်ပဲ သွားလုပ်နေကြတယ်"

'အတော်ကို မိုက်မဲတဲ့ လူတွေပဲ ဟု အဒေါ်ကြီးရဲ့ သားသမီးများအား
စိတ်ထဲကနေပြီး မိုးတိမ်တစ်ယောက် ဝေဖန့် မိလိုက်လေသည်'

"လူလိုရင် ကျွန်တော် ကို ခန့် ပေးပါလား အဒေါ်
အလုပ်သမားခ လည်း အဒေါ် အဆင်ပြေသလို ပေးပါ
ကျွန်တော် ဒီမြို့လေးကို ရောက်လာတာ အလုပ်ရှာချင်လို့ ပါ အဒေါ်"

ဟုဆိုပြီး မျှော်လင့်ချက် မျက်လုံးများနှင့် အဒေါ်ကြီးအား ကြည့်လိုက်ပြီး
ရပါစေလို့ ဆုတောင်းမိလိုက်သည်…

အဒေါ်ကြီး တစ်ယောက် မိုးတိမ်အား အခဲခက်ကြည့်မိသည်မှာ
အသားရေးက ခပ်လတ်လတ် ရုပ်ရေးလေးက ဆံပင်ဘုတ်တိုက်တွေကြားမှာ ရိုးသားသောမျက်နှာလေးနှင့် လူချောလေး တစ်ယောက်ပင် အဝတ်စားကလည်း သန့်ရှင်းသတ်ရပ်စွာ
ဆင်ယင်ထားတာကိုလဲ တွေ့ရပြီးနောက်.…

"ရတော့ရတယ် လူလေး ဒါပေမယ့် မင်းအတွက် အလုပ်ကြေးရယ်လို့  မသတ်မှတ်ပဲ ဝိုင်းလုပ် ဝိုင်းစား အမြတ်ပိုသလောက်ကို အဒေါ် တတ်နိင်သလောက် ခွဲပေးပါမယ်"

"ဟုတ်အဒေါ် ကျေးဇူး အများကြီးတင်ပါတယ်ဗျ"

"ရပါတယ်ကွယ် ဒါနဲ့ လူလေးက တခြားနယ်ကဆိုတော့ နေစရာ မရှိရင် အဒေါ်ရဲ့ ဆိုင်ခန်းလေးမှာ အိပ်လို့ ရတယ် ဆိုင်လည်း အစောင့်ရတာပေါ့ကွယ်"

"ဟုတ်အဒေါ် ထက်ပြီးတော့ကို ကျေးဇူးတင်ပါတယ်ဗျ
အလုပ်လည်းကြိုးစားပြီး မခိုမကပ် ပဲ လုပ်ပါမယ်"

"ကဲကဲ ဆိုင်တဲလေးမှာ အိပ်စရာ နေရာရှိတယ် သွားနားရင် နား လူလေး အဒေါ်လည်း ခဏနေ သိမ်းတော့မှာ"

"ရပါတယ် အဒေါ် အခုအဒေါ်သိမ်းတဲ့ အထိ ကျွန်တော် ကူပါ့မယ်"

"ကဲဒါဆိုလည်း အဒေါ် ပစ္စည်း လေးတွေ စုလိုက်မယ် ငါတူက ပန်းကန်လေးတွေ ဆေးပေးပေါ့ "

"ဟုတ်အဒေါ်"

ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ အလုပ်လဲရ နေစရာလဲရ
သူလိုချင်တဲ့ ပညာရပ် အခြေခံများလည်း ရအုံးမည် မဟုတ်ပါလား

ထို့ နောက်
မုန့်ဟင်းခါး ဆိုင်ရှင် အဒေါ်ကြီးထံတွင်
လေးငါးလ လောက် လုပ်ကိုင်ရင် သုံးသင့်သလောက်လေးသာ ချင့်ချိန်သုံး၍ ငွေ လေးသိန်းလောက် လက်ထဲ စုမိလာလေသည် နောက်ပြီး အဒေါ်ကြီးဆီမှာ မုန့် ဟင်းခါး ချက်နည်းများလည်း သင်ကြား တတ်မြောက်ခဲ့သည်
မုန့်ဟင်းခါး ရောင်းသည်မှာ အများအားဖြင့် ယောက်ကျားလေးများထက် မိန်းကလေးများကသာ ပိုရောင်းကြောင်း သိပေမယ့်
ကိုယ်သိထား တတ်ထားတဲ့ ပညာရယ် ချမ်းသာကြီးပွားချင်တဲ့ စိတ်ရယ်ပေါင်းပြီး ကိုယ်တိုင် ကိုယ့်ကျ ကိုယ်ပိုင်လုပ်ရန် အဒေါ်ကြီးဆီမှာ ခွင့်တောင်းခဲ့လေးသည်
အဒေါ်ကြီးမှာ ဒီလေးငါးလ အတွင်း မိုးတိမ်အား သားအရင်းပမာ ချစ်ခင်တာကြောင့် အစစ အရာရာ လုပ်နည်းကိုင်နည်းများအား အိတ်သွန်းဖားမောက် အကုန်ပြောပြပေးလေးသည်

မိုးတိမ်ဆိုသော သူ့နာမည်လေးနှင့် ဆိုင်ခွဲလေးအား ဖွင့်ပြီးခဲ့နောက်
ရောင်းအားကောင်းခဲ့လေးသည် တစ်မနက်ခင်းကို ငွေတစ်သောင်းကနေ တစ်သောင်းခွဲကြားတွင် အမြန်ရရှိလေပြီး

သို့သော် ဘယ်လောက်ပင် ရောင်းကောင်းကောင်း ရာသီဦးတု မကောင်းသောနေ့တွင် အရင်းပြုတ်တာကြောင့်
ပြုတ်တလဲ မြတ်တလဲနှင့် ငွေကြေးမှာ ထင်သလောက်မပိုကြောင်း တွေးမိလေးသည် ထိုကြောင့် ချမ်းသာဖို့  နည်းလမ်းမှာ
ဒီတစ်ခုထဲနှင့် လုပ်လျှင် ချမ်းသားဖို့ နည်းလမ်းမရှိဟု ဆိုပြီး
မုန့်ဟင်းခါး ဆိုင်လေးအား ပြန်ရောင်းပြီးလျှင် တခြားမြို့သို့
အတွေ့ကြုံဗဟုသုတနှင့်ငွေပါ ရှာနိင်ရန် ဆက်လက်ပြီး ခရီးထွက်ခဲ့လေတော့သည်…

@zinmyothu

Sort:  

Congratulations @zinmyothu! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.

To support your work, I also upvoted your post!
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

thanks

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.102
BTC 63986.79
ETH 1856.21
USDT 1.00
SBD 0.39