Golden Myanmar
မြန်မာဟုခေါ်ဆိုရသည့်အကြောင်ရင်းခံတွင် "မြန်"ဟူသည်လုပ်ဆောင်ဖွယ်ရာတို့ကိုဆောင်ရွက်ရာတွင်လျင်မြန်ဖျက်လက်ခြင်းကိုဆိုလိုပြီး၊"မာ"ဟူသည်ကားခိုင်ခံ့မာကျောသော လက်ရုံး၊နှလုံး စွမ်းရည်တို့နှင့် ဇွဲလုံ့လအရင်းတည်ကာမဆုတ်မနစ်လုပ်ကိုင်ဆောင်ရွက်တတ်ခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုရမည်သာဖြစ်ပါသည်။မြန်မာဆိုသောအမည်သည် လူမျိုးစုတစ်စုတည်းကိုသာကိုယ်စားပြုချင်းမဟုတ်ဘဲ ကချင်၊ကယား၊ကရင်၊ချင်း၊မွန်၊ဗမာ၊ရခိုင်၊ရှမ်းအစရှိစည့်တိုင်းရင်းသားလူမျိုး၁၃၅မျိုးကိုကိုယ်စားပြုပေသည်။ထို့ကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဟုခေါ်တွင်လေသည်။
မြန်မာတို့သည် ကိုယ့်ထီး၊ကိုယ့်နန်း၊ကိုယ့်ကြငှန်းနှင့် ဂုဏ်ရှိန်ဝင့်ထည်စွာဖြင့်ရပ်တည်နေထိုင်လာခဲ့သောလူမျိုးဖြစ်ပါသည်။မြန်မာလူမျိုးတို့သည် ရိုးသားပွင့်လင်းကြသည်။မဟုတ်မခံစိတ်ရှိပြီးဇွဲကောင်းသာများဖြစ်ကြသည်။အသက်အရွယ်ကြီးသူကိုရိုသေလေးစားကြသည်။အားနာတတ်၍ကျေးဇူးသိတတ်သူများဖြစ်ကြသည်။ဘာသာတရား၏အဆုံးအမအောက်တွင်အေးချမ်းစွာနေထိုင်ပြီးစိတ်ရင်းစေတနာကောင်းသူများဖြစ်ကြသည်။ကျနုပ်တို့၏အဘိုးအဘွားများအဆက်ဆက်လက်ထပ်ကပင်ကိုယ့်မြေ၊ကိုယ့်ရေပေါ်တွင်အေးချမ်းစွာလုပ်ကိုင်နေထိုင်စားသောက်ကျသူများဖြစ်သည်။
မြန်မာမျိုးနွယ်စုများသည် တချို့ကတောင်ပေါ်ဒေသတွင်းအမဲလိုက်ကြသည်။တချို့ကတောင်ယာစိုက်ကြသည်။မြစ်ချောင်းအင်းအိုင်များတွင်တံငါလုပ်ကာအသက်မွေးကြသည်များလဲရှိသည်။
တချို့က အရပ်တကာလှည့်လည်၍ကုန်သွယ်မှုလုပ်ငန်းလုပ်ကြသည်။ဘာသာစကားပြောဆိုမှုများအနည်းငယ်စီကွာဟကျသော်လည်းတစ်မြေတည်းနေတစ်ကေတည်းသောက်သည့် သွေးချင်းရင်းချာညီအစ်ကိုများဖြစ်ကျသည်။ယဉ်ကျေးမှုအစဉ်အလာ ကြီးမားသောမြန်မာလူမျိုးတို့သည် ကိုယ်ပိုင်စာပေယဉ်ကျေးမှုထွန်းကားမြင့်မားကြပါသည်။မြန်မာစာပေသမိုင်းကို လေ့လာရာတွင် "ပု၊ပင်း၊အင်း၊တောင်၊ညောင်ရမ်း၊ကုန်းဘောင်နှစ်ခေတ်ခွဲ" ဟူသောလင်္ကာဖြင့်ခွဲခြားဖော်ပြသည်ကိုတွေ့ရပါသည်။
ပုဂံခေတ်စာပေများသည်မြန်မာစာပေအရေးအသား စတင်ထွန်းကားရာမြန်မာစာပေခေတ်ဦးစာပေများဖြစ်သည်။ပင်းယခေတ် မြန်မာစာပေအရေးအသားမှာပုဂံခေတ်ထဲကတိုးတက်လာခဲ့သည်းအင်းဝခေတ်တွင်ရဟန်း၊စာပေ၊ပညာရှင်၊လူပုဂ္ဂိုလ်စာပေပညာရှင်များပေါ်ထွန်းလာခဲ့ပါသည်။တောင်ငူခေတ်သည်ကား ရတု နှင့် ဧချင်းမှတ်တိုင်ထူသောခေတ်အဖြစ် ပညာရှင်များကထောက်ပြကျပါသည်။ညောင်ရမ်းခေတ်သည် စကားပြေ အရေးအသားများပိုမိုတိုးတက်ထွန်းကားလာသာခေတ်ဖြစ်ပါသည်။ကုန်းဘောင်ခေတ်ပထမပိုင်းတွင် ထင်ရှားသောစာပေပညာရှင် စိန္တကျော်သူဦးသြ၏ ကဝိလက္ခဏာသတ်ပုံကျမ်းသည်ကုန်းကေးဘာင်ခေတ်၏ မီးရှူးတန်ဆောင်သဖွယ် ဖြစ်ပါသည်။
ကုန်းဘောင်ခေတ်ဒုတိယပိုင်းတွင်းကား မြန်မာစာပေရေးသားမှုပုံစံမျိုးစုံ ထွန်းကားလာခဲ့ပါသည်။
သီပေါမင်းပါတော်မူပြီး မျိုးခြားခေတ်တွင် မြန်မာစာပေကိုအားပေးချီးမြောက်ခြင်းမခံခဲ့ရပေမယ့်မြန်မာမျိုးချစ်စာပေပညာရှင်များ၏ ကိုယ့်အားကိုယ်ကိုးကြိုးစားအားထုတ်မှုကြောင့် ကာလပေါ်ခေတ်ဆန်းစာပေများတဖြေးဖြေးတိုးတက်လာခဲ့ပါသည်။
တိုင်ရင်းသားလူမျိုးပေါင်းတစ်ရာကျော်ကိုကိုယ်စားပြုသောမြန်မာတို့သည် သမိုင်းမတင်မီ ရှေးနှစ်ပေါင်းများစွာထဲက ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ်ပိုင်အုပ်မှုများ များနှင့်ယဉ်ကျေးမှုအမွေအနှစ်ထွန်းကားသောလူမျိုးဖြစ်သည်။မြန်မာလူမျိုးတို့သည် နေထိုင်ကာနေရာဒေသကွဲပြား၍ စကားအပြောအဆို ၊ဓလေ့ထုံးစံများအနည်းငယ်ကွဲပြားကျသော်လည်း မျက်လုံးအရောင်၊ဆံပင်အရောင်၊အသားအရောင်၊စိတ်ရင်းစိတ်နေများမှာ ကွဲပြားမှုမရှိဘဲ တစ်သွေးတစ်သားဖြစ်နေခြင်းမှာ ပင်မလူမျိုးစုမှပေါက်ဖွားလာသော ညီအစ်ကိုမောင်နှမများ ဖြစ်ကြေညင်းသက်သေပြလျက်ရှိသည်။
သို့ဖြစ်ပါ၍ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံးသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ မြေထု၊ရေထု၊လေထုပိုင်နက်များကို ကာကွယ်စောင့်ရှောက်ရာတွင်မြန်မာတည်းဟူသော တသွေးတသားတည်းစိတ်ကို ထားရှိမွေးမြူသွားကြရန်လိုအပ်ကြောင်း တင်ပြလိုက်ရပါသည်။photo credit googleMyanmar-Photo-Tour1.jpg
HFS-5
Good
Thank
Good
Vote bro
ဓာတ်ပုံထည့်ပါ
Good idea.